ရှေ့ဆက် ကို့ရဲ့ အချစ်ရေးကံအခြေအနေ...

ရှေ့ဆက် ကို့ရဲ့ အချစ်ရေးကံအခြေအနေ...



1.. အရင်က ဘယ်လောက်ပဲ အဆင်မပြေဖြစ်ခဲ့၊ ဖြစ်ခဲ့ လာမယ့်အချစ်ရေးအခြေအနေမှာတော့ ကောင်းမယ့် အခိုးအငွေ့လေးတွေ ရှိနေပါတယ်။ မုန်တိုင်းပြီးရင် လေပြေလာသလိုပဲ မိမိမကောင်းခဲ့တဲ့အချစ်ရေးဟာ ပြောင်းပြန်အနေအထားတစ်ခုနဲ့ ကောင်းသောအချစ်ရေးကို ပိုင်ဆိုင်ရတတ်ပါတယ်။ ရည်းစားမရှိသူများရည်းစားရတတ်ပြီး ကောင်းမွန်တဲ့ Rs တစ်ခုကို တည်ဆောက်နိုင်ပါလိမ့်မယ်၊ ဒါပေမယ့် အကျိုးနည်းအရှက်ကွဲခံရခြင်းမျိုးတော့ ကြုံတတ်ပါတယ် သတိထားပေးပါ..



2..သင်ဆီရောက်ရှိလာမယ့်အချစ်ရေးဟာ အဆုံးအစွန်ထိရောက်တတ်တဲ့ အရာမျိုးပါ။ ကောင်းလျှင်လည်း သူမတူအောင် စန်းပွင့်တတ်ပြီး ဆိုးပြီးဆိုလျှင်လည်း အချစ်ရေးက ဘယ်လိုမှ အဖက်ဆယ်မရတော့သလိုပါ၊ အချစ်ရေးကံဇာတာ ကောင်းပြီဆိုလျှင် ဘယ်သူမှလိုက်လို့မမှီအောင်ပဲ တဟုန်ထိုးတောက်တဲ့မီးလိုပဲ စန်းပွင့်ခြင်း၊ မိမိကိုချစ်ခင်သူများ၏ ကူညီမစခြင်းကို ခံရခြင်းမျိုးနဲ့ Perfect ဖြစ်နေတတ်ပါတယ်၊ Negative ဘက်ကိုရောက်ပြီဆိုလျှင် မိမိက ဘယ်လိုပဲ ချစ်စဖွယ်ဖြစ်ဖြစ် Single ဖြစ်တာမျိုး၊ နောက်ကားတွေက ကျော်တတ်မျိုးနဲ့အတူ အချစ်ရေးနှလုံးသားလမ်းကြောင်းမှာ ကျွန်းခံသကဲ့သို့ ဖြစ်တတ်ပါသည်..


3..လာမယ့်အချစ်ရေးကံက လက်ရှိထက် ပိုကောင်းတဲ့အချစ်ရေးကို ပိုင်ဆိုင်တတ်ပါသည်။ လက်ရှိရည်းစားမရှိသူများကတော့ ချစ်သူခင်သူ ပေါများခြင်း၊ မိမိကို ကြိတ်Crush သူလည်း ပေါ်တတ်ကာသည်။ မိမိရဲ့ အရင် ရည်းစားဟောင်းမှ မိမိဆီ ပြန်လည်ပတ်သက်ခြင်းမျိုးလည်း ကြုံရတတ်ပါတယ်။ သို့ပေမယ့် ကြိုကြား၊ ကြိုကြားမှာတော့ အလှည့်အပြောင်းသဏ္ဍာန် ခေတ္တခဏအည့ံဘက်ရောက်သွားတတ်ပါတယ်။ကောင်းအား 70%ထိ ခံစားရမယ့်အတွက် လာမယ့်အချစ်ရေးဟာ သင့်အတွက် ကောင်းပါတယ်.