ဖုန်းမသုံးဘဲ တစ်လကြာ နေနိုင်သူကို ဒေါ်လာ ၁၀၀၀၀ ဆုချီးမြှင့်မယ်

ဖုန်းမသုံးဘဲ တစ်လကြာ နေနိုင်သူကို ဒေါ်လာ ၁၀၀၀၀ ဆုချီးမြှင့်မယ်


ဖုန်းမသုံးဘဲ တစ်လကြာအောင် နေနိုင်သူကို အမေရိကန်ဒေါ်လာ ၁၀၀၀၀ ဆုချီးမြှင့်မယ်လို့ ဒိန်ချဉ်ကုမ္ပဏီတစ်ခုက ဖိတ်ခေါ်ထားပါတယ်။ အိုက်စလန်စတိုင် ဒိန်ချဉ် ထုတ်လုပ်ရောင်းချတဲ့ Siggi's Dairy ကုမ္ပဏီက စိတ်ပျံ့လွင့်မှု လျှော့ချဖို့ ရည်ရွယ်ပြီး Digital Detox Program ကို အကောင်အထည် ဖော်ခဲ့တာပါ။ 

ဒီအစီအစဉ်မှာ ပါဝင်လိုသူတွေဟာ ဇန်နဝါရီလ ၃၁ ရက်နေ့အထိ စာရင်းပေးသွင်းနိုင်ပြီး လူ ၁၀ ဦးအထိ ရွေးချယ်သွားမှာပါ။ Digital Detox Program မှာ ပါဝင်လိုသူတွေဟာ Siggi's ကုမ္ပဏီက ပေးတဲ့ သေတ္တာတွေထဲမှာ သူတို့ရဲ့ဖုန်းတွေကို တစ်လကြာ သိမ်းဆည်းထားရမှာ ဖြစ်ပါတယ်။ 

'' စိတ်ပျံ့လွင့်စရာ နည်းပါးပြီး ရိုးရှင်းတဲ့ လူနေမှုဘဝရဲ့ စွမ်းအားအပေါ် ကျွန်တော်တို့ ယုံကြည်ပါတယ်။ ဒီနေ့ခေတ် လူနေမှုဘဝရဲ့ အကြီးမားဆုံး စိတ်ပျံ့လွင့်စရာ တစ်ခုကတော့ ဖုန်းပါပဲ။ ပျမ်းမျှအားဖြင့် လူတစ်ယောက်က တစ်နေ့မှာ ၅.၄ နာရီကြာအောင် ဖုန်းသုံးကြတယ်''လို့ Siggi's Dairy ကုမ္ပဏီ ဝက်ဘ်ဆိုက်မှာ ရေးသားထားပါတယ်။ 

ဒီအစီအစဉ်မှာ အနိုင်ရသူတွေဟာ အမေရိကန်ဒေါ်လာ ၁၀၀၀၀ အပြင်၊ ဖုန်းသိမ်းဆည်းနိုင်တဲ့ သေတ္တာ၊ ခေါက်ဖုန်းတစ်လုံး၊ တစ်လစာ ဘေလ်ဖြည့်ပေးထားတဲ့ ဖုန်းဆင်းမ်ကတ်တစ်ခုနဲ့ ၃ လစာ ဒိန်ချဉ်ဘူးတွေ ရရှိမှာ ဖြစ်ပါတယ်။ 

Ref:Yogurt company offers $10,000 for a one-month 'digital detox'
Team ( ရိုးရာလေး)