မင်းအတွက် ပိုကောင်းတဲ့ အခွင့်အလမ်း

မင်းအတွက် ပိုကောင်းတဲ့ အခွင့်အလမ်း



Pile-1~ မင်းဆီကို အခွင့်လမ်းကောင်းတွေရောက်လာတော့မယ် ရအောင်ယူတတ်ဖို့တော့ လိုမယ် မင်းဟာ ကိုယ်ပိုင် skills ရှိထားတဲ့လူဖြစ်တာမို့ ဒီ skills တွေကို ကောင်းစွာ အသုံးချပြီး မင်းလိုချင်တဲ့ ဘဝကို ရယူနိုင်တယ်။ တခါတလေ စိတ်ဓာတ်ကျအားငယ်နေတာမျိုးရှိရင် အမေ ၊ အမ သို့မဟုတ် အခြား အမျိုးသမီးတစ်ယောက်ယောက်ဆီကနေ Moti ယူပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရှိနဲ့ ကြိုးစားပါ။ မင်းရဲ့ လိုရာ ဆန္ဓတွေ မကြာခင်ပြည့်ဝ လာတော့မယ်။


Pile-2
~ မင်းဟာ ငွေကြေးကံ လုပ်ငန်းကံ တွေ သိသိသာသာ တိုးတက်ပြောင်းလဲ လာလိမ့်မယ်။ အရင်က အဆင်မပြေဖြစ်ခဲ့တာတွေကို ပြန်မတွေးပဲ ရှေ့ဆက်လျှောက်ပါ။ မင်း ကို ကူညီမဲ့ လူတွေ ရှိမယ်။ မင်း ဟာ လူချစ်လူခင် ပေါ်များလာမယ်။ စန်းပွင့်မယ်။ Ex ကိုစောင့်နေတဲ့လူဆိုရင် Ex နဲ့ ပြန်ဆုံရမယ်။ မင်းဟာ လူချစ်လူခင် ပေါ်သလို မင်းကို မနာလိုတဲ့လူတွေလဲရှိမယ်။ ရှေ့လျှောက်မင်းဘဝလေး ပို အဆင်ပြေလာလိမ့်မယ်။ငွေကြေးပို အဆင်ပြေချင်ရင် တတ်နိုင်သလောက် အလှူဒါနလေး ပြုပေးပါ။


Pile-3
~ မင်းဟာ မကြာခင်မှာ ခရီး သွားရမယ်။ Trip လည်းဖြစ်နိုင်တယ် ချစ်ရသူတွေနဲ့ သွားရတာမျိုးဖြစ်မယ်။ အချို့တွေကျ နိုင်ငံခြားမှာ အိမ်ရဲ့ အဝေးမှာ ပညာသင်ရတာ အလုပ်လုပ်ရတာမျိုးတွေ့တယ်။ မင်း ကို ကူညီမဲ့ လူရှိမယ်။ မင်းဟာ ဖော်ရွေပြီး စိတ်ကောင်းရှိတာမို့ လူချစ်လူခင်များတယ်။ သတိထားရမှာက အပေါင်းသင်းတွေရဲ့ သစ္စာဖောက်တာမျိုး။ မိတ်ဆွေစစ်ကိုသာ ပေါင်းပါ။ ရှေ့လျှောက်မင်း ဘဝက ပို ပျော်စရာကောင်းလာမယ်။ ခရီးတွေသွားရင်းနဲ့ ပျော်စရာတွေဖန်တီးန်ုင်မယ်။