လက်ရှိကိုယ့်မှာ ဘာတွေ​ ဖြစ်နေလဲ

လက်ရှိကိုယ့်မှာ ဘာတွေ​ ဖြစ်နေလဲ



Pile. 1
ကိုယ့်ရဲ့လက်ရှိနေရာတစ်ခုမှာ အဆင်မပြေမူ 'စိတ်ဖိစီးစရာလေးတွေများနေတက်တယ် ။ အတွေးများနေတာမျိုး ဘယ်အရာမှမလုပ်ချင်မကိုင်ချင်ဖြစ်နေတက်တယ် ။ ကိုယ့်ဘဝထဲမှာ အစိပ်အတောက်တွေကနေ ရုန်းထွက်ဖို့လိုအပ်ပါတယ် ။ သင်က ကမ္ဘာမြေကြီးရဲ့ကောင်းချီးပေးခံရတဲ့သူတစ်ယောက်လဲဖြစ်ပါတယ် ။ သင့်မြို့ပတ်ဝန်းကျင်ထပ်သဘာဝတရားကြီးက သင့်အမြင်မှာ ပိုလှပနေတက်တယ် ။ လေပြေတွေတိုက်ခက်တာမျိုး 'ပန်းလေးတွေဖူးပွင့်တာမျိုး 'လှပတဲ့ရူခင်းတွေရှိတဲ့နေရာကိုသဘောကျနှစ်ခြိုက်သူလည်းဖြစ်တယ် ။ လက်ရှိအချိန်မှာ ပတ်ဝန်းကျင်ကောင်းတစ်ခုအေးချမ်းတိတ်စိပ်တဲ့နေရာက သင့်အတွက်အကောင်းဆုံးအဖော်ပြုပေးပါလိမ့်မယ် ။


Pile. 2
စိမ်ခေါ်မူ 'စမ်းသပ်မူတွေနဲ့ အကျိုးပေးနေတဲ့ကာလလေးပါ ။ အခုကြုံတွေ့နေရတဲ့အရာက ကိုယ့်ဘဝရဲ့အစိပ်အပိုင်းတစ်ခုလို့ပြောလို့ရတဲ့ထိ အရေးပါနေတာတွေ့ရတယ် ။ အချစ်ရေး ' မိသားစု ' လုပ်ငန်း စသည့်အရာတွေမှာ စိတ်ဖိစီးမူ'ခံစားချက်တွေနဲ့ ပြည့်နပ်နေတက်တယ် ။ ကိုယ့်ရဲ့အသာချက်အားနည်းချက်တွေကို ဘာမှန်းမသိတော့လောက်အောင်ထိလမ်းပြောက်နေတက်တယ် ။ ကိုယ်နဲ့ ပတ်သက်နေတဲ့သူက ကိုယ့်အပေါ်မြင်အောင်မကြည့်ပေးတာလား ' ဘာလို့Toxicဆံတဲ့ ဆက်ဆံရေးတွေကြည့်ပဲကြုံနေရတာလဲ ဝေခွဲမရတဲ့အခြေအနေတစ်ခုဖြစ်နေနိုင်တယ် ။ ကိုယ့်ရဲ့အတွေးကိုပထမဆုံးထိန်းချုပ်ပြီး အဆင်မပြေမူတွေကို လွှတ်ချကာ စိတ်သက်သာရာရ​ေစမဲ့ အပေါင်းအသင်း 'ပတ်ဝန်းကျင်တစ်ခုမှာအချိန်ကုန်ဆုံးပါ ။ အဆိုးပြီးရင်အကောင်းတွေ ဘဝထဲပြန်လည်ရောက်ရှိ လာပါလိမ့်မယ် ။


Pile. 3
ကိုယ့်ကစိတ်ထားကောင်းတဲ့သူတစ်ယောက်ဖြစ်ရင်ဖြစ် ဒါမှမဟုတ် နူးညံ့တဲ့နှလုံးသားပိုင်ရှင်လေးပါ ။ လောကဓံကိုတော်ရုံဖျက်ကျော်နိုင်ခဲ့ပြီးသူဖြစ်ပင်မဲ့ သိုသိုသိပ်သိပ်ဝမ်းနည်းတက်သူ' အားငယ်တက်သူဖြစ်နေတာလည်းတွေ့ရတယ် ။ လက်ရှိအချိန်မှာအပေါင်းအသင်းတွေရှိရင်တောင် အထီးကျန်နေတာမျိုးဖြစ်နေတက်ပြီး ဘဝကိုအေး​ဆေးစွာပဲဖျက်သန်းနေရသူပါ ။ကိုယ့်ရဲ့ဖြစ်တည်မှုကို သဘောကျသူလေးဖြစ်တာကြောင့် အများနဲ့ ထိခိုက်မူရှိတဲ့အားပြိုင်မူတွေမပြုလုပ်ချင်သူလည်းဖြစ်တယ် ။ လက်ရှိမှာပုံမှန်အားဖြင့်အေးတိအေးစပ်နိုင်ပင်မဲ့ အများအကျိုးအတွက်ဆိုအနစ်နာခံပေးတာမျိုး လမ်းညွှန်ပေးတာမျိုး တစ်ဖက်တလမ်းက ကူညီဖေမတာမျိုးရှိတက်သူပါ ။ ဘဝကိုစိတ်ကူးယဥ်ဆံဆံပဲ ဖျက်သန်းပြီး မိသားစုအတွက်အထောက်အကူပြုသူ ' အရေးပါသူလေးအဖြစ်လည်းရှိနေနိုင်ပါတယ် ။