ဘယ်လို ဖူးစာဖက်နဲ့ တွေ့ရမလဲ

ဘယ်လို ဖူးစာဖက်နဲ့ တွေ့ရမလဲ



Pile 1
Pile 1 သမားလေးတွေရဲ့ ဖူးစာဖက်က ရည်မှန်းချက်ကြီးကြတဲ့ သူလေးတွေ ဖြစ်ပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကလည်း အပြည့်ရှိကြပြီးတော့ ဘယ်သူ့ကိုမှလည်း အားကိုးတတ်တဲ့ ပုံမျိူး မဟုတ်ကြပါဘူး။ တစ်ခါတစ်လေမှာ အရမ်း ဂရုစိုက်လုပ်တတ်ကြတဲ့ ကြားထဲက မလိုအပ်တာလေးတွေလည်း လုပ်မိတတ်ကြပါသေးတယ်။ တကယ့်ကို အတည်ပေါက်နဲ့ တလွဲလုပ်တတ်ကြတဲ့ သူမျိုးတွေပါ။ များသောအားဖြင့်က စိုးရိမ်ပူပန်မှုများတတ်ကြတဲ့ သူမျိုးတွေဖြစ်ပြီးတော့ ပင်ပန်းကြရတဲ့ လူမျိုးတွေ ဖြစ်တတ်ပါတယ်။


Pile 2
Pile 2 ရွေးထားတဲ့ သူတွေရဲ့ ဖူးစာဖက်ကတော့ အရမ်းစိတ်ရှည်တတ်တဲ့ သူမျိုးတွေ တွေ့ရပါတယ်။ သူတို့ရဲ့ အလုပ်တာဝန်တွေကို စိတ်ရှည်ရှည်နဲ့ အသေးစိတ်လုပ်ဆောင် တတ်ကြတဲ့ သူမျိုးတွေပါ။ Virgo energy မျိုးတွေ့ရပါတယ်။ ယုံကြည်မှု ပြင်းထန်ကြတဲ့ သူမျိုးတွေ ဖြစ်တတ်ပြီးတော့ ယုံကြည်မှုအတွက် အဆုံးထိ ရပ်တည်တတ်ကြပါတယ်။ တော်ရုံ ဖြောင်းဖြမှုမျိုးနဲ့ နားမယောင်တတ်တဲ့ သူတွေပါ။ ရဲရင့်တတ်ကြပြီးတော့ တုံးတိုက်တိုက် ကျားကိုက်ကိုက်ဆိုတဲ့ သူမျိုးတွေ များပါတယ်။


Pile 3
Pile 3 ရွေးထားတဲ့ သူတွေရဲ့ ဖူးစာဖက်ကတော့ စိတ်ခံစားမှုမှာ နာကျင်မှုတွေ အတိတ်ဆိုးတွေကနေ ရုန်းမထွက်နိုင်ကြတဲ့ သူတွေများပါတယ်။ အကျိုးဆက်အနေနဲ့ တစ်ဖက်လးအပေါ် လွှမ်းမိုးလိုစိတ်များကြတာတွေ ခြယ်လှယ်လိုစိတ် များကြတာမျိုးတွေ တွေ့ရတတ်ပါတယ်။ ငွေကြေးပိုင်းပအရတော့ အဆင်ပြေကြတာမျိုးတွေရပြီးတော့ sugar daddy type မျိုး ဖြစ်တတ်ပါတယ်။