အိမ်တစ်အိမ်မှာ စနေသက်ရောက်တစ်ယောက်ပါလာရင်

အိမ်တစ်အိမ်မှာ စနေသက်ရောက်တစ်ယောက်ပါလာရင်


အိမ်တစ်အိမ်မှာ စနေသက်ရောက်တစ်ယောက်ပါလာရင် သူနဲ့ပတ်သတ်တဲ့ တစ်အိမ်သားလုံး ညံကော တချို့ဆိုရောက်တဲ့နှစ်ကောင်းပေမယ့် ကျန်းမာရေးချူချာ စီပွားရေးတွေရှေ့မတက်နဲ့ပေါ့ မသင်္ကာလို့ တစ်မိသားစုလုံး စစ်လိုက်ရင် အဲ့အတိုင်းဘဲမိသားစုထဲစနေသက်ရောက်ရောက်နေတဲ့သူရှိနေတာကို တွေ့ရတယ်။ အဲ့တော့ မိမိကော မိမိနဲ့ပတ်သတ်တဲ့မိသားစုကော အညံတွေပျောက်ဖို့က စနေသက်ရောက်ရဲ့ အထူးယတြာဖြစ်တဲ့ ဘဝပျက်ယတြာကို ချေသင့်တယ်။
မိမိရောက်ရှိအသက်ကို ၈ နဲ့စား
တနင်္ဂနွေ (၅) ကြွင်း
တနင်္လာ (၄) ကြွင်း(ပိုဆိုး/ဘုမ္မိကျ)
အင်္ဂါ (၃) ကြွင်း (ပိုဆိုး/ နိစ်ကြီးမိ)
ဗုဒ္ဓဟူး (၂) ကြွင်း
ကြာသပတေး (၀) အကြွင်း
သောကြာ (၆) ကြွင်း
စနေ (၁) ကြွင်း (ပိုဆိုး/ပြမိ) ရင် စနေသက်ရောက်ဘဲ
#ဘဝပျက်ယတြာ
စနေနေ့ညမှာ အဝတ်အစားဟောင်းတစ်စုံဝတ်၍ ဘုန်းကြီးကျောင်း၊မယ်သီလရှင်ကျောင်းမှာ ညအိပ်ပါ။ ညသွားအိပ်တဲ့အခါမှာ လက်ဝတ်ရတနာမဝတ်ရပါ ငွေများများစားစားမကိုင်ရပါ။ အဲ့လိုတစ်ညအိပ်ပြီ နောက်တစ်နေ့နံနက်စောစောမှာ စွယ်တော်ကိုင်းကို ခြေထောက်နှင့်နင်း၍ အုန်းရည်ကို ခေါင်းကလောင်းချိုး၍ ထိုအဝတ်အစားတွေကို ချွတ်၍ အိပ်ထဲထည့် စွယ်တော်ကိုင်း ဆံစ စတိအနည်းငယ်၊လက်သည်း၊ခြေသည်းစသည်တို့ကိုအိပ်ထဲထည့်၍ လမ်းစုံလမ်းလေးခွမှာ စွန့်ပစ်ပါ။
ကဲ့ အပေါ်ကပြောတဲ့အတိုင်း ပြုလုပ်ကြည့်ဗျာ သိသာစွာထူးလာလိုက်မယ်။ ကျွန်တော်အကျိုးအတွက်မဟုတ်ပါဘူး။ မိတ်ဆွေတိုအကျိုးအတွက်ပါ။ လုပ်တာမလုပ်တာကတော့ မိမိကိစ္စပါ...
မင်းသက္က