မင်းရဲ့ အတွင်းစိတ်အလှက ဘာဖြစ်မလဲ

မင်းရဲ့ အတွင်းစိတ်အလှက ဘာဖြစ်မလဲ




Pile 1
သင့်ရဲ့ Inner Beauty အကြောင်းပြောရရင်တော့ အပြင်ပန်းမှာ သိပ်မသိသာနေတဲ့ ဖြူစင်တဲ့အလှတရားလေးရှိနေတယ်ပြောရမယ်။လူတွေကို စိတ်ချမ်းသာစေချင်တယ်၊ ပျော်ရွှင်စေချင်တယ်၊ တတ်နိုင်သလောက်ကူညီဆောင်ရွက်ပေးချင်တယ်။But တစ်ဖက်မှာက Rigid Boundary ဆိုတဲ့ ခပ်ကြမ်းကြမ်း Boundary ချထားတဲ့အခါကျတော့ တချို့တွေအမြင်မှာ ချေတယ်တို့ မာနကြီးတယ်တို့ ထင်မြင်တတ်ကြတယ်။

ဒီလို Boundary Setting ကြမ်းရတဲ့အကြောင်းရင်းက ငယ်ဘဝမှာ People Pleaser လေးဖြစ်နေခဲ့လို့ပါပါတယ်။ခဲမှန်ဖူးတဲ့စာသူငယ်လေးလို လူတွေကိုမယုံရဲတာ၊ နောက်ကျောဓားနဲ့ထိုးတာတွေ ခံရဖူးတာကြောင့် ကိုယ့်ရဲ့ Authentic Self ကိုထုတ်မပြနိုင်ဖြစ်နေတာပါ။လင်းနိုင်သလောက်လင်းလိုက်ပါ။ကိုယ့်အလင်းရောင်ကြောင့် ကီးမကိုက်တဲ့ Energy တွေက လွင့်စင်ကုန်ပါလိမ့်မယ်။မေတ္တာတရားကို ဖော်ထုတ်ပြသဖို့မကြောက်ပါနဲ့။

Pile 2
အပြင်ပန်းလည်းလှ အတွင်းစိတ်လည်းလှတဲ့သူပါ။လူတွေက သင့်ကိုမြင်တာနဲ့ ချစ်စရာကောင်းသူ၊ ဖော်ရွေသူ၊ ခင်ဖို့ကောင်းတဲ့သူလို့ မှတ်ချက်ပြုကြပါတယ်။အနေအေးပြီး ကူညီတတ်တဲ့သူ၊ ပျော်ပျော်နေတတ်ပေမယ့် စည်းလွတ်ကမ်းလွတ်မနေတတ်သူ၊ အပေးကမ်းရက်ရောတဲ့သူ၊ မိတ်ဆွေတွေအပေါ် ချစ်ခင်တတ်သူ၊ တိရစ္ဆာန်လေးတွေအပေါ် ချစ်တတ်သူဖြစ်ပါတယ်။ခံစားလွယ်တဲ့သူမို့ ကိုယ်နဲ့ အပေးယူမျှ Energy ကိုက်တဲ့သူများနဲ့သာ ဝန်းရံထားပါ။

Toxic ဖြစ်တဲ့ Energy တွေ သင့်အနီးနားကိုရောက်လာတတ်ပါတယ်။ဒီPile ရွေးထားတဲ့ တချို့သူများ Toxic RS ထဲမှာ ပိတ်မိနေတာလေး တွေ့ရတယ်။ဖြည်းဖြည်းချင်း ရုန်းထွက်ပါ။ကိုယ့် အတွင်းကအလင်းကို အရောင်မမှိန်ပါစေနဲ့။Your Inner Beauty is your Voice.ကိုယ့်ရဲ့ ချစ်ခြင်းမေတ္တာက လူတွေရဲ့ အသုံးချခံမဟုတ်ပါဘူး။Toxic Energy များကို ပြတ်ပြတ်သားသား boundary setting ချရပါမယ်။


Pile 3
သင့်ရဲ့ အတွင်းစိတ်အလှလေးက များသောအားဖြင့် အဆင်ပြေပေမယ့် တစ်ခါတစ်လေမှာ အနည်းငယ် မှိန်ဖျော့နေတယ်။အဓိက တရားခံကတော့ Ego ပါပဲ။Ego တက်လာတဲ့အချိန်မှာ ကိုယ့်ကိုကိုယ်လည်း သိပ်မချစ်ပေးနိုင်၊ သူများတွေကိုလည်း ဂရုမစိုက်ပေးနိုင်ဖြစ်နေတတ်ပါတယ်။ချစ်ပေးနေရင်တောင် အချစ်ခံရတာကို မမြင်ပဲ အဆိုးတွေချည်းရွေးမြင်နေတတ်တာလေး ပြုပြင်ရပါမယ်။

လိုအပ်ပါက Gratitude Letter လေးရေးပေးပါ။Ego နည်းတဲ့သူဟာ Happy ဖြစ်ပါတယ်။ပျော်ရွှင်တဲ့သူဟာ Empathy ရှိလာပါတယ်။အတ္တနည်း > ပျော်ရွှင် > ကိုယ်ချင်းစာစိတ်ရှိခြင်း ဒီလို Stepလေးနဲ့ သတိလေးကပ်ပြီး ဂရုစိုက်သွားရပါမယ်။ဒါဆိုရင် သင့် inner beauty လေးက အချိန်တော်တော်များများမှာ Glow နေမှာပါ။