သက်ဆိုင်သူဆီကစာတစောင်?

သက်ဆိုင်သူဆီကစာတစောင်?



1..မင်းနဲ့ကိုယ်နဲ့ကတော့မတူတဲ့ရှုထောင့်တွေ အမြင်တွေသိပ်များတယ် မင်းကလည်းခေါင်းမာတယ် ဘူးဆိုဖရုံမသီးဘူး ဒါကြောင့်ကိုယ်တို့မှာကတောက်ကဆတွေသိပ်များတယ် ဒါပေမယ့်မင်းသိလား ဘယ်လောက်ကတောက်ကဆတွေများများကိုယ်တိုါတယောက်ကိုတယောက်သံယောဇဉ်တွေခိုင်မာပြီးမပြတ်တောက်နိုင်ခဲ့ကြဘူး ဘာအပေါ်ယံပကာသနဂုဏ်ဒြပ်တွေမပါပဲ စစ်မှန်တဲ့ချစ်ခြင်းတွေနဲ့တယောက်ကိုတယောက်ချည်နှောင်ခဲ့ကြတာကိုတော့ကိုယ်အကျေနပ်ဆုံးပါပဲ


2..မင်းနဲ့နေရတာနွေးထွေးတယ် စိတ်လုံခြုံမှုရတယ် ကိုယ်ယုံကြည်မှုတွေကိုတော့သစ္စာမဖောက်ပါနဲ့ ကိုယ်ကစိတ်နှစ်ပုံအပ်တတ်သူမို့ပိုနာကျင်ရလို့ပါ မင်းကိုစိတ်လုံခြုံမှုပေးပါ့မယ်မင်းအတွက်လုံခြုံနွေးထွေးတဲ့ဘဝတခုပေးပါ့မယ် ကိုယ့်ကိုသာသစ္စာမဖောက်ပါနဲ့ ကိုယ်တို့အေးအေးဆေးဆေးလေးပဲဘဝကိုဖြတ်ကျော်ရအောင်ပါ


3..ကိုယ်ကသိပ်အလုပ်များတယ် ခေါင်းရှုပ်စရာတွေအာရုံစားစရာတွေများလို့မင်းကိုတော့သိပ်ဂရုမစိုက်အချိန်မပေးနိုင်တာနားလည်ပေးပါ ဒါကိုပြသာနာမရှာစေချင်ပါဘူး ကိုယ့်ခေါင်းထဲမှာတော့မင်းအကြောင်းရှိပါတယ်