သင့်အပေါ်သက်ရောက်နေတဲ့အိမ်တွင်းရေး

သင့်အပေါ်သက်ရောက်နေတဲ့အိမ်တွင်းရေး



1..ဒီထဲက ကလေးတွေက ငယ်ဘဝကကြီးကြီးမားမား psycho ဖြစ်လောက်စရာမရှိပါဘူး မိဘတွေကမပြည့်စုံရင်တောင်စိတ်ထားပြည့်ဝတတ်တဲ့သူတွေပါ၊မရှိရင်တောင်ဝေမျှပေးတတ်တဲ့စိတ်ထားလေးကြောင့် အရမ်းကြီးစိတ်ဒဏ်ရာရလောက်တဲ့ထိ နာကျင်စရာမျိုးတော့မရှိပါဘူးသိပ်ကိုနွေးထွေးရိုင်းပင်းကြတဲ့ငယ်ဘဝမိသားစုလေးပါသင့်ကိုမပြည့်စုံရင်တောင်သူများအောက်မကျရအောင်ထားပေးခဲ့ပါတယ်၊အိမ်တွင်းရေးအတိုက်မရှိပါဘူးဒါပေမယ့် မောင်နှမရှိသူတွေမှာ တဇွတ်ထိုးဆန်တဲ့လုပ်ရပ်တွေကြောင့် အိမ်သားတွေစိတ်ဆင်းရဲရတတ်ပါတယ်။

အခုအချိန်မှာကြီးကြီးမားမားရနေတဲ့စိတ်ဒဏ်ရာရယ်လို့မရှိပေမယ့် ထစ်ခနဲရှိစိတ်တိုတတ်တာတွေ၊
ကြိုးစားနေရင်းလမ်းလွဲသွားတတ်တာတွေဖြစ်တတ်ပါတယ်သင်ဟာကြင်နာမှုကိုရင်ဘတ်ထဲထိသယ်ဆောင်လာပြီးဝေမျှတတ်သူဖြစ်ပါတယ်ဘာပဲလုပ်လုပ် အောင်မြင်အောင်လုပ်ဆောင်ဖို့စိတ်ကူးစိတ်သန်းကောင်းတွေအများကြီးထားတတ်ပါတယ်နော်


2...ဒီထဲက ကလေးတွေကငယ်ဘဝမှာအမှန်တရားကိုလိုက်ရှာရင်းနဲ့ ငယ်ဘဝကုန်ဆုံးခဲ့ကြရတယ်...ဘယ်အရာကဒိလိုတွေဖြစ်စေတာလဲလို့တွေးရင်းနဲ့ပဲ ပျော်ရွှင်မှုတွေပျောက်ဆုံးကုန်ရတယ်၊အိမ်တွင်းရေးပြဿနာနဲ့ မိဘတွေဖောက်ပြန်မှုတွေ၊မောင်နှမတွေရဲ့ကလန်ကဆန်လုပ်ရပ်တွေကြောင့်ရင်ဘတ်ထဲက အမာရွတ်လေးပါလာသူလေးတွေပေါ့ဒါပေမယ့်သင်က‌ပြိုလဲမသွားပဲ ငါ့အလှည့်ကြရင်အကောင်းဆုံးလုပ်ပြမယ်ဆိုတဲ့စိတ်နဲ့
သူများကလေးတွေလိုမဟုတ်ပဲအရွယ်မရောက်မှာပဲ ဘဝသင်ခန်းစာအများကြိးရပြီး ရင့်ကျက်လာခဲ့သူဖြစ်ပါတယ်။

အိမ်တွင်းရေးအတိုက်ရှိပါတယ်အနီးအနား မိတ်ဆွေ မနာလိုသူတွေနဲ့အဆင်မပြေအောင်ချောက်ချမှုတွေရှိနေပါတယ်နော်အခုအချိန်မှာသင်ဟာငယ်ဘဝစိတ်ဒဏ်ရာကိုအဆိုးဖက်ကိုမသွားပဲ သင့်လိုမခံရအောင်၊ အားမငယ်ရအောင် ဘဝကိုအရှုံးမပေးအောင် ပြန်‌လည်ဝေမျှ လမ်းပြပေးတတ်သူအဖြစ်ရပ်တည်နေပါတယ်၊
အကောင်းဆုံးတွေကိုတွေးတတ်ပြီးအ‌ဆိုးဆုံးတွေအချိန်မရွေးလာတတ်ကြောင်းကိုအပေးအယူမျှတစွာ စဉ်းစားတွေးခေါ်ပြီးရပ်တည်နေပါတယ်နော်


3..ဒီထဲက ကလေးတွေက ငယ်ဘဝမှာ ဖြစ်ချင်တာထက် ဖြစ်သင့်တဲ့လမ်းကို မတွေဝေပဲလျှောက်ခဲ့ရသူတွေ၊
အရွယ်မရောက်ခင်မှာ တာဝန်တွေပြည့်နေရသူလေးတွေပါမိဘတွေရဲ့ပြိုင်ဆိုင်မှုတွေ ၊ပတ်ဝန်းကျင်ရဲ့ ပြိုင်ဆိုင်မှု မနာလိုမှု သရော်မှုတွေအောက်မှာ အများအလိုကျ ကခဲ့ရတဲ့ရုပ်သေးရုပ်လေးတွေဖြစ်တယ်
အိမ်‌တွင်းရေးအတိုက်မရှိပေမယ့်ဘယ်တော့မှ လိုချင်တိုင်းမရတာတွေ အကျိုးအကြောင်းစီလျော်အောင်အမြဲနေရတာတွေရှိနေခဲ့ပါတယ်

အခုအချိန်မှာ ပုံသေအချိုးကျလာတဲ့အတိုင်းငါလုပ်မှဖြစ်မယ်ငါဦးဆောင်မှဖြစ်မယ်ဆိုတဲ့စိတ်လေးတွေနဲ့ လုပ်စရာရှိတာတွေတာဝန်တွေကိုခေါင်းခံရှင်းနေတဲ့ သွေးအေးအေးသမားလေးဖြစ်နေတတ်ပါတယ်၊ ငယ်ငယ်တုန်းကပျောက်ဆုံးခဲ့ရတဲ့အိပ်မက်ကလေးတွေကို ခုချိန်မှာပြန်အသက်သွင်းနေပြီး တစ်ချိန်မှာ အောင်မြင်အောင်ရပ်တည်ပြမယ်ဆိုတဲ့စိတ်ကလေးနဲ့ရှင်သန်နေပါတယ်နော်