မိဘ သို့မဟုတ် မောင်နှမရင်းချာ ရဲ့ မင်းအပေါ်ထားတဲ့စိတ်ရင်း

မိဘ သို့မဟုတ် မောင်နှမရင်းချာ ရဲ့ မင်းအပေါ်ထားတဲ့စိတ်ရင်း



Pile1
ရာသီတွေသာ အလီလီပြောင်းသွားပေမယ့် သူ့စိတ်ရင်းကတော့မပြောင်းလဲနိုင်ပါ သူ့အသက်ငယ်စဉ်ကလဲမင်းကိုချစ်သလို ကြီးလာတော့လဲမင်းကိုချစ်ပါသတဲ့ မင်းအသက်ငယ်စဉ်ကလဲသူချစ်ခဲ့သလိုမင်းအသက်ကြီးလာတော့လဲအရောင်မဆိုးတဲ့ခိုင်မာတဲ့သံယောဇဉ်မေတ္တာတွေရှိနေပါတယ် သူကမင်းအပေါ်မှာမင်းကောင်းသည်ဖြစ်စေဆိုးသည်ဖြစ်စေ ချစ်ပေးမယ့်သူတစ်ဦးဖြစ်ပါတယ်ကွယ် မင်းရဲ့အကျိုးစီးပွါးကိုလဲလိုလားတယ် သူ့ကိုယ်သူထက် မင်းကိုပိုလို့ချစ်ပါသတဲ့ မင်းတစ်ခုခုအရေးကြုံပြီဆို မိသားစုဖြစ်တဲ့သူကကာကွယ်ပေးဖို့အသင့်ရှိနေတတ်ပါတယ် နောက်ဆုံး မင်းမေတ္တာပျက်မယ်ဆိုရင်တောင်သူမပျက်နိုင်ပါနော်


Pile2
သူ့အတွက်တော့ မိသားစုဆိုတာ တချိန်မှာသီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်ကာ ကိုယ်စီကိုယ့်လမ်းကိုယ်လျှောက်ကြရမယ့်သူတွေဖြစ်ပါတယ် မင်းကိုသူကချစ်ပါတယ် အတူကြုံဆုံခွင့်ရတဲ့အချိန်တွေမှာတကယ်နွေးထွေးပြီးကောင်းပေးမယ့်သူပါ စကားအပြောအဆိုမနွေးထွေးရင်တောင် အမူအရာကနေတဆင့်သူချစ်တယ်ဆိုတာပြပါလိမ့်မယ် ဒါပေမယ့်သူ့ကိုယ်သူလဲဦးစားပေးပုံရပါတယ် မိသားစုဆိုတဲ့အဝန်းအဝိုင်းလေးတစ်ခုထဲမှာရှိနေသရွေ့သူကမင်းကို ပွင့်ပွင့်လင်းလင်းဆက်ဆံမယ် လမ်းညွှန်စရာရှိတာလမ်းညွှန်မယ် မင်းမှာတခြားကိုယ်ပိုင်မိသားစုဆိုတာရှိလာပြီဆိုရင်တော့အရင်ကလောက်သိပ်မနီးစပ်နိုင်ဘူးပေါ့နော် ပြီးတော့သူ့မှာအမွေကိစ္စလေးတွေတွေးတတ်တာ အမျှော်အမြင်ကြီးတာမျိုးလေးတွေတွေ့ပါတယ် ငယ်စဉ်ကချစ်ခဲ့ပေမယ့် ကြီးလာတော့လဲကိုယ်ပိုင်ဘဝနဲ့ဆိုတာ သေချာတွေးတောတတ်သူတစ်ဦးပါ

Pile3
သူကမင်းအပေါ်မှာ အားကိုးတယ် အထင်ကြီးတယ် မင်းကိုအများအများကြီးမျှော်လင့်ထားတယ်နော် မိသားစုထဲမှာမင်းကိုအထူးချွန်ဆုံးဖြစ်စေချင်တာ မင်းဘဝကအကောင်းဆုံးလို့သတ်မှတ်ထားသူဖြစ်နိုင်တယ် သူ့ကိုယ်သူထက်မင်းရဲ့ဘဝကိုပိုလန်းဆန်းစေချင်တယ် အမြင့်ဆုံးနေရာရောက်စေချင်တဲ့စိတ်တွေရှိတယ် သူမင်းအပေါ်ထားတဲ့မေတ္တာက အနေနီးခြင်းဝေးခြင်းတွေနဲ့မဆိုင်ပါဘူး မင်းမှာကိုယ်ပိုင်မိသားစုဆိုတာတွေ ကြားသူစိမ်းတွေပေါ်လာရင်တောင်မှသူ့ဘက်ကမင်းနဲ့သွေးရင်းသားရင်းဖြစ်နေတာမို့ မင်းအကြောင်းတွေကိုအမြဲနားစွင့်နေပြီးသံယောဇဉ်ကြီးနေတတ်မယ့်သူတစ်ယောက်ပါ မင်းအမြင့်ဆုံးရောက်သွားရင်လဲသူ့အတွက်တစ်ခုခုပြန်လုပ်ပေးတယ်ဆိုတဲ့ပီတိစာလေးတွေလိုချင်တဲ့သူဖြစ်နိုင်ပါတယ်