အခုချိန်မှာ သင့်အတွက်ဘာတွေလိုအပ်နေလဲ...

အခုချိန်မှာ သင့်အတွက်ဘာတွေလိုအပ်နေလဲ...



1... သင့်ရဲ့လုပ်ဆောင်ပုံနေထိုင်ပုံ တနေ့တာဖြတ်သန်းပုံတေကိုပြောင်းလဲပါ ကိုယ့်ကိုယ်ကိုပိုပီးအရည်အချင်းရှိတဲ့သူတစ်ယောက်ဖစ်အောင် နေထို​င်ပါ သင်မျက်စိနဲ့မမြင်နိုင်ပေမဲ့သင့်စိတ်ကသိနှင့်ပီးသားကိစ်စတေဟာတကယ်ဖစ်နေတာပါ သင်ခံစားမိတဲ့ခံစားချက်တိုင်းကိုယုံကြည်ပါ သူများတေရဲ့အပြောအမြင်တေကိုဂရုမစိုက်နေပါနဲ့ သင်ခံစားရတာကိုဘဲသင်ယုံကြည်လိုက်ပါ ပီးတော့သင့်ကိုယ်ပိုင်အလှနဲ့တန်ဖိုးကိုအသိမှတ်ပြုပေးပါ...

ထိုးထွင်းဉာဏ်ရှိပီးတီထွင်ဖန်တီးနိုင်တဲ့စွမ်းရည်တေကိုပိုင်ဆိုင်ထားတယ် သင်လုပ်နေတဲ့သင့်အတွက်အကျိုးဖစ်စေမယ့်အရာတေအပေါ်ကိုပိုအာရုံစိုက်သင့်နေပါတယ်နော် သင့်ရဲ့စိတ်အားထက်သန်မှုက သင့်ဘဝကိုပိုပီးအောင်မြင်စေပါလိမ့်မယ်....

အခုချိန်မှာသင့်အတွက်တန်ဖိုးအရှိဆုံးလုပ်ရပ်နဲ့သင့်ဘဝတွက်ဘယ်အရာကပိုကောင်းတယ်ဆိုတာကို အတိအကျဆုံးဖြတ်ပီး အ့ဆုံးဖြတ်ချက်ကိုရှေ့တန်းတင်ပီးကြိုးစားပါ အခြားသောမလိုလားအပ်တဲ့ကိုယ့်အတွက်unhealthyဖစ်နေစေတဲ့အရာတေအပေါ်အာရုံစိုက်နေတာတေကိုရပ်ပါ...

အကျဥ်းချုပ်
-တစ်ဖက်လူအပြောအမြင်တေကိုမယုံနဲ့ကိုယ့်ကိုယ်ကိုသာယုံ
-ရှေ့လျှောက်ဘဝမှာပျော်စေဖို့လက်ရှိအရာတေအပေါ်ကြိုတင်ပြင်ဆင်ကြိုးစားထားသင့်တယ်
-ကိုယ့်အတွက်လက်ရှိဘယ်အရာကတန်ဖိုးရှိတယ်ဆိုတာကိုသိပီးလက်ခံပါ


2....သင့်ရဲ့soul ထဲမှာ spiritual powerရှိတယ် သင့်ရဲ့စိတ်နှလုံးနဲ့ရင်းရင်းနှီးနှီးနေသင့်တယ် သင့်ရဲ့စိတ်ကလက်ရှိဘာကိုတောင့်တ လမ်းညွှန်နေသလဲအ့အရာကိုသင်လုပ်သင့်နေပါတယ် ဒါမှမဟုတ် လိုချင်တာလုပ်ချင်တာမရှိပုဆိုရင်လဲ တစ်ကိုယ်ရည်ပြောင်းလဲမှုအတွက်ဘာတွေလိုအပ်လဲတွေးပါ ပီးရင်သင်လိုအပ်နေတဲ့ကွက်လပ်လေးတေကိုတတ်နိုင်သလောက်ဖြည့်ကြည့်ပါ...

ကိုယ့်ကိုယ်ကိုကျေးဇူးတင်ပါ ဒီနေ့ဘယ်လိုအကောင်းဆုံးဖြတ်သန်းခဲ့သလဲ ဖြတ်သန်းခဲ့တဲ့အပေါ်ကျေးဇူးတင်ပါ ပျော်ရွှင်ခဲ့ရင်လဲအ့အရာအတွက်ကျေးဇူးတင်လိုက်ပါ ကိုယ့်ရဲ့တိုးတက်မှုအတွက်နည်းသည်ဖစ်စေများသည်ဖစ်စေဂုဏ်ယူလိုက်ပါ...

အခုချိန်မှာအလိုအပ်ဆုံးက ယုံကြည်ချက်ဘဲ ကိုယ့်ရဲ့soulကိုယုံတာလား ကိုယ့်ရဲ့ဆုတောင်းတေတကယ်ဖစ်လာမယ်ဆိုတာကိုယုံတာလားအ့လိုပေါ့ ကိုယ်အားခဲထားတဲ့အရာတခုအပေါ်ယုံကြည်ချက်တခုပေးဖို့လိုတယ် (လူတေကိုယုံခိုင်းတာမဟုတ်ပုနော်)ကိုယ့်ကိုယ်ကိုယုံတာကိုယ့်ရဲ့စိတ်ကခံစားရတာကိုယုံတာ ကိုယ်ကကောင်းတဲ့အရာတေကိုလက်ခံရရှိမယ်ဆိုတာကိုယုံတာမျိုးပေါ့...

အကျဥ်းချုပ်
-စိတ်ဝိဉာဥ်အားကောင်းတယ်စိတ်ရဲ့ပြောတဲ့စကားကိုယုံ
(ဥပမာ-ငါထင်တာမှားနေတာလား အ့လိုမဖစ်နဲ့ငါထင်တာအမှန်ဘဲဆိုတာကိုယုံထား)
-ကိုယ့်ရဲ့အသိအမြင်တိုးတက်မှုတေ ပီးပြည့်စုံနေတဲ့အခုအခိုက်တန့်ကို ဂုဏ်ယူပါ
-ကိုယ့်အတွက်ကောင်းမွန်တဲ့အရာတေထပ်ရှိသေးတာကိုလဲလက်ခံပါ