၆လအတွင်းမင်းရဲ့သူငယ်ချင်းအပေါင်းသင်းကံ

၆လအတွင်းမင်းရဲ့သူငယ်ချင်းအပေါင်းသင်းကံ




Pile1
စိတ်ထဲသတိရနေတဲ့ အပေါင်းအသင်းတွေနဲ့ အပြင်မှာဆုံရတတ် အဆက်သွယ်ပြန်ရတတ်တယ်တချို့သူငယ်ချင်းတွေက ကိုယ်အလုပ်ရှုပ်မှန်းသိလို့ စိတ်အနှောက်ယှက်ဖြစ်မှာစိုးလို့ ခင်ရဲ့နဲ့ အလိုက်တသိလေးစကားလာမပြောကြသူတွေရှိမယ်ကိုယ်ခင်တာလဲသူတို့သိသလို ကိုယ်အချိန်မပေးနိုင်တာတွေကိုလဲနားလည်ပေးပုံရပါတယ်အလုပ် သို့မဟုတ် ပညာရေးကြောင့်သူငယ်ချင်းတွေနဲ့ အနေစိမ်းသွားတာမျိုးလေးတွေရှိတတ်တယ်

Pile2
ခုကာလမှာလူကြီးတွေ အဘိုးအဘွားတွေနဲ့ပိုပနံသင့်နေတတ်တယ်သူငယ်ချင်းအပေါင်းသင်းအများစုက ကိုယ်နဲ့ဆုံရင်စိတ်ပေါ့ပါးကြသလိုပျော်ရွှင်ရတယ် ကိုယ့်ကိုလဲချစ်ကြတယ်သို့သော် ကိုယ့်ရဲ့မသိတတ်မှုလေးတွေ(ကိုယ်အမူအရာ နှုတ်အမူအရာ)ကြောင့် သူငယ်ချင်းတွေထဲမှာစိတ်အနှောက်ယှက်ဖြစ်သွားတာ စိတ်ကောက်သွားတာမျိုးလေးတွေကြုံရတတ်တယ်ခြုံငုံကြည့်ရင် ကိုယ့်ပုံစံကအဆင်ပြေနေမယ့် တကယ်ကိုယ့်ကိုအရမ်းခင်တဲ့သူအသေးစိတ်အကဲခတ်နေတဲ့သူအတွက်ကျ မထော်ဖြစ်နေတတ်တာမျိုးလေးတွေရှိတတ်တယ်Socialကျပေမယ့် လူရင်းတွေကိုနွေးထွေးပေးဖို့မေ့နေတတ်တယ်


Pile3
သူငယ်ချင်းတွေနဲ့အတူတူစုပြီးprojectလုပ်ရမှာမျိုးတွေရှိတတ်မယ်ခရီးတွေအတူထွက်ဖို့တိုင်ပင်တာ ထွက်ဖြစ်တာမျိုး လူစုပြီးgossipလုပ်ဖြစ်တာမျိုး ပြသနာတစ်ခုခုကိုအတူတူရင်ဆိုင်ဖြေရှင်းဖြစ်မှာမျိုး စတဲ့unity of strengthကိုတွေ့ရတယ်ကိုယ့်သူငယ်ချင်းတွေထဲကတစ်ယောက် (ကိုယ်လဲဖြစ်နိုင်) နဲ့အပြင်သူနဲ့ပွဲဖြစ်မှာမျိုးလေးတွေရှိတတ်တယ်လူများတဲ့နယ်ပယ်တစ်ခုခုကိုသွားဖြစ်ပြီးသူငယ်ချင်းအသစ်တွေလဲတိုးလာတတ်တယ်
ကိုယ့်ကိုအားပေးထောက်ခံမယ့် supportပေးမယ့်သူတွေဘေးနားမှာအသင့်ရှိနေတတ်တယ်