မင်းကိုယ်တိုင် လုပ်သင့်လုပ်ထိုက်တဲ့ အရာလေးများ

မင်းကိုယ်တိုင် လုပ်သင့်လုပ်ထိုက်တဲ့ အရာလေးများ



1... အခုချိန်မှာ သင်အကြိုက်ဆုံးသီချင်းတစ်ပုဒ်ကိုစိတ်လွတ်ကိုယ်လွတ်သီဆိုလိုက်ပါ ပီးရင်အ့သီချင်းဆိုခြင်းရဲ့ရလာတဲ့ခံစားချက်ကဘယ်လိုလဲဆိုတာကိုခံစားကြည့်ပါ။ သင့်ခံစားချက်တေကိုတင်းမထားဘဲသီချင်းလေးနဲ့ထုတ်ဖော်ပီးဆိုချလိုက်ပါ။ ခါး၊ကျော၊ဇာတ်ကြောတက်နေတာကို သေချာနှိပ်နယ်လေ့ကျင့်ခန်းလုပ်ပါ ။ တနေ့ကို၁၅မိနစ်လောက် အပြင်ထွက်ပီး ပြင်ပလေကို ပြင်ပအထိတွေ့ကိုခံစားကြည့်ပါ။အခုပြောပြသွားတာကလတ်တလောသင့်ကိုယ်သင်self careသင့်တဲ့အရာတွေပါ။ကိုယ့်ကိုယ်ကိုသေချာဂရုစိုက်ပါ.


2...စိတ်တွေအဆင်မပြေရင် တရားထိုင်ပါ။ဘုရားဝတ်ပြုပါ။အခြားသောဘာသာရှင်တေဆိုရင်တော့ မိမိသက်ဆိုင်ရာဝတ်ပြုဆုတောင်းပါ။ ကိုယ့်ရဲ့ပိုက်ဆံဝင်ငွေထွက်ငွေကိုစီစစ်ပါ planချပါ။ စုဆောင်းသင့်တာစုဆောင်းပါ။ ခန်ဓာကိုယ်ကိုသန့်စင်အောင်နေပါ။တနဂ်နွေနေ့မှာခေါင်းလျှော်ပါ စိတ်ရှုပ်စရာအညစ်အကြေး မကောင်းတဲ့energyတေကိုသန့်စင်တယ်လို့တွေးပီး လျှော်ချပေးပါ။ အမြဲခန်ဓာကိုယ်ကိုသန့်စင်စွာနေပါ အမွှေးအကြိုင်သုံးပါ။ ပီးရင် ကိုယ့်ခန်ဓာကို သေချာဂရုစိုက်ကြည့်ပါ ။ဆံပင်လေးတွေ၊လက်သည်းလေးတေ၊အသားအရည်လေးတေကို သေချာပြုပြင်ကြည့်ပါ။နတ်ဘုရားမတပါးလိုသန့်စင်သွားတယ်လို့ထင်တဲ့ထိကိုယ့်ကိူယ်ကိုသန့်စင်လိုက်ပါ။ ဒါလေးတေက လတ်တလောစိတ်ရှုပ်နေရင်လုပ်သင့်တဲ့ self careလေးတွေပါ။ ကိုယ့်ကိုယ်ကိုဂရုစိုက်ဖို့မမေ့နဲ.