ပန်းသေးခေါက်ဆွဲကြော်နည်း

ပန်းသေးခေါက်ဆွဲကြော်နည်း



ပန်းသေးခေါက်ဆွဲကြော်နည်း
━━━━━━━━━━━
★ပါ၀င်သောပစ္စည်းများ★
၁။ ကြက်ဥခေါက်ဆွဲခြောက် – ၃၀ ကျပ်သား (ရေနွေး ၃မိနစ်ခန့် ဖျော်ထားပေးပါ)
၂။ ကြက်ရင်ဗုံသား- ၁၅ကျပ်သား (အတုံး လေးများ တုံးပေးပါ)
၃။ ဂေါ်ဖီထုပ် – တစ်စိတ် ( အရွယ်အနေတော် လှီးပါ)
၄။ မုန်လာဥနီ – ၂ဥ (အရှည်လေးများ လှီးပါ)
၅။ တရုတ်နံနံပင် – ၁စည်း (ပါးပါးလှီးပါ)
၆။ ပဲငံပြာရည်(အကြည်) – စားပွဲတင်ဇွန်း တ၀က်
ရ။ ပဲငံပြာရည် (အနောက်) – စားပွဲတင်ဇွန်း တ၀က်
၈။ ကြက်သွန်နီ – တ၀က် (ပါးပါးလှီးပါ)
၉။ ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်ဆင်းပါ)
၁၀။ မာဆာလာ – လက်ဖက်ရည်ဇွန်း တ၀က်
၁၁။ ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
၁၂။ ငရုတ်ကောင်းမှုန့် – အနည်းငယ်
၁၃။ ကြက်ဥ – ၂လုံး (ဆား(လက်ဖက်ရည်ဇွန်းတ၀က်) ထည့်ပြီ ခလောက်ထားပါ)
★ပြင်ဆင်ပြုလုပ်နည်း★
၁။ ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း) ထည့်ပြီ ဆီပူလာလျှင် ကြက်သွန်ဖြူ ၊ ကြက်သွန်နီ များကို ဆီပူထိုးပေးပါ။
၂။ ပြီးလျှင် ကြက်သားများကို ထည့်ပြီ အရောင်ပြောင်းလာသည် အထိ မိနစ် အနည်းငယ် မွှေပေးပါ။
၃။ နောက်မှ ပဲငံပြာရည်(စားပွဲတင်ဇွန်း တ၀က်)၊ ဆား(လက်ဖက်ရည်ဇွန်း တ၀က်)၊ ငရုတ်ကောင်းမှုန့် (လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံ) ထည့်၍ ရောမွှေလိုက်ပါ။
၄။ ကြက်သားနူးအိရန် ရေ(လက်ဖက်ရည် ပန်းကန်လုံး ၁လုံး) ထည့်ပြီ ရောမွှေလိုက်ပါ။
၅။ ကြက်သား ရေနည်းနည်း ခန်းလာလျှင် မာဆာလာ(လက်ဖက်ရည်ဇွန်း တ၀က်) ထည့်လိုက်ပါ။
၆။ ဟင်းအနှစ်မခန်းခင် မီးပိတ်၍ ကြက်သားများကို ပန်းကန်တစ်ခုထဲ ပြန်ဆယ်ထားပေးပါ။
၆။ ထို့နောက် ခလောက်ထားသော ကြက်ဥများကို ဒယ်ထဲ ဆီပူလာလျှင် ထည့်၍ ကြော်ပြီ ပြန်ဖယ်ထားပေးပါ။
★ချက်ပြုတ်နည်း★
၁။ ဒယ်ထဲသို့ ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း) ထည့်ပြီ ကြက်သွန်နီထည့်ပြီ ဆီသပ်လိုက်ပါ။
၂။ ထို့နောက် မုန်လာဥနီ၊ ဂေါ်ဖီထုပ် ထည့်ပြီ ရောမွှေလိုက်ပါ။
၃။ နောက် ရေနွေးဖျောထားသော ခေါက်ဆွဲများကို ထည့်လိုက်ပြီ မွှေလိုက်ပါ။
၄။ ပြီးနောက် ရေ(လက်ဖက်ရည်ပန်းကန်လုံး တ၀က်)၊ ပဲငံပြာရည်အနောက်(စားပွဲတင်ဇွန်း တ၀က်)၊ ငရုတ်ကောင်းမှုန့် (အနည်းငယ်) ထည့်၍ ရောမွှေလိုက်ပါ။
၅။ ပြီးလျှင် ဖယ်ထားသော ကြက်သားများကို ထည့်ရောမွှေလိုက်ပါ။
၆။ နောက်ဆုံးမှ တရုတ်နံနံပင် အုပ်လိုက်ပါ။ ပြီးလျှင် ကြော်ထားသော ကြက်ဥကြော်ကို အပေါ်မှ တင်လိုက်ပါ။
၆။ အရသာကောင်းမွန်သော ပန်းသေးခေါက်ဆွဲကြော်ကို နှစ်သက်လျှင် သံပရာသီး၊ ငရုတ်သီးမှုန့် ဖြူး၍ စားသုံးနိုင်ပါပြီ….
𝗟𝗶𝘁𝘁𝗹𝗲 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗔𝗟 𝗕𝗮𝗿𝘀𝗵𝗮  crd####