တစ်ဖက်လူရဲ့ကိုယ့်အတွက်ဆုတောင်းစာ

တစ်ဖက်လူရဲ့ကိုယ့်အတွက်ဆုတောင်းစာ



1... ရင်ထဲတဆစ်ဆစ်နာကျင်ရပေမဲ့ နင်အဆင်ပြေဖို့ငါမျှော်လင့်ပါတယ်။ရာအားလုံးက ငါ့အမှားလို့ဘဲ မှတ်ယူတာမို့လေ။ ဘဝမှာပျော်ပျော်ဘဲနေပါ လိုချင်တဲ့ချစ်ခြင်းမေတ်တာနွေးထွေးမှုတေလဲအများကြီးရရှိပါစေနော်။
မင်းကိုထားခဲ့တာ (သို့)မင်းကငါ့ကိုထားခဲ့တာအတွက် ငါ့ဘက်ကလဲထပ်တူခံစားရပါတယ်။ အချိန်တေကမင်းကောငါကောအတွက်ကုစားပေးမယ်လို့ထင်တယ်။ ငါမရှိဘဲလဲနင့်ဘဝလေးပျော်ရွှင်မှုတေရနေဖို့ဘဲ ဆုတောင်းပေးပါတယ်။

Universe Love message..
ဘာလုပ်ရမှန်းမသိဖစ်နေလား???
ငါတို့ရဲ့စိတ်ကငါတို့ကိုလမ်းညွှန်မှုကောင်းကောင်းမပေးနိုင်ပါပု ငါတို့ရဲ့နှလုံးသားကဘဲငါတို့ကိုလမ်းညွှန်မှုကောင်းတေပေးမှာမို့ နှလုံးသားကပြောတာကိုနားထောင်ပါ..


2...နင့်မှာလဲစိတ်ပင်ပန်းစရာတေအများကြီးခံစားကြပ်တည်းနေတာသိပါတယ် အရာရာကိုအကောင်းဘက်ဘဲတွေးနော် အဆင်ပြေသွားမှာပါ ငါတို့တေ ကံမကုန်ရင်ပြန်ဆုံကြမယ် ဘာဘဲဖစ်ဖစ် နင့်ရဲ့အပူသောကတေကိုငြိမ်းချမ်းစေချင်ပါတယ် နင်အဆင်ပြေဖို့ဘဲ စိတ်မပင်ပန်းဘဲနေရဖို့ဘဲမျှော်လင့်ပါတယ်။

ငါသိပါတယ် မလုပ်သင့်တာတေငါလုပ်မိတယ်ဆိုတာ ။တနေ့ကျမင်းငါ့ကိုမေ့သွားမယ်လို့ထင်မိတယ်။ငါအခု မင်းနဲ့ပက်သက်ပီးဘာမှမတတ်နိုင်တော့ပု။

Universe Love message..
အရမ်းကြိုးစားပီးခက်ခဲတဲ့ခံစားချက်တေကိုတင်းကြပ်မထားပါနဲ့ အချိန်ပေးလိုက်ပါအချိန်ကိုပုံအပ်ထားလိုက်ပါ အချိန်က မင်းအတွက်ကောင်းမွန်တဲ့အရာတေယူဆောင်လာပေးပါလိမ့်မယ်..