မင်းသာ နတ်ဘုရားတစ်ပါးဖြစ်ခဲ့မယ်ဆိုရင် ဘယ်လိုနတ်ဘုရားမျိုးဖြစ်မလဲ

မင်းသာ နတ်ဘုရားတစ်ပါးဖြစ်ခဲ့မယ်ဆိုရင် ဘယ်လိုနတ်ဘုရားမျိုးဖြစ်မလဲ



Pile - 1.
မင်းကတော့ နတ်ဘုရားတစ်ပါး ဖြစ်ခဲ့မယ်ဆိုရင် ဘယ်လို နတ်ဘုရားမျိုး ဖြစ်နိုင်မလဲဆိုတော့…….မင်းက ကမ္ဘာပေါ်မှာရှိတဲ့သက်ရှိတွေကို ဖန်ဆင်းတဲ့ နတ်ဘုရားတစ်ပါးဖြစ်ပါလိမ့်မယ် ။ အဲ့အတွက်ကြောင့် မင်းရဲ့ဘဝမှာ ပိုပြီးကံကောင်းချင်တယ် ၊ ဘာပဲလုပ်လုပ်အဆင်ပြေအောင်မြင်ချင်တယ်ဆိုရင် တိရိစ္ဆာန်လေးတွေအပေါ်မှာ ပိုပြီးကြင်နာမှုရှိဖို့ လိုပါလိမ့်မယ် ။ ကူညီပေးရမယ် ။နောက်ပြီး မင်းရဲ့ဘဝမှာကြုံနေရတဲ့ အခက်အခဲလေးတွေပြေလည်အောင် ၊ အဆင်ပြေအောင် တိရိစ္ဆာန်လေးတွေကို အစာကြွေးပြီးဒါနကုသိုလ်ကောင်းမှုလုပ်ပြီး ဆုတောင်းလို့ရပါတယ် ။ ဒီ pile ကို ရွေးတဲ့လူတွေထဲက အများစုဟာ တိရိစ္ဆာန်ချစ်တဲ့လူတွေ ဖြစ်နေနနိုင်ပါတယ်
 

Pile - 2
မင်းကတော့ နတ်ဘုရားတစ်ပါး ဖြစ်ခဲ့မယ်ဆိုရင် ဘယ်လို နတ်ဘုရားမျိုး ဖြစ်နိုင်မလဲဆိုတော့…….မင်းက
ကမ္ဘာပေါ်မှာရှိတဲ့ သစ်ပင်ပန်းပင်မျိုးစုံကို ဖန်ဆင်းတဲ့ နတ်ဘုရားတစ်ပါးဖြစ်ပါလိမ့်မယ် ။ အဲ့အတွက်ကြောင့် မင်းရဲ့ဘဝမှာ ပိုပြီးကံကောင်းချင်တယ် ၊ ဘာပဲလုပ်လုပ်အဆင်ပြေအောင်မြင်ချင်တယ်ဆိုရင် သဘာဝပတ်ဝန်းကျင်နဲ့ အပင်လေးတွေကို ဂရုစိုက်ပြီး ထိန်းသိမ်းစောင့်ရှောက်ဖို့လိုပါလိမ့်မယ် ။ မင်းရဲ့အနီးအနားမှာ သစ်ပင်ပန်းပင်လေးတွေကို ထားခြင်းဖြင့် မင်းရဲ့ ကံကောင်းမှုကို ပိုပြီးမြင့်တင်နိုင်ပြီး မင်းရဲ့စိတ်ကို ပိုပြီးအေးချမ်းစေပါလိမ့်မယ် ။ အထူးသဖြင့် မင်းရဲ့အိပ်ခန်းနဲ့ ခြံထဲမှာ အပင်လေးတွေထားတာမျိုး ၊
စိုက်ပျိုးတာမျိုးလေးတွေလုပ်သင့်ပါတယ်နော်


Pile - 3
မင်းကတော့ နတ်ဘုရားတစ်ပါး ဖြစ်ခဲ့မယ်ဆိုရင် ဘယ်လို နတ်ဘုရားမျိုး ဖြစ်နိုင်မလဲဆိုတော့…….မင်းက ကမ္ဘာပေါ်မှာရှိတဲ့ မီးစွမ်းအင်နဲ့မြေကြီးကို ဖန်ဆင်းတဲ့ နတ်ဘုရားတစ်ပါးဖြစ်ပါလိမ့်မယ် ။ အဲ့အတွက်ကြောင့် မင်းရဲ့ဘဝမှာ ပိုပြီးကံကောင်းချင် တယ် ၊ ဘာပဲလုပ်လုပ်အဆင်ပြေအောင်မြင်ချင်တယ်ဆိုရင်တော့
ပူလောင်တဲ့ဒေါသစိတ်နဲ့အတ္တစိတ်တွေကို တက်နိုင်သမျှလျော့ရပါလိမ့်မယ် ။ နောက်ပြီး မင်းရဲ့ဘဝမှာ မီးလိုမျိုး လူတွေကိုအလင်းရောင်ပေးနိုင်တဲ့ ပုံစံမျိုးနဲ့ပဲ ရှင်သန်ပါ ။ မလောင်မြိုက်ပါစေနဲ့ ။ မြေကြီးလိုမျိုး စိတ်ဓာတ်မာကြောစွာရှင်သန်ပြီးကိုယ့်ရဲ့ မိသားစု ၊ ပတ်ဝန်းကျင်ကို အကျိုးပြုပါ ။ မင်းဟာတစ်ပါးသူတွေအပေါ်မှာ ရိုးရှင်းစွာဖြူစင်တဲ့ကူညီတက်တဲ့စိတ်ထားရှိမယ်ဆိုရင် အောင်မြင်လာပါလိမ့်မယ်နော်