လက်ရှိ Dealing လုပ်နေတဲ့သူက ယုံကြည်ရနိုင်လား

လက်ရှိ Dealing လုပ်နေတဲ့သူက ယုံကြည်ရနိုင်လား



Pile1

သူကလေ စကားချိုချိုနဲ့ သူလိုရာကိုတော့ရအောင်သိမ်းသွင်းတတ်တဲ့ပုံမျိုးတွေ့ရတယ်..သူဖြစ်ချင်တာသူ့ခံစားချက်ကိုပိုဦးစားပေးတယ့်ပုံတွေ့ရတယ်..ယုံကြည်ရလားဆိုရင် 50 ပါ..သူ့ပုံစံ တချက်စောင့်ကြည့်ရမယ့်အနေအထားတော့တွေ့တယ်..တဇွတ်ထိုးလည်းဆန်တတ်တာကြောင့် သူ့ကြောင့်စိတ်ပင်ပန်းရမယ်..သူ့ဖက်က သူပျော်ဖို့အတွက်ကိုယ့်အနားကပ်တာမျိုးလည်းတွေ့ရတယ်..


Pile2

တဖက်ကပျော်ပျော်နေတတ်တာမျိုးပဲတွေ့ရတယ်..သူ့ဖက်ကတော့ လှည့်စားချင်တဲ့စိတ်တွေဘာတွေတော့မတွေ့ရဘူး...သူ့ကိုလည်းယုံသင့်မယုံသင့်က ကိုယ့်အပေါ်မှာပဲမူတည်ပါတယ်..ဘေးကနေတော့ တခြားစကားတွေကကြားနေရမှာပဲ..အဲစကားတွေကိုယုံပြီးကိုယ့်ဖက်ကစိတ်ညစ်မယ့်အစား ကိုယ့်စိတ်ထဲကအတိုင်းပဲဆက်ပြီးသွားပေးပါ..တခြားရှုထောင့်ကနေကြည့်ရင် ဒီလူကယုံရလား မယုံရလားအဖြေထွက်ပါတယ်..


Pile3

တဖက်သူက ကိုယ့်အပေါ်တကယ်စစ်မှန်ပါတယ်...သူ့အတွက်တော့ကိုယ်ကတော်တော်လေး attract ဖြစ်နေတာမျိုးတွေ့ရတယ်..သူနဲ့ကိုယ်နဲ့ကြားမှာ ဒီတိုင်း dealing လုပ်ဖြစ်နေတာမျိုးဆိုရင်တော့ သူ့ဖက်က မကြာခင်နောက်တဆင့်တက်ဖို့ကမ်းလှမ်းလာတာမျိုးရှိတတ်တယ်..၆ပတ် or ၈ပတ်အတွင်း ပိုအဆင်ပြေလာမယ့်ပုံတွေ့ရတယ်..သူ့ဖက်ကလည်းသူ့ခံစားချက်တွေဖွင့်ပြောလာဖို့ရှိတယ်နော်...