မင်းရဲ့စာကြည့်စားပွဲ သို့မဟုတ် အလုပ်လုပ်နေကျစားပွဲ ကမင်းကိုပြောချင်နေတာလေးတွေရှိပါတယ်

မင်းရဲ့စာကြည့်စားပွဲ သို့မဟုတ် အလုပ်လုပ်နေကျစားပွဲ ကမင်းကိုပြောချင်နေတာလေးတွေရှိပါတယ်



Pile1.
မင်းကွာ ငါ့ဆီရောက်တိုင်းစိတ်ရှုပ်နေတာပဲတွေ့တယ် အလုပ်ကိုသေချာအာရုံစိုက်ပြီးလုပ်ပါကွာ ဟိုတွေးဒီတွေးတွေနဲ့စိတ်မပျံ့လွင့်နေပါနဲ့ ပြီးတော့ငါ့ကိုလဲသန့်သန့်ရှင်းရှင်းလေးထားပေးပါဦး ငါ့ကိုသန့်ရှင်းသပ်ရပ်အောင်မထားတော့မင်းလဲအလုပ်ထဲစိတ်မပါအာရုံနောက်ရတာပေါ့ကွာ ငါ့အပေါ်တင်ထားတဲ့ပစ္စည်းတွေကိုလဲသေချာစီစီရီရီထားပေးကွာ စားပွဲပေါ်မတင်သင့်တာတွေလဲမင်းကတင်တာပဲ ဘုန်းမနိမ့်အောင်မတင်သင့်တာတွေရှောင်ပေးပေါ့ စိတ်အာရုံစူးစိုက်လို့ကောင်းအောင်ငါ့အပေါ် အမွှေးတိုင်ထွန်းပေးရင်ပေး ဒါမှမဟုတ် ရနံ့မွှေးတဲ့ပန်းလေးသုံးပွင့်နဲ့ပန်းအိုးလေးထောင်ပေးထားကွာ မင်းငါ့ဆီရောက်တိုင်းအဆင်မပြေနေတာတွေလျော့သွားမှာပါ ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်ရှိရှိနေနော် မင်းကြောက်နေတဲ့အရာတွေသောကတွေကိုကျော်ဖြတ်နိုင်မှာပါကွာ


Pile2.
ငါ့ရှေ့ရောက်ရင် မင်းမလုပ်ချင်တဲ့အရာစိတ်မပါတဲ့အရာတွေကိုလဲ ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့အတွေးနဲ့ကြိုးစားနေတာကိုသိပါတယ် တခါတလေမှာအရမ်းပင်ပန်းstressများနေတာမြင်တော့လဲ မင်းကိုခဏလောက်တော့အနားယူစေချင်တယ်ကွယ် စိတ်ကိုတင်းထားတယ်ဆိုတာသိတယ် မင်းမှာခံပြင်းမှုတွေ အနိုင်လိုချင်စိတ်တွေ သူများထက်သာရမယ်ဆိုတဲ့အတွေးတွေလဲမြင်နေရတယ် ဒါတွေကအချိန်တန်ဖြစ်လာမှာပါ ခုတော့ငါ့ဆီလာမယ့်အချိန်လေးတွေဖဲ့ပြီး မင်းဘဝကိုပျော်ပျော်ရွှင်ရွှင်နဲ့freedomလေးနေကြည့်ကွာ စိတ်ပေါ့ပါးသွားတဲ့အချိန်မှငါ့ဆီပြန်လာ အလုပ်တွေပြန်runပေါ့
ငါ့ဆီမကြာမကြာလာပေးပါ မင်းအတွက်အကျိုးမယုတ်စေရပါဘူး မင်းဘဝတက်လမ်းတွေဆီသွားဖို့အတွက် ငါ့ကိုအသုံးပြုပြီးအကောင်းဆုံးကြိုးစားကြည့်ကွာ စားပွဲတစ်ခုဆိုပေမယ့် လက်တင်ရုံတင်မဟုတ်ပဲတခြားအကျိုးပြုတာတွေအများကြီးပါကွာ


Pile3.
မင်းကိုမြင်နေရတာ ငါ့ကိုယ်ငါတောင်အားတက်စေသလိုပဲကွာ မင်းငါ့ဆီလာတဲ့နေ့တွေကစပြီး ငါဟာသာမန်စားပွဲတစ်ခုမဟုတ်တော့ဘူး မင်းရဲ့အလုပ်တွေကိုအကျိုးပြုပေးနိုင်တဲ့သူဖြစ်လာပြီ မင်းလဲငါ့ကိုအမှီပြုပြီးအဆင်ပြေမှုတွေရတော့ ငါလဲအတိုင်းမသိဝမ်းသာရပါတယ်ကွာ ဒီထက်ပိုပိုအောင်မြင်ပါစေ စီးပွါးလာဘ်လာဘတွေတိုးတက်ပါစေနော် မင်းရဲ့ဘဝတိုးတက်ရာတိုးတက်ကြောင်းတွေလုပ်ကိုင်တဲ့အခါ ငါ့ကိုအသုံးပြုပေးတာ သပ်သပ်ရပ်ရပ်နဲ့တရိုတသေအသုံးပြုတာတွေအတွက် ကျေးဇူးပါကွာငါ့ဆီလာလိုက်မလာလိုက်နဲ့ အလုပ်လုပ်လိုက်မလုပ်လိုက်နဲ့ဆိုတော့ သတိရမိတယ်ကွာ ငါ့ကိုအသုံးပြုတဲ့သူသန့်ရှင်းပေးတဲ့သူမင်းတစ်ယောက်တည်းမဟုတ်တော့ အကုန်လုံးနဲ့friendlyဖြစ်အောင်နေရတာပါပဲ