ဘာလို့ကံတရား​ကြီးက သူနဲ့ပေးဆုံစည်းခဲ့တာလဲ.

ဘာလို့ကံတရား​ကြီးက သူနဲ့ပေးဆုံစည်းခဲ့တာလဲ.



1....လောကကြီးမှာကိုယ်တို့ကအချစ်ခံရနိုင်ပါတယ်။ကံကောင်းနိုင်ပါတယ် ဆိုတာကိုလဲနားလည်သဘောပေါက်စေဖို့ထိုလူနဲ့ဆုံပေးခဲ့တာပါ။ နောက်တခုက အ့လိုအကောင်းဆုံးလူတေကကိုယ့်အတွက်အရာအားလုံးကို ပြိုလဲအောင်လုပ်နိုင်ပါတယ်ဆိုတာကိုသင်ပေးဖို့တွက် သူဟာကိုယ့်ဘဝထဲကိုဝင်လာခဲ့တာပါ။ အစစ်မှန်ခံစားချက်တေနဲ့ဘယ်လိုလူတေကကောင်းလဲ တကယ်မကောင်းတဲ့သူတွေကကောဘယ်လိုလဲ ဘယ်လိုအခြေနေတွေနဲ့ရှေ့ဆက်သင့်သလဲဆိုတာ ထိုလူကအများကြီးသင်ခန်းစာပေးလိမ့်မယ်။ နောက်ဆုံးအဓိက ကိုယ့်ကိုယ်ကိုချစ်တတ်ဖို့ဟာ 

အကောင်းဆုံးနည်းလမ်းအဖစ်ထိုလူကပြသပေးသွားလိမ့်မယ်။ ကိုယ့်ရဲ့ကြင်နာတတ်တဲ့စိတ်သနားတတ်တဲ့စိတ်နဲ့အားနာတတ်တဲ့စိတ်တွေကို တွန်းလှန်ငြင်းဆန်ပီး နှလုံးသားက တကုိယ်ကောင်းဆန်စွာနေနိုင်လာတဲ့အထိအ့လူကသင်ပေးသွားလိမ့်မယ်။ ကံတရားကြီးကသင့်ဘက်မှာရှိတဲ့အတွက်နောက်ဆုံးမှာသင်တယောက်ထဲကျန်ခဲ့ရရင်တောင်သင်ကအသာစီးကနေဘဲကျန်ခဲ့မယ် ထိုလူကြောင့်လောကကြီးအကြောင်းလူတွေအကြောင်းပိုပီးနားလည်သွားလိမ့်မယ်။အ့လူနဲ့ပေးဆုံစေတာက self loveတိုးလာစေဖို့အတွက်ဖစ်တယ်..


2....သံယောဇဥ်တွေဟာအကြီးမားဆုံးရန်သူဖစ်တယ်ဆိုတာကိုနားလည်သဘောပေါက်အောင် ပြဖို့အတွက်ထိုလူနဲ့ပေးဆုံခဲ့တယ်။ အရင်ကအချစ်နဲ့သံယောဇဥ်တသားထဲကျမယ်လို့ထင်ထားခဲ့ပေမဲ့ တကယ်တမ်းကျတော့ချစ်တာကလွယ်ပီး တကယ်သံယောဇဥ်ကကြောက်စရာပိုကောင်းတယ်ဆိုတာသဘောပေါက်လာမယ်။ နောက်ပီးအ့လူကြောင့်ဘဲဘဝရဲ့တိုးတက်အောင်မြင်ခြင်းတေက ပိုအရေးကြီးတယ်ဆိုတာနားလည်သဘောပေါက်လာမယ်။ ထိုလူနဲ့ပေးဆုံစည်းခဲ့တာက ကိုယ့်ရဲ့ဘဝမှာတိုးတက်အောင်မြင်ပီးထင်ပေါ်တဲ့သူတယောက်အဖစ်ရပ်တည်နိုင်ဖို့နဲ့ကိုယ့်ရဲ့စိတ်ကို 

တက်ကြွလာစေဖို့အတွက်ထောက်တိုင်တခုအနေနဲ့ပေးတွေ့ခဲ့တယ်။ ကိုယ့်ရဲ့ဘောင်ကျဥ်းကျဥ်းလေးမှာနေတာထက် အမြင်ကျယ်ကျယ်နေနိုင်ဖို့နဲ့ကိုယ့်ကိုယ်ကိုပိုကောင်းတဲ့သူတယောက်ဖစ်လာစေဖို့တွက်တွန်းအားတခုအနေနဲ့ဆုံစည်းပေးခဲ့ခြင်းဖစ်တယ်။ သံယောဇဥ်တေကြောင့်နာကျင်ရပေမဲ့ နာကျင်ခြင်းတေကနေ ပိုကောင်းတဲ့သူတယောက်ဖစ်လာစေတာကကိုယ့်ရဲ့အ့ဖစ်ရပ်တွေအပေါ်ယူတတ်တဲ့အရည်ချင်းဖစ်မယ်။ နောက်တခုအနေနဲ့ကိုယ်ဟာတန်ဖိုးရှိတဲ့သူတေယောက်ဖစ်ပီး ကိုယ့်တန်ဖိုးကိုချပီးနေစရာမလိုကြောင်းကိုပိုပီးသိနားလည်လာစေလိမ့်မယ်။ အ့လူနဲ့ကံကတွေ့ဆူံစေခဲ့ခြင်းက ကိုယ့်ကိုယ်ပိုတိုးတက်လာစေဖို့အတွက်ဘဲဖစ်တယ်.