မင်းရဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေ

မင်းရဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေ



1... မင်းအခုရှုပ်နေတဲ့အတွေးက အလိုများလို့အရနည်းနေတာပဲမင်းကအခုကြိုးစားနေတဲ့အရာတွေအတွက်ကျေနပ်မှုမရှိဘူး ဒီထက်ပိုကောင်းချင်တယ်အထူးသဖြင့်မေတ္တာရေးနဲ့ငွေကြေးဆိုင်ရာမှာလိုတာထက်ပိုပြီးလိုချင်တယ် ဒီ့ထက်ပိုပိုမျှော်လင့်နေမိတယ်အဲ့ဒါတွေက‌ပဲတစ်နေ့တစ်နေ့မင်းဦးနှောက်ကိုရှုပ်ထွေးနေစေတာပါမင်းရဲ့အိပ်မက်အကြီးကြီးတွေကိုခံစားမိပါတယ်ပျော်ရွှင်တဲ့မိသားစုအရမ်းမချမ်းသာရင်တောင်
ပြန်မရေတွက်ရပဲသုံးနိုင်တဲ့ငွေကြေးအခြေအနေတစ်ခုကိုမင်းလိုချင်တယ် အဲ့အတွက် ကြိုးစားနေတာတွေကိုလည်းမြင်တယ်

မင်းကိုယ်မင်းပြန်ကြည့်ပါကြိုးစားနေတာပဲလေအချိန်တစ်ခုစောင့်ပါအရမ်းမလောနဲ့ ဖြတ်လမ်းတွေလိုက်ဖို့လည်းမကြိုးစားပါနဲ့ ကြိုးစားသမျှအရာမထင်သလိုခံစားတာတွေမလုပ်ပါနဲ့မင်းကြိုးစားတာတွေလည်းထိရောက်ပါတယ်အဲ့တိုင်းဆက်သွားနေရင် ထိခိုက်လာနိုင်တယ်မင်းကြိုးစားသမျှပျက်ပြယ်သွားနိုင်တာမို့
အတွေးတွေကိုပြန်ဆင်ခြင် သတိကပ်ပြီးဖြေရှင်းပါ


2..ဒီ pileရဲ့အတွေးများသူတွေကပြဿနာကြီးကြီးမားမားမရှိဘူးစိတ်နှလုံးရှင်းရှင်းသန့်သန့်လေးနဲ့ အခုရောက်နေတဲ့နေရာထက်ပိုကောင်းအောင်ဘယ်လိုသွားရမလဲဒီ့ထက်ဘယ်လိုသူများကိုကူညီရမလဲဆိုပြီးအတွေးများတတ်သူလေးတွေပါလမ်းပြကူညီပေးတတ်သူ၊ကြိုတင်တွေးခေါ်နိုင်စွမ်းရှိပြီး အန္တရာယ်အနံ့ရလာရင်ကြိုရှောင်တတ်သူလေးတွေပါမေတ္တာစိတ်နဲ့ပတ်သတ်တဲ့အခွင့်အလမ်းတွေကိုမျှော်တတ်သူပီပီ မိမိအနားကသူတွေကို ဘယ်လိုတိုးတက်အောင်လုပ်ပေးနိုင်မလဲဆိုတာတွေးပြိးဟုတ်ဟုတ်မဟုတ်ဟုတ်ခေါင်းရှုပ်နေတတ်သူလေးတွေပါ

အဲ့အတွေးတွေကလေမင်းကူညီပေးတာတွေများနေပါပြီမင်းကိုယ်မင်းလည်းကြိုးစားနေတာတွေများလှပါပြီ
အခွင့်အလမ်းအသစ်တွေလာဖို့ကိုအရမ်းစိတ်လှုပ်ရှားတာမျိုးမဟုတ်ပဲ ကြိုတင်ပြင်ဆင်မှုလေးတွေလုပ်ထားပေးနော်


3..ဒီထဲကသူလေးတွေက pile 2နဲ့ energy ဆင်တယ်မတူတာတစ်ခုက ပေးတိုင်းပြန်မရတာပဲသူများကိုကူညီချင်တဲ့စိတ် ကိုယ်အနစ်နာပြီးလမ်းပြပေးချင်တဲ့စိတ်တွေအပြည့်ရှ်ိတယ်ဒါပေမယ့်လေ အဲ့အရာက ကိုယ်ကပေးသင့်လို့ပေးနေရတယ်လို့သူများတွေကမင်းကိုမြင်နေကြတာမင်းတွေးနေမိတဲ့အရာတွေက လူတွေကပေးတဲ့သင်ခန်းစာတွေကြောင့်တစ်ခါတစ်လေ မင်းဘာများအမှားလုပ်မိတာလဲလို့ပြန်ဆင်ခြင်ရင်းအဖြေမထွက်ပဲရှိနေတာပါ

မင်းရဲ့အတွေ့အကြုံတွေဗဟုသုတတွေကိုမျှဝေခဲ့ပေမယ့် မင်းကိုပဲနင်းပြီးတက်သွားကြတာဒါတွေဘာကြောင့်လဲလို့တွေးမိနေတုန်းပဲလားတစ်ချို့တွေက မိဘမေတ္တာဂရုစိုက်မှုငတ်မွတ်သူလေးတွေအများကြီးပဲပါနေတယ်
မင်းတစ်ယောက်ထဲအားငယ်စိတ်တွေဝင်နေတာလည်းမြင်မိပါတယ်ဘာပဲဖြစ်ဖြစ်ရှေ့ဆက်ရမယ့်လမ်းတွေရှိနေသေးတာမို့အခွင့်အရေးတွေကိုကောင်းကောင်းအသုံးချပြီးရှေ့ဆက်လိုက်ပါ