ကိုယ်ကောင်းပေမယ့် သူဆိုးတဲ့အခါ ခပ်ပြုံးပြုံးလေးဘဲ နေလိုက်ပါ....

ကိုယ်ကောင်းပေမယ့် သူဆိုးတဲ့အခါ ခပ်ပြုံးပြုံးလေးဘဲ နေလိုက်ပါ....


* ကိုယ်ကောင်းပေမယ့် သူဆိုးတဲ့အခါ
ခပ်ပြုံးပြုံးလေးဘဲ နေလိုက်ပါ....
* ကိုယ်မှန်ပေမယ့် သူငြင်းတဲ့အခါ
ဥပက္ခာဘဲ ပြုလိုက်ပါ....
* ကိုယ်ကြိုးစားပေမယ့် ကျရှုံးတဲ့အခါ
သင်ခန်းစာဘဲ ယူလိုက်ပါ.....
* ကိုယ်မျှော်လင့်ပေမယ့်
သူတကယ်ဖြစ်မလာတဲ့ အခါ
မျှော်လင့်ချက်ဘဲ လျော့ချပစ်လိုက်ပါ
* ကိုယ်ယုံကြည်ခဲ့ပေမယ့်
သူကတိမတည်တဲ့အခါ အပြစ်မယူပါနဲ့
နောက်တစ်ခါအတွက်ဘဲ ဆင်ခြင်ပေးလိုက်ပါ
* ကိုယ်သစ္စာကို
တည်တည်မြဲမြဲချည်ထားပေမယ့်
သူဖြန့်ချ ဖျက်စီးတဲ့အခါ စိတ်မဆိုးပါနဲ့
သူပြသတဲ့ သူ့ရဲ့ဗီဇ/ သူ့ရဲ့စိတ်ဓာတ်ကို
သိခွင့်ရတဲ့ အတွက် ကျေးဇူးတင်လိုက်ပါ
*ကိုယ်အကောင်းဆုံးကြိုးစားခဲ့ပေမယ့်
အဆိုးဆုံးဘဲကြုံတွေ့နေရတဲ့အခါ
စိတ်ပျက်မသွားပါနဲ့ လဲကျမသွားပါနဲ့
အရှုံးမပေးလိုက်ပါနဲ့
* အရာအားလုံးဟာ ခဏတာဘဲ
မုန်းတိုင်းပြီးရင် လေပြေ / မိုးရွာပြီးရင် နေထွက်
ဒီပြဿနာပြီးရင် သင်ခန်းစာများစွာနဲ့
ရခဲ့တဲ့ ရင့်ကျက်မှုကို ကျေးဇူးတင်ပြီး
မနက်ဖြန်တိုင်းအတွက်ဘဲ
အားပိုတင်းထားလိုက်ပါ
#Credit to original writer