ဖေဖော်ဝါရီလတစ်လလုံးကံဇာတာ

ဖေဖော်ဝါရီလတစ်လလုံးကံဇာတာ




Pile 1

စီးပွားရေး - အစစအရာရာတိုးတက်တိုးချဲ့မှုတွေပြုလုပ်လာရတာမျိုးဖြစ်တည်လာတာမျိုးတွေတွေ့ရပါတယ်ကိုယ်အရင်ကအဆင်မပြေခဲ့တာတွေကြိုးစားခဲ့ရတာတွေကအကျိုးဖြစ်ထွန်းလာပြီးအဆင်ပြေလာတော့မယ့်အချိန်ပါ

ငွေကြေး - မထင်မှတ်ထားပဲငွေဝင်ကိန်းတွေတွေ့ရပါတယ်ရှင့်ထီထိုးထားရင်ထီပေါက်တတ်တာမျိုးတို့,မုန့်ဖိုးရုတ်တရက်ရတာမျိုးတွေကနေငွေတွေဝင်တတ်ပါတယ်လက်ဆောင်ရတာလေးတွေလဲတွေ့ရပါတယ်

အချစ်ရေး - အချစ်ရေးကတော့ကိုယ့်ကိုသဘောကြချစ်ခင်လေးစားတဲ့သူတွေပိုပေါ်ပေါက်လာတာမျိုးတွေစန်းပွင့်နေတာတွေတွေ့ရပါတယ်ကိုယ့်ကိုရည်းစားစကားဖွင့်ပြောလာနိုင်တာမျိုးလေးတွေလဲရှိပါတယ်

ပညာရေး - နှောင့်နှေးနေတာမျိုးလေးတွေတွေ့ရပါတယ်ကိုယ်အပျော်အပါးမက်နေတာမျိုးလေးတွေကိုယ်ထင်သလောက်မှန်းထားသလောက်အဆင်မပြေတာမျိုးလေးတွေတွေ့ရပါတယ်ကြိုးစားမှုလေးတွေကသာဆက်လက်လုပ်ဆောင်ပါ


Pile 2

စီးပွားရေး - အခုလောလောဆယ်အချိန်မှာစီးပွားရေးအလုပ်အကိုင်အသစ်တွေပြောင်းတာကိုယ်ပိုင်စီပွားရေးလုပ်ကိုင်တာမျိုးတွေဆိုလုံးဝစတင်လုပ်ကိုင်သင့်တဲ့အချိန်ပါအသစ်ဆန်းသစ်သောအရာတွေကကိုယ့်ကိုအကျိုးအရမ်းပြုပါတယ်

ငွေကြေး - ငွေအသုံးအရမ်းများနေတာမျိုးလေးတွေတွေ့ရပါတယ်နော်ငွေကြေးရေးရာပိုင်းကိုနည်းနည်းအထိန်းအကွပ်ရှိပေးပါချင့်ချိန်ပေးပါနော်ဒီကာလကငွေဝင်တာနဲ့ထွက်တာနဲ့ကထပ်တူညီနေတတ်လို့ပါ

အချစ်ရေး - အချစ်ရေးမှာအရမ်းကြီးထွေထွေထူးထူးတော့မရှိပေမယ့်ကိုယ့်ကိုကြိတ် crushနေတဲ့သူတစ်ယောက်တွေ့ရပါတယ်သူကကိုယ်နဲ့ရင်းနှီးတဲ့သူတစ်စုထဲကပါပဲဒါပေမယ့်အဝေးကပဲကြည့်နေပြီးတော့ထုတ်ပြောဖို့အစီအစဥ်မရှိသေးပါဘူး

ပညာရေး - အဆင်ပြေနေမယ်လိုချင်တဲ့အမှတ်တွေလိုချင်တဲ့ပန်းတိုင်တွေကိုရရှိရောက်ရှိနေတာမျိုးတွေတွေ့ရတယ်ကိုယ့်ဘက်ကစာတွေအရမ်းကိုဖိလုပ်တာတို့ဘာတို့ဆိုသတိထားပေးပါနော်ကျန်းမာထိခိုက်စေတတ်လို့ပါ


Pile 3

စီးပွားရေး - ဆက်လက်တိုးချဲ့ဖို့လုပ်ကိုင်ဖို့အတွက်ကိုတော့အခုအချိန်ကတတ်နိုင်ရင်မလုပ်သေးတာပိုကောင်းပါလိမ့်မယ်အလုအချိန်မှာကိုယ်မသိသေးတယ့်စီးပွားရေးနယ်ပယ်တွေကိုလေ့လာပါသင်ယူပါခဏလောက်အချိန်ပေးပါ

ငွေကြေး - ငွေရေးကြေးရေးကံကောင်းနေပါတယ်ကိုယ့်ကိုအဘက်ဘက်ကနေကူညီပံ့ပိုးထောက်ပံ့နေတာမျိုးတွေတွေ့ရပါတယ်ကိုယ်ကငွေကြေးအတွက်စိတ်ပူပင်စရာမလိုတော့အောင်ကူညီပေးနိုင်တယ့်လူတစ်ယောက်ထွက်ပေါ်လာတတ်ပါတယ်

အချစ်ရေး - စိတ်ရှုပ်စရာလေးတွေတော့အနည်းအကျဥ်းတွေ့ရပါတယ်နှစ်ယောက်သားအမြင်ချင်းသဘောထားချင်းကွဲလွဲနေတတ်တာမျိုးလေးတွေတော့ရှိပါတယ်လူသူအကြားထဲမှာလဲပိုမျက်နှာရတာမျိုးလေးတွေလဲမြင်ရပါတယ်

ပညာရေး - အခုကြိုးစားနေတဲ့စံနှုန်းအတိုင်းသာဆက်သွားပါအခုလောလောဆယ်ချက်ချင်းကြီးမဟုတ်ရင်တောင်တဖြေးဖြေးလေးနဲ့ဖြစ်ထွန်းအဆင်ပြေသွားတာမျိုးတွေ့ရပါတယ်ယုံကြည်မှုရှိရှိဝီရိယရှိရှိနဲ့သာကြိုးစားပါအဆင်ပြေမှာပါ