မိမိမှာဘာတွေကြုံတွေ့ဖို့ရှိမလဲ

မိမိမှာဘာတွေကြုံတွေ့ဖို့ရှိမလဲ



P.1ကိုရွေးချယ်သူများအဖို့ကိစ္စ၂ခုတစ်ပြိုင်နက်ပေါ်ပေါက်လာပြီး၂ခုထဲကရွေးချယ်ရတာမျိုးဖြစ်တတ်ပါတယ်။မိမိမှာဆုံးဖြတ်ချက်ချဖို့ခက်ခဲနေတာမျိုးရှိတတ်ပါတယ်။မိမိကိုစိတ်၀င်စားသူ၂ဦးထဲကမှရွေးချယ်ရတာမျိုးရှိတတ်ပါတယ်။

P.2ကိုရွေးချယ်သူများကတော့မိမိလုပ်ဆောင်စရာများကိုပုံမှန်အတိုင်းလုပ်ဆောင်နေရတတ်ပါတယ်။ မိမိကအလုပ်ကြိုးစားနေပါတယ်။မိမိအလုပ်ကိစ္စများကိုတာ၀န်ယူနေရတတ်ပါတယ်။ဘယ်အရာမဆိုစိတ်ရှည်ဖို့လိုအပ်ပါတယ်။မိမိစထားသောကိစ္စကိုအဆုံးသတ်ပြီးမြောက်အောင်လုပ်ကိုင်လိုစိတ်များနေတတ်ပါတယ်။


P.3များကတော့မိမိရင်းနှီးမြှပ်နှံမှုများလုပ်ဆောင်လိုပါကလုပ်ဆောင်နိုင်ပါတယ်။ လွန်ခဲ့တဲ့၇လ ၇ပတ် ၇ရက်ကလုပ်ဆောင်ထားပါက ယခုအချိန်အကျိုးဖြစ်ထွန်းနေပါတယ်။မိမိစီးပွားရေးကအကျိုးအမြတ်အသီးအပွင့်ခံစားနေရတတ်ပါတယ်။ မိမိဖြစ်ချင်သောဆန္ဒများကိုဆုတောင်းပါကပြည့်၀လာဖို့ရှိပါတယ်။