လက်ရှိကိုယ့်ဘဝမှာ မမြင်နိုင်ဘဲပြောင်းလဲဖစ်ပျက်နေတာတေကဘာလဲ.

လက်ရှိကိုယ့်ဘဝမှာ မမြင်နိုင်ဘဲပြောင်းလဲဖစ်ပျက်နေတာတေကဘာလဲ.



1... လက်ရှိအချိန်မှာ စိတ်မရှည်ခြင်း၊ပျင်းခြင်း၊အထီးကျန်ခြင်း၊မကျေမနပ်ဖစ်ခြင်း၊ ဂနာမငြိမ်ခြင်းစတဲ့စိတ်ခံစားမှုတေပေါင်းစုံက သင့်နားမှာဝန်းရံနေတတ်တယ်။မကြာသေးခင်က ပိတ်သွားတဲ့ မကောင်းတဲ့ဆက်ဆံရေး သင့်အတွက်unhealthyဖစ်စေမယ့်အရာတေကနေအခုမှနလန်ထူခါစဖစ်လိမ့်မယ်။တံခါးအသစ်ကိုထပ်ဖွင့်ဖို့သင့်စိတ်ကreadyမဖစ်သေးပု။အရာရာတိုင်းကဖစ်ပျက်ပြောင်းလဲနေတာကို သင့်အနေနဲ့လက်ခံပါ။ သင့်အတွက်မကြာခင်မှာမြင့်မြတ်တဲ့အကောင်းဆုံးအချိန်တေရောက်လာပါလိမ့်မယ်။အခုချိန်က သင့်နှလုံးသားအတွင်းစိတ်ထဲမှာရှိတဲ့အသိအမြင်အသစ်တေကိုပြန်လည်ရှာဖွေသင့်တဲ့အချိန်ပါ။

သင့်ရဲ့အပြုသဘောဆောင်တဲ့အတွေးအမြင်တေကသင့်ကိုရှေ့ကိုတွန်းပို့ပေးလိမ့်မယ်။အကူးအပြောင်းအသစ်တေကသင့်နားမှာဝန်းရံနေကြတယ်။သူများအမြင်တေကိုအာရုံမစိုက်ပါနဲ့ ။ ပျော်အောင်နေပါ၊ရီမောပါ၊အကောင်းမွန်ဆုံးနေထိုင်မှုကိုသင့်ကိုယ်သင်ခွင့်ပြုလိုက်ပါ။သိပ်မကြာခင်မှာအရာအားလုံးပီးဆုံးသွားပီး ပြသနာတေအကုန်ချုပ်ငြိမ်းသွားပါမယ် ရုတ်တရက်မမျှော်လင့်ထားတဲ့ကောင်းသောကိစ်စတေကိုတွေ့ကြုံခံစားလာရမယ်။စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာတိုးတက်ပြောင်းလဲလာမယ် သင့်ဘဝရဲ့နယ်ပယ်အားလုံးကတနည်းနည်းနဲ့တိုးတက်ပြောင်းလဲလာလိမ့်မယ်။..


2..လက်ရှိအချိန်မှာ သင်ဟာသင့်ရဲ့အတွင်းစိတ်နဲ့ဟန်ချက်ညီဖို့နဲ့ လက်တွေ့ဘဝမှာဆိုသင့်ရဲ့ပတ်ဝန်းကျင်ဆက်ဆံရေးနေနဲ့သင့်တင့်ညီညွှတ်မျှတစွာနေထိုင်ဖို့ လိုအပ်နေပါတယ်။အ့အရာတေက အချစ်ရေး၊စီးပွားရေး၊လူမှုရေးတေနဲ့ဆက်စပ်နေပါမယ်။အခုချိန်မှာသင်လက်ခံရရှိထားတာကိုဘဲတန်ဖိုးထားပါ မျှတစွာဆက်ဆံပေါင်းသင်းပါ ဘယ်သူ့အပေါ်မှအနိုင်ယူအခွင့်ကောင်းယူတာမဖစ်ပါစေနဲ့။စိတ်ပိုင်းဆိုင်ရာအနေနဲ့တခုခုကိုဆုံးဖြတ်ချက်ချမယ်ဆို နှလုံးသားနဲ့ဦးနှောက်ကိုမျှတအောင်တွေးတောဆင်ခြင်ပီးဆုံးဖြတ်ချက်ချပါအ့တာမှသင့်အတွက် ကျုိးကြောင်းဆီလျှော်ပီးကောင်းမွန်တဲ့အရာကိုလက်ခံရရှိလိမ့်မယ်။လက်ရှိပြုလုပ်ရမယ့်အရာများအပြင် အနာဂါတ်တွက်ပါကြိုပီးရွေးချယ်မှုတေကိုရိုးသားစွာပြုလုပ်ထားဖို့လိုအပ်နေပါတယ် ဒါမှသာသင့်အတွက်ကောင်းမွန်တဲ့အရာတေကိုလက်ခံဖစ်ပါလိမ့်မယ်။

သင်ကလက်မှုပညာနဲ့ပက်သက်တဲ့လုပ်ငန်းနေမှာပါရမီပါမယ်။ သင့်မှာဆန်ဒကိုတော့ဆွဲငင်နိုင်တဲ့အပြုသဘောဆောင်တဲ့စိတ်ထား၊အရည်အချင်း၊အသိပညာတေရှိတယ်။အနုပညာ၊ဒီဇိုင်း၊ဂီတ၊ပညာရေးမီာကျွမ်းကျင်နိုင်သူတေအဖစ်သတ်မှတ်ခံထားရတယ်။သင့်ရဲ့စိတ်အားထက်သန်မှုနောက်ကိုလိုက်ပီးသင့်ရဲ့ဝါသနာပါတဲ့အရာတေဆီကိုချဥ်းကပ်လိုက်ပါ သင့်ရဲ့စိတ်အားထက်သန်မှုကသင့်အပေါ် ကောင်းသောအရာတေဆီကိုချဥ်းကပ်ဖို့ကူညီပေးလိမ့်မယ်။သင့်အတွက် မကြာခင် ပိုကောင်းတဲ့ဆက်ဆံရေးတေထပ်ပီးဝင်လာဖို့ရှိတယ်ဒါမှမဟုတ် သင်နဲ့ဆက်ဆံနေတဲ့ဆက်ဆံရေးတေကအကောင်းဘက်ကိုရောက်ရှိလာလိမ့်မယ်။ သင့်ရဲ့စိတ်ဝိဉာဥ်တွက်healingဖစ်စေမယ့်ဆက်ဆံရေးတေကိုပိုင်ဆိုင်နိုင်လိမ့်မယ်.