ပန်းနာ ရင်ကျပ် ဗိုက်အောင့်ခြင်းနှင့် နားကိုက်ဝေဒနာ ပျောက်ကင်းစေတဲ့ ရှမ်းနံနံ

ပန်းနာ ရင်ကျပ် ဗိုက်အောင့်ခြင်းနှင့် နားကိုက်ဝေဒနာ ပျောက်ကင်းစေတဲ့ ရှမ်းနံနံ

ရှမ်းနံနံကို မြန်မာနိုင်ငံ အနှံအပြား ဒေသ အမျိုးမျိုးရဲ့ အစားအစာ
ဟင်းခတ်အမွေးအကြိုင် အဖြစ်အသုံးပြုကြသည်။
အရှေ့တောင်အာရှမှာ မြန်မာ , ကိုရီးယား , အိန္ဒိယ , ထိုင်း ဗီယက်နမ် တို့မှာလည်း
ဆေးအသုံးပြုကြတယ်။
သူတိုဆီမှာ-
ပန်းနာရင်ကျပ်
ဗိုက်အောင့်ခြင်း
နားကိုက်ဝေဒနာ
အစာချေစနစ် ပြဿနာ ( သန်ထခြင်း , ဝမ်းပျက်ခြင်း )
မြွေ ( သို့ )အင်းဆက် အကိုက်ခံရတာ အဖျားတက်တာ
ငှက်ဖျား ရောဂါတို့အတွက် ကုသနည်းအဖြစ် ထည့်သွင်း
အသုံး ပြုကြတယ်။
အရွက်ရော အမြစ်မှာပါ အဟာရဓာတ်ပါဝင်ပါတယ်။
နာကျင်ကိုက်ခဲခြင်းကို သက်သာစေတဲ့ အစွမ်းသတ္တိများပါဝင်ပါတယ်။
ရှမ်းနံနံမှာ သံဓာတ် , ဗီတာမင် အေ , စီ, ဗီတာမင် ဘီဝမ်း ,ဘီတူး , ကာဗိုဟိုက်ဒရိတ် ,
ခန္ဓာကိုယ်အကျိုးပြုဓာတ်များစွာပါဝင်ပါတယ်။
ခံတွင်းပျက်နေသူတွေအတွက် အစားချင်စိတ်ကိုဖြစ်စေပါတယ်။
တုတ်ကွေးဖြစ်တဲ့အခါ သက်သာစေတယ်။
ပန်းနာရင်ကျပ်ကို သက်သာစေတယ်။
အကိုက်အခဲပျောက်စေတယ်။
နာကျင်ခြင်း ရောင်ရမ်းခြင်း အဆစ်နာခြင်းတွေကို သက်
သာစေတယ်။
နားကိုက်တာ , ဗိုက်အောင့်တာ,ခေါင်းကိုက်ခြင်း တွေအတွက် ရှမ်းနံနံ ရေနွေးကြမ်းကို
သောက်သုံးလေ့ရှိပါတယ်။
#ဆီးချိုကို ကျစေတယ်။
ပျို့အန်ခြင်း , ဝမ်းပျက်ခြင်း , အအေးမိခြင်း , နမိုးနီးယား ဗိုက်အောင့် ဗိုက်နာခြင်းတွေ
အတွက် ရှမ်းနံနံကို အသုံးပြုလေ့ ရှိပါတယ်။
ပင့်ကူ ကိုက်ခံရရင် ရှမ်းနံနံရွက်ကို ကြိတ်ချေပြီးလိမ်းပေးရင်သက်သာတယ်လို့ ဆိုကြပါတယ်..