ရရှိမယ့်တိုးတက်ခြင်းများ

ရရှိမယ့်တိုးတက်ခြင်းများ



1.. ပထမဆုံးအနေနဲ့ အလုပ်အကိုင် ၊စီးပွားရေး ၊ဝင်ငွေနဲ့ပတ်သက်ပြီး များစွာတိုးတက်လာမှာပါ ။အလုပ်မှာရာထူးတိုး ၊လစာတိုးခြင်း ကြုံရတတ်ပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေ တိုးချဲ့တာ ၊အရင်ကထက်ပိုပြီး စနစ်ကျအောင်စီမံတတ်လာပါလိမ့်မယ် ။အလုပ်ရှာနေသူများ တစ်ယောက်ယောက်ရဲ့အကူအညီနဲ့ အလုပ်ရတတ်ပါတယ် ။နောက်တစ်ခုအနေနဲ့ အချစ်ရေးပါ ။ချစ်ခင်သူပေါများလာတတ်ပါတယ် ။သို့သော် ရတာမလို ၊လိုတာမရဖြစ်ရတတ်တာမို့ နှလုံးသားနဲ့ဦးနှောက်လွန်ဆွဲရတတ်ပါတယ် ။ဘယ်လိုပဲဖြစ်ဖြစ် အချစ်ရေးကံကောင်းခြင်းလည်း ရှိလာပါလိမ့်မယ် ။

2..မင်းအတွက်ကံကောင်းခြင်းက စိတ်ပိုင်းဆိုင်ရာ ပြန်လည်သန်မာလာခြင်းပါ ။မမျှော်လင့်ထားတဲ့ ပျော်ရွှင်ခြင်းမျိုးကြုံရပါလိမ့်မယ် ။အမှတ်တရလက်ဆောင်လေးတွေ လက်ခံရရှိတတ်ပါတယ် ။ထူးခြားတဲ့နေ့ရက်လေးတွေကို ချစ်ခင်ရသူတွေနဲ့ ဖြတ်သန်းရဖို့ရှိတယ် ။နောက် ငွေကြေးကံများစွာတိုးတက်လာဖို့ရှိပါတယ် ။ကိုယ်ပိုင်အရည်အချင်းကြောင့် ဝင်ငွေပိုတိုးလာဖို့ရှိသလို ကံကြောင့်ငွေဝင်ပါလိမ့်မယ် ။ထီ ၊ကံစမ်းမဲကံအားကောင်းလာနေတဲ့အချိန်ဖြစ်ပါတယ် ။နောက် မင်းကိုပျော်ရွှင်စေမယ့်လူတစ်ယောက် ဘဝထဲကို ဝင်ရောက်လာဖို့ရှိပါတယ် ။