စိတ်အစဉ်ထဲက ရှိနေတဲ့ ကိုယ်ရည်ကိုယ်သွေး

စိတ်အစဉ်ထဲက ရှိနေတဲ့ ကိုယ်ရည်ကိုယ်သွေး




Pile 1
စိတ်အစဉ်ရဲ့ သဘောကိုက နူးညံ့တဲ့ သဘောရှိတဲ့ သူ တွေဖြစ်ပါတယ်။ စိတ်ခံစားချက် နုတယ်။ အရာရာကို နှလုံးသား နဲ့ ခံစားတတ်တယ်။ ပန်းချီမျက်စိ နဲ့ ကြည့်တတ်ပီး လောက ကို ပန်းချီကားလှလှ လေးလိုပဲ ပုံဖော်ကြည့်တတ်သူ တွေဖြစ်တာမို့လို့ အနုပညာ နဲ့ ပက်သက်တဲ့ အလုပ် တွေနဲ့ အထူးကို အကျိုးပေးမယ့် pile ပိုင်ရှင် တွေပါ။ လက်ရှိမှာ သာမန်ဘဝ နဲ့ သမားရိုးကျ အလုပ် တွေကို လုပ်ကိုင်ရင်း ဘဝကို ဖြတ်သန်း နေတယ်ဆိုပေမယ့် 

ကိုယ့်ရဲ့ စိတ်အစဉ် အနက်တစ်နေရာမှာ ရှိနေတဲ့ အနုပညာ စိတ်က တစ်ချက်ချက်မှာ ထ ပီး ပညာပြတတ်တာကို ခံရတဲ့ သူတွေဖြစ်တာမို့လို့ ချုပ်တီးထားတဲ့ စိတ်တွေကို လွှတ်ချပီး ကိုယ့်ရဲ့ talent ကို ထုတ်ဖော်ပြသဖို့ အချိန် တစ်ခု ရောက်ပီလို့လည်း ပြောလို့ရပါတယ်။အထူးသဖြင့် ပန်းချီ ၊ ဓာတ်ပုံပညာ စတဲ့ အလုပ် တွေနဲ့ ထူးချွန်ပီး အနာဂတ်မှာ ကိုယ့်ရဲ့ main career အဖြစ် နဲ့ တောင်ရပ်တည် နိုင်တဲ့ အနေအထား အထိ ပေါက် ရောက်နိုင်တာမို့လို့ ဖုံးကွယ် နေတဲ့ ကိုယ့်ရဲ့ talent ကို ဓား သွေး သလို သွေး ဖို့ အချိန် ရောက်လာပါပီ။


Pile 2
စကား အရာမှာ ထူးချွန် ပြီး လိပ်ကို ဂျပိုးဖြစ်အောင် ပြောတတ်လွန်းတဲ့ ပါးစပ်ပိုင်ရှင် တို့ ရွေးချယ်လိုက်တဲ့ Pile ဖြစ်ပါတယ်။ ဒီလို ပြောတတ်တဲ့ ညာဏ်ရည် ညာဏ်‌‌သွေး ဟာ ရီစရာမဟုတ်ပဲ သင့်ကိုဘုရားက ပေးတဲ့ Talent တစ်ခု ပါပဲ။ ကြီးတဲ့ ပြသနာ သေး အောင် ၊ သေးတဲ့ ပြသနာ ပျောက် သွား အောင် စကားကို လျှော့တင်း ပြောတတ်တဲ့ ပညာရပ် နဲ့ အတူ သင့်ရဲ့ main career တစ်ခု ဟာထင်ရှားလာပါလိမ့်မယ်။ အထူးသဖြင့် marketing, public speaking နဲ့ ပက်သက်တဲ့ အလုပ် တွေ၊ အများရှေ့ကို ထွက်ပီး ပြောရဆိုရ မယ့် အလုပ် တွေမှာ ပို၍ သာလွန် ထူးချွန်ပီး အဆင်ပြေမယ့် အနေအထားပါ။

မတင်းလွန်း၊ မလျော့လွန်း တဲ့ စကားလုံး တွေနဲ့ တစ်ဖက်လူရဲ့စိတ်ကို ကိုင်လှုပ်နိုင် အောင် ပြောတတ်ဆိုတတ် တဲ့ညာဏ်နဲ့ မျက်နှာ ပေး တို့ဟာ သင့်ရဲ့ ထင်သာမြင်သာတဲ့ Talent တစ်ခု အနေနဲ့ အချိန်နဲ့ အမျှ ပေါ်လွင်လာပါလိမ့်မယ်။ လက်ရှိမှာ မသိသာရင် တောင် မကြာသေး တော့မယ့် ကာလမှာ သင့်ရဲ့ talent နဲ့ ပက်သက်တဲ့ အလုပ်အကိုင် လမ်းကြောင်း တွေ စတင်ပေါ်ပေါက်လာမယ့် ကံတရားကို မြင်နေရတာမို့လို့ ကိုယ့်ရဲ့ ကွယ်ဝှက်နေတဲ့ talent ကို ရဲရဲကကြီး အသုံးချဖို့ ပြင်ဆင်ထားပါ။


Pile3
အများစုဟာ စိတ်ကူး စိတ်သန်း ကောင်းမွန် ပီး စာအုပ်စာ ပေတို့ကြားမှာ အချိန်ကုန်ရတာကို ကြိုက်နှစ်သက်တဲ့ သူ တွေ ဖြစ်ကြပါတယ်။ စာအုပ် ကိုင်လိုက်တာနဲ့ ပတ်ဝန်းကျင်ကို ပါ မေ့‌‌သွားလိုက်တဲ့ အထိ စီး မြောနိုင်တဲ့ အထိပါပဲ။ လောလာဆယ်အထိမှာ စာဖတ်တာကိုပဲ ဝါသနာ တစ်ခု အနေနဲ့ ထား နေပေမယ့် သင့်ရဲ့ စိတ်အစဉ်ရဲ့ အတွင်းနက်တစ် နေရာမှာ သင်ဟာ စာပေရေးသားသူ၊ စာပေတွေနဲ့ အလုပ်လုပ်လုပ်ချင် သူတစ် ယောက်ဖြစ်ချင်စိတ်ရှိနေပါတယ်။ Talent တစ်ခုအနေနဲ့ စာပေရေးသားခြင်း ဟာ သင့်ကို ဘယ်သူပါဆိုပီး ဖြစ်လာမယ့်အထိ ဖော်ဆောင် လာပေးပါလိမ့်မယ်။ 

သင်ကိုယ်တိုင်ပဲ မသိစိတ်ကို ခပ်ဖွဖွ လေး နှိုးဆွ လိုက်တာနဲ့ သင့်ရဲ့ talent ဟာ သင့်ကို မောင်းနှင်သွားပါလိမ့်မယ်။ အနာဂတ်မှာ အောင်မြင်သူ တစ်ယောက်အ နေနဲ့ပါ စာပေ တွေနဲ့ အကျိုးပေး စပ်ဆက် နေမှာဖြစ်ပါတယ်။ ကိုယ့်ရဲ့ ရှု့မြင်စိတ် တွေ၊ စိတ်ကူးစိတ်သန်း တွေကို အများမြင် အောင်ချပြ ချင်တဲ့ စိတ်အားထန် သန် မှု တွေနဲ့ အတူ သင့်ရဲ့ Talent တို့ကို အချိုးကျ ပေါင်းစပ် လိုက်တာနဲ့ ငါ့ရဲ့ dream job ဟာ ဒီဟာပါ လို့ သိလာပါလိမ့်မယ်။