အတိတ်ကသင်က သင့်ဆီပို့တဲ့စာ.

အတိတ်ကသင်က သင့်ဆီပို့တဲ့စာ.



1..အရင်ကself love self confidence မြင့်သလောက်အခုချိန်မှာ ဘဝသံသရာထဲမှာငါလဲလှည့်ပတ်နေရပါလားဆိုပီး တရားပေါက်မနေနဲ့ ပျော်ပျော်သာနေ စဥ်းစားနေရင်ရင်မောမယ် ဖစ်မလာတာတေကြိုတွေးနေရင်စိတ်ဆင်းရဲနေမယ် အတွေးတေကြောင့်နှစ်ခါသေရတယ်ဆိုတာကြားဖူးတယ်မလား မိသားစုတေကိုလဲအပြစ်တင်မနေနဲ့ ကိုယ့်ဟာကိုယ်သာကောင်းအောင်နေ စိတ်ကူးတေ အတွေးအမြင်တေကိုပြန်ပီးပုံဖော်အသစ်ကနေပြန်စ ကိုယ့်ရဲ့တန်ဖိုး၊ကိုယ့်ရဲ့ယုံကြည်ချက်၊ ကိုယ့်ရဲ့ခန်ဓာကိုယ်၊ကိုယ်ရဲ့အတွေ့အကြုံ၊ ကိုယ့်ကိုယ်ကိုချစ်မြတ်နိုးမှု၊ လေးစားမှုနဲ့ စာနာထောက်ထားမှုတေကို ခံယူထိုက်တဲ့သူဆိုတာကိုယ့်ကိုယ်ကိုမြင်အောင်ပြန်ကြည့်အုမ်း


2...တည်ငြိမ်ချင်ယောင်ဆောင်မနေနဲ့ရင်ထဲက toxicတေကမပျောက်ရင်တည်ငြိမ်လဲအလကားဘဲ အလုပ်တေဖိလုပ်နေတာကောင်းပါတယ် ဒါမဲ့စိတ်ကောလူကောအနားယူအုမ်း ပျော်စရာကောင်းတာလေးတေလုပ်ကြည့်အုမ်း အရင်ကလဲ နင့်ကြောင့်ငါရေတိမ်နစ်ပီပီ အခုလဲနင်ကငါ့အတွက်ကောင်းကောင်းမနေဘဲ မကောင်းတဲ့ဆက်ဆံရေးတေကိုတမ်းတနေတုန်းနော် သံယောဇဥ်နှောင်ကြိုးတေကဖြတ်မရမှန်းသိပါတယ် ဒါမဲ့မကောင်းတဲ့သူတေကိုတော့ဘယ်လောက်ဘဲစိတ်ရှိရှိမေ့သင့်တယ်မလား ဘာဘဲဖစ်ဖစ်ပါ အခုချိန်မှာအေးဆေးအနားယူပီး အလုပ်ကြိုးစားလုပ်ကျန်တာတေသိပ်မတွေးနဲ့ အချိန်တစ်ခုရောက်ရင်သူ့ဟာသူအလိုလိုဖစ်လာလိမ့်မယ် နေရောင်လေးဘာလေးပြအုမ်း ကိုယ့်ကိုယ်ကို ကိုယ့်ရဲ့ခန်ဓာကိုယ်ကအနွေးဓာတ်နေရောင်ခြည်ရဲ့စွမ်းအင်လိုအပ်နေတယ်