ာသင့်ကိုစောင့်ကြိုနေတဲ့ အရာတွေကဘာတွေဖြစ်မလဲ

ာသင့်ကိုစောင့်ကြိုနေတဲ့ အရာတွေကဘာတွေဖြစ်မလဲ



Pile 1 ကိုရွေးချယ် ထားကြသူများကတော့ -
အလုပ်အကိုင်ရရှိဖို့ ရှာဖွေနေသူများအနေဖြင့် အလုပ်အကိုင်အခွင့်လမ်းတွေ ပေါ်လာပါလိမ့်မယ်။ အလုပ်ပြောင်းဖို့ ကြံစည်နေသူများကလည်း အလုပ်အသစ်ပြောင်းနိုင်မည့် အခွင့်အလမ်းတွေရှိပါတယ်။ယခင်က ခက်ခက်ခဲခဲ ကြိုးစားထားခဲ့ရသမျှ ကိစ္စရပ်အားလုံး လမ်းစများ တဖြည်းဖြည်းပေါ်လာကာ ရလဒ်ကောင်းတွေရရှိဖို့ အနေအထားပေါ်ပေါက်လာပါလိမ့်မယ်။ ငွေတွေအမြောက်အများ ဝင်လာတတ်ပြီး အကျိုးရှိရှိ အသုံးချဖို့ကြံစည်သင့်ပါတယ်။ ကိုယ်ပိုင်လုပ်ငန်းတခုကို စတင်လုပ်ကိုင်မယ့်သူတွေကတော့ လမ်းကြောင်းပြ အကူအညီပေးမယ့်သူတွေ ပေါ်ပေါက်လာပါလိမ့်မယ်။ ကိုယ်ကူညီခဲ့ဖူးတဲ့ လူတွေထံမှ ကျေးဇူးပြန်ဆပ်တာတွေ ရရှိလာပါလိမ့်မယ်။

ငွေကိုလိုအပ်မှသာအသုံးချပါ။ အတွေးမများသင့်၊စိတ်မပျော့ညံ့သင့်၊ဆုံးဖြတ်ချက်များ အားမနည်းသင့်ပါ။ မိမိသတ်မှတ်ထားသော ဘောင်အတွင်းမှမတွေးခေါ်ပဲ မတူညီသော ဘက်များမှ အတွေးအခေါ်များ စဥ်းစားသုံးသပ်ဖန်တီးနိုင်အောင်ပြုလုပ်ပါ။ ကိုယ်ချင်းစာတရား နားလည်မှုများပေးပြီး အပြန်အလှန်မေတ္တာတရားများ ထားတတ်အောင်ကြိုးစားကြည့်ပါ။ ရင့်ကျက်သော အတွေးအခေါ် ဆုံးဖြတ်ချက်များ ဖြစ်ပေါ်လာအောင် အချိန်ပေးပြီး လေ့လာပါ။ လူမှုပေါင်းသင်းဆက်ဆံရေး တိုးတက်အောင် ကြိုးစားဖို့မှာ အင်မတန်အရေးကြီးပါတယ်။


Pile 2 ကိုရွေးချယ် ထားကြသူများကတော့ -
သင်တို့ဝါသနာပါတဲ့ ပညာရပ်တွေ ကြံစည်ထားတဲ့ ဆန္ဒအိပ်မက်တွေ ရှိနေရင် အကောင်အထည်ဖော်ဖို့ စတင်ကြိုးစားသင့်တဲ့ အခွင့်အခါကောင်းပါ။ အောင်မြင်မှု ရလဒ်ကောင်းများကို ဆာလောင်မွတ်သိပ်နေတဲ့ သင်တို့ကတော့ အချိန်တိုအတွင်းလေးမှာ ကြိုးစားမှုတွေ သိသိသာသာတိုးတက်နေပါလိမ့်မယ်။ အခက်အခဲကြားကနေ အောင်မြင်အောင်ကြိုးစားရတာကို ပျော်နေတတ်သူဆိုလည်းမမှားပါဘူး။အပေါင်းအသင်း မိတ်ဆွေကောင်းများဆီမှ အကြံညဏ်များ မိမိဖြစ်ချင်သော ဆန္ဒခရီးလမ်းကို အရောက်လှမ်းနိုင်မည့် လမ်းစများပေါ်လာတတ်ပါတယ်။

အပျော်အပါးကို တတ်နိုင်သလောက်လျှော့ပါ။မာန်မာနကြီးခြင်း၊ ခေါင်းမာခြင်း၊ စကားပြောဘုဆတ်ဆတ် လူ့ခွစာလုပ်တတ်ခြင်းများကိုလည်း အတတ်နိုင်ဆုံး ထိန်းသိမ်းပေးပါ။ ရန်သူမိတ်ဆွေ မသဲကွဲနေသည့် သင့်အတွက် ထိုအချက်လေးတွေက သင့်ဘဝအဆင်ပြေစေဖို့ အထောက်အကူများ ဖြစ်စေပါလိမ့်မယ်။


Pile 3 ကိုရွေးချယ် ထားကြသူများကတော့ -
အလွန်သတိထားရမယ့် အနေအထားမှာရှိပါတယ်ဗျ။ သင်တို့ကစိတ်ရင်းကောင်းသော် အပြောအဆိုမတတ်သည့်အတွက် ကြိမ်ဖန်များစွာ ပြသနာတက်ရသူများဆိုလဲ မမှားဘူးထင်ပါတယ်။စိတ်ရင်းစေတနာဖြင့်ပြောဆိုသော်လည်း အပြောမတတ်၍ ဆဲသလိုဖြစ် စေတနာကဝေဒနာတွေဖြစ်ကုန်ပြီး လူမုန်းများခံရပါတယ်။ ၂၀၂၄မှာတော့ အတတ်နိုင်ဆုံး ကြား၃ကြားဝင်ဖြန်ဖြေကူညီပေးခြင်းများကို တတ်နိုင်သမျှရှောင်ပါ။ ပဲလှော်ကြားဆားညပ်သည့် အနေအထားမျိုးသာမက မဆီမဆိုင်လူကြမ်းတယောက်ဖြစ်သွားရတတ်ပါတယ်။

မိမိဘဝအား တိုးတက်အောင် ဖန်တီးကြိုးစားနေသည့် ဘဝခရီးမှာလည်း အနှောင့်အယှက်ပေးမဲ့သူများ ခဏခဏပေါ်လာတတ်သည့်အတွက် စကားအပြောအဆို သတိပြုပေးပါ။ မိမိဘဝပြိုလဲနိုင်သည်အထိ အတိုက်အခိုက်များ ချောက်တွန်းခြင်း အထင်လွဲခံရ ပြစ်တင်ပြောဆိုခံရခြင်းများရှိသည့်အတွက် အနေအထိုင်တော်တော်ဆင်ခြင်မှတော်ကာကြမယ်လို့ သတိပေးပါရစေ။