အရမ်းချစ်ခဲ့ဖူးတဲ့ Exရဲ့မင်းအပေါ် သဘောထား

အရမ်းချစ်ခဲ့ဖူးတဲ့ Exရဲ့မင်းအပေါ် သဘောထား



1...Exကမင်းကိုအစကတည်းကသူ့အတွက်အကူအညီအထောက်အပံ့ရဖို့တစ်ခုထဲချဉ်းကပ်လာတာပါမင်းအပေါ်သံယောဇဉ်ရှိပေမဲ့မချစ်ခဲ့ပါဘူးမင်းကိုစိတ်ဝင်စားတယ်ဆိုရုံလောက်ဘဲရှိခဲ့တာပါမင်းအတွက်အများကြီးမချစ်ပေးခဲ့လို့သူမှားမှန်းသိပါတယ်မင်းသူ့အပေါ်လုပ်ပေးခဲ့တာတွေအတွက်ကျေးဇူးတင်ပါတယ်တဲ့မင်းကိုချနင်းပြီးသူ့ဘဝတက်လမ်းအတွက်ရွေးချယ်ခဲ့လို့သူတကယ်စိတ်မကောင်းဖြစ်နေခဲ့တာပါတစ်ချိန်ချိန်မှာသူပြန်ပြီးပေးမယ်လို့တွေးနေခဲ့တာပါမင်းဟာသူ့ဘဝအတွက်အကောင်းဆုံးလူဖြစ်ခဲ့တယ်ဆိုတာသိပြီးမင်းအတွက်မမကောင်းခဲ့တဲ့သူကိုမေ့ပစ်ပြီးမင်းဘဝအတွက်ပိုကောင်းတဲ့သူကိုရွေးချယ်စေချင်တာပါမင်းအနားကိုပြန်မလာတော့ပေမယ့်အမှတ်တရတွေကတော့အမြဲတမ်းသတိရရှိနေပါတယ်မင်းနဲ့ရှိခဲ့တဲ့အချိန်တိုင်းဟာပျော်စရာတွေချည်းဖြစ်ခဲ့တာမို့ဘယ်တော့မှမေ့လို့ရမှာမဟုတ်ဘူးတဲ့မင်းပျော်အောင်နေပါတဲ့မင်းဘဝအတွက်အများကြီးလုပ်စရာတွေရှိနေပါသေးတယ်မင်းအဆင်ပြေနေတာကိုဘဲမြင်ချင်ပါတယ်တဲ့



2...Exကမင်းမရှိလည်းအဆင်ပြေနေပါပြီသူလည်းမင်းအပေါ်စိတ်နှစ်ပြီးအတည်တကျတွဲခဲ့တာမျိုးမဟုတ်ပါဘူးဒါပေမဲ့မင်းကိုတော့ချစ်စိတ်ရှိပါတယ်အခုထိလည်းမင်းအပေါ်အမှတ်တရတွေအများကြီးနဲ့သတိတရရှိနေတုန်းပါဒါပေမဲ့လည်းပြန်အဆင်ပြေဖို့ဆိုတာမဖြစ်နိုင်ဘူးလို့တွေးပြီးမင်းကိုလည်းသူဆီပြန်မဆက်သွယ်စေချင်ပါဘူးနှစ်ယောက်လုံးကိုယ့်ဘဝနဲ့ကိုယ်ရှေ့ဆက်ပြီးအောင်မြင်တဲ့ဘဝကိုပိုလိုချင်နေတာပါမင်းအပေါ်သူပျက်ကွက်ခဲ့တာတွေအများကြီးရှိခဲ့တာသူသိပါတယ်ဒါပေမဲ့သူလည်းအဲ့အခြေအနေမှာဘာမှမတတ်နိုင်ခဲ့လို့ဖြစ်ခဲ့ပြီးမင်းအပေါ်သူမကောင်းခဲ့ဘူးဆိုတာနားလည်ပါတယ်မင်းအရမ်းချစ်ခဲ့တာကိုလည်းသူသိပါတယ်မင်းကိုလည်းသူ့ထက်ပိုကောင်းတဲ့သူနဲ့လက်ထပ်စေချင်တာပါမင်းဘဝကိုဒီ့ထက်ပိုပြီးအောင်မြင်နေတာကိုသူမြင်ချင်တာပါအဝေးကနေဘဲစောင့်ကြည့်နေပါတယ်တဲ့မင်းပျော်ရွှင်နေတာအဆင်ပြေနေတာဘဲမြင်ချင်နေတာမို့လို့ရှေ့ဆက်အနာဂတ်မှာအကောင်းဆုံးနေထိုင်ဖို့မျှော်လင့်နေပါတယ်


3...Exကမင်းကိုအရမ်းချစ်ခဲ့ပေမယ့်အခုချိန်မှာသူ့ဘဝကိုသူပြန်ပြီးတည်ဆောက်နေတဲ့အချိန်ပါမင်းကိုလည်းပြန်ပြီးစကားပြောချင်ပေမယ့်သူထပ်ပြီးနာကျင်ရမှာကိုမလိုချင်တော့ပါဘူးမင်းအတွက်သူအများကြီးစဉ်းစားပေးပြီးမင်းကိုလည်းသူအရမ်းချစ်ခဲ့ပါတယ်မင်းနဲ့တွဲနေတဲ့အချိန်တုန်းကမင်းမှမင်းပါဒါပေမဲ့မင်းဆီကသူလိုချင်တဲ့အချစ်တွေအပြည့်အဝမရခဲ့တာမို့သူစိတ်မကောင်းဖြစ်ခဲ့တာတွေအများကြီးရှိခဲ့ပါတယ်မင်းစိတ်ဆင်းရဲတဲ့ကိစ္စတွေမှာလည်းသူတတ်နိုင်သလောက်အများကြီးလုပ်ခဲ့ပေးသလောက်မင်းဘက်ကတော့သူအပေါ်လုံးဝစိတ်ဝင်စားမှုမရှိပါဘူးမင်းသူ့အတွက်မကြည့်ပေးခဲ့တာတွေများနေတဲ့အခါမှာတော့သူတော်တော်လေးစိတ်မကောင်းဖြစ်ခဲ့ပြီးနောက်ဆုံးတော့သူ့ဘဝသူပြန်တည်ဆောက်ဖို့တွေးပြီးအချစ်ကိုစိတ်ကုန်သွားတာပါအခုထိမင်းကိုမေ့မရပေမဲ့မင်းအနားပြန်မလာချင်တော့ပါဘူးမင်းနဲ့ဝေးရာမှာသူ့ဘာသာပျော်အောင်နေနေပြီမို့လို့မင်းလည်းသူ့ကိုမေ့လိုက်ပါအချိန်လွန်မှရတဲ့နောင်တကမင်းကိုပိုပြီးနာကျင်စေပါလိမ့်မယ်မင်းလည်းအတိတ်ကိုအတိတ်မှာထားပြီးလက်ရှိအချိန်ကိုတန်ဖိုးထားပေးပါကိုယ့်အပေါ်ကောင်းတဲ့သူတွေကိုတန်ဖိုးထားပေးဖို့သူကပြောချင်နေပါတယ်မင်းပျော်နေတာကိုဘဲမင်ချင်နေပါတယ်တဲ့