လာမယ့် 48နာရီအတွင်းဆောင်ရန်ရှောင်ရန်

လာမယ့် 48နာရီအတွင်းဆောင်ရန်ရှောင်ရန်



1...စိတ်မရှည်တာ စိတ်ဆတ်တာစကားပြတ်ပြတ်ပြောတတ်တဲ့အမူကျင့်ကြောင့် အငြင်းခုန်ပွားရတာမျိုးတေပေါ်လာတတ်တယ်။ငွေကြေးအခုပူပင်စရာလေးတေရှိနေတတ်ပေမဲ့ ပြန်အဆင်ပြေသွားလိမ့်မယ်။ငွေအစုလိုက်အပြုံလိုက်ဝင်လာမယ်။ပေးစရာရှိတာကောရစရာရှိတာတေကောအကုန်ဖြေရှင်းပီးလိမ့်မယ်။ ငြင်းစရာပြိုင်စရာတွေရှိလာပါက ကိုယ့်ဘက်ကအနိုင်ရမည်။ စိတ်ဖိစီးမှုများပီး စိတ်တေအနားမပေးနိုင်လောက်အောင်runနေရတတ်တယ်။ စိတ်လောမှုကြောင့် စိတ်ပန်းလူပန်းဖစ်ရမယ်။ ခရီးတေဘာတွေထွက်ရတတ်တယ်။လည်ပင်းလည်ချောင်းရောဂါဖစ်တတ်တယ်။လေထိုးခေအောင့်၊အစာအိမ်သတိထားရမည်။ကိုယ်လက်နာကျောအောင့်တာမျိုးတေဖစ်နေတတ်သည်။
ယတြာ ခွေလေးတွေအစာကျွေးပါ။


2..စိတ်ကူးထဲကအတိုင်းပုံဖော်နိုင်မည်။စိတ်ကူးထားတာတွေဖစ်လာမယ်။ငွေရေးကြေးရေးအဆင်ပြေနေလိမ့်မည်။ ကိုယ့်ရဲ့စိတ်ကူးစိတ်သန်းကောင်းမှုကြောင့် လူတွေရဲ့ချီးမွမ်းခြင်းခံရတတ်မည်။ရပ်ဝေးဧည့်သည်ရောက်လာတတ်သည်။ အတိတ်ကပြသနာများပြန်ပေါ်လာတတ်သည်။အဆက်သွယ်ပြတ်နေသူများအဆက်သွယ်ရမည်။မနာလိုခြင်းခံရတတ်သည်။ မိတ်ပျက်တတ်သည်။မိမိကျင်လည်ရာပတ်ဝန်းကျင်တွင်အတိုက်အခံ မနာလိုအပြိုင်ဆိုင်များရှိနေတတ်သည်။ လူတွေနဲ့ကီးမကိုက်မှုများကြုံရတတ်သည်။ချောင်းဆိုး၊စိတ်ဖိစီးမှုများနေတတ်သည်
ယတြာမရှိဆငိးရဲသားများကို ငွေ၄၀၀လှူပါ


3..အချစ်ရေးစန်းပွင့်နေမည်။ချစ်သူခင်သူပေါများနေလိမ့်မည်။ ကံကောင်းပျော်ရွှင်နေတတ်သည်။ ကံအမြင့်ပိုင်းထဲရောက်ရှိနေတတ်သည်။ လက်ဆောင်ပစ်စည်းရတတ်သည်။ အဆက်သွယ်ပြတ်နေသူများအဆက်သွယ်ပြန်ရမည်။ တဇွတ်ထိုးဆန်ပီး မြန်ဆန်တဲ့ဆုံးဖြတ်ချက်ချမှုများကိုအထူးရှောင်ပါ။ မှန်တယ်ထင်ရာပြောတတ်တဲ့အပြောအဆိုဒဲ့တိုးပြောတာမျိုးတွေရှောက်ကြဥ်ပါ။ အိမ်တွင်မနေလိုသောစိတ်ခံချက်များပြည့်နှက်နေတတ်သည်။အရိုးအဆစ်နာ၊ကိုယ်လက်နာတာ ၊အအေးမိတာမျိုးတွေဖစ်တတ်တာမို့သတိထားပါ။
ယတြာ အိမ်ဘုရား၌သောက်တော်ရည်သုံးခွက်ကပ်လှူဆုတောင်းပါ