နေ့သစ်အမှာစကား

နေ့သစ်အမှာစကား



Peil1
Peil1 ကိုရွေးထားတဲ့သူလေးတွေက နေ့သစ်မှာစားကောင်းသောက်ဖွယ်စားရမယ့်အနေထားလေးရှိပါတယ်။အလုပ်ကိစအဆင်ပြေမယ်။အောင်မြင်မယ်။ထင်မှတ်မထားဘဲကံကောင်းမှုတစ်ချို့ရတတ်ပါတယ်။
ဆောင်ရန်က စိတ်ကိုသတိနဲ့ကပ်ပြီးအရာရာကိုဆင်ခြင်ပေးရပါမယ်။
မိမိကိုအမြင်မကြည်တဲ့သူတစ်ချို့ပတ်ဝန်းကျင်မှာရှိနေနိုင်တာကိုသတိပြုပါ။
နေ့သစ်အမှာစကားက ဘဝမှာပြီးပြည့်စုံမှုဆို မရှိပါဘူး။ရောင့်ရဲမှုဖြင့်စိတ်ချမ်းသာစွာနေထိုင်ပါ။


Peil2
Peil2 ကိုရွေးချယ်ထားတဲ့သူလေးတွေအနေနဲ့နေ့သစ်မှာ အချစ်ရေးကံကောင်းဖို့မြင်မိပါတယ်။ချိုမြိန်မှုအခိုက်အတန့်လေးတွေဖြတ်သန်းရမယ်။အင်္ဂါသားသမီး၊ ဗုဒ္ဓဟူးသားသမီးအချစ်ရေးအညံ့အခိုက်ရှိမယ်။
နေ့သစ်အမှာစကားကတော့ ကိုယ့်ဘဝကိုအေးချမ်းစွာနေထိုင်ပြီးအကောင်းမြင်သူတစ်ယောက်ဖြစ်နိုင်ပါစေ ။


Peil3
Peil3 လေးကိုရွေးချယ်ထားတဲ့သူလေးတွေအနေနဲ့ နေ့သစ်မှာကိုယ်က ချစ်ခင်ရသူတွေ၊မိသားစုတွေရဲ့ချစ်ခင်ကြင်နာမှုကိုရရှိမယ်။ကိုယ့်ဘဝအတွက်အရေးပါတဲ့ ပညာရပ်တစ်ခုခု၊ဘဝသင်ခန်းစာတစ်ခုခုကိုရရှိပါလိမ့်မယ်။
နေ့သစ်အမှာစကားကတော့ သင့်ဘဝကိုယ်လုံခြုံနွေးထွေးစွာနေထိုင်ပါ။