မြဲမှာလား မြဲချိန်ရော ကျန်သေးရဲ့လား…

မြဲမှာလား မြဲချိန်ရော ကျန်သေးရဲ့လား…



1......
မြဲမလား - မြဲနိုင်ပါတယ်မြဲဖို့ ဘာတွေလိုသလဲ - ကောင်လေးဖြစ်သူက အနိုင်စီး ရနေဖို့လိုပါတယ်။ ကောင်မလေးက အမှားအများဆုံးလုပ်တာ၊ မတွေးတတ်တာ၊ emotional များတာကြောင့်မလို့ ကောင်မလေး က ဉီးဆောင်ရင် ၅ပါးမှောက်ပါလိမ့်မယ်။
ကောင်မလေးသာ အသာစီးရသွားရင်၊ ဦးဆောင်လိုက်ရင် မြဲချိန် ၄လသာ ကျန်တော့မှာဖြစ်ပြီး ပြီးတာနဲ့ တိခနဲ ပြတ်မှာဖြစ်ပါတယ်။ ပြတ်ရင်လဲ ခါးခါးသီးသီးပြတ်တာကြီးဖြစ်ပြီး လမ်းတွေ့ရင်တောင် မမြင်ချင်လို့ ဒေါသထွက်ရတာမျိုးကြီး ဖြစ်ကျန်ခဲ့မှာမျိုးကြီးပါ


2.......
မြဲမလား - မြဲဖို့ ခက်ပါမယ်။
မြဲဖို့ ဘာတွေလိုသလဲ - ကောင်လေးရော ကောင်မလေးရောက ချွတ်စွပ် စိတ်ရော ကိုယ်ပါ တူနေသူတွေဖြစ်တတ်ဖို့များပါမယ်။ ပြဿနာကလဲ အဲ့တာပါဘဲ မကြိုက်တာတူ ကြိုက်တာတူနေချိန်မှာ မကောင်းတာတွေကလဲတူတူ၊ မကောင်းတာတူတာချင်းချင်းကို သူမလုပ်နဲ့ ကိုယ်ဘဲ လုပ်မယ်မျိုးနဲ့ တော်တော် ပြဿနာတက်ကြမဲ့ အနေအထားမျိုးပါ။
ကိုယ်ကရော ငါဘာကောင်မှ မဟုတ်ဘူးလို့ပြောနိုင်သလို သူကလဲ ငါဘာကောင်မှမဟုတ်ဘူး နင်မလို့ ငါချစ်တာဆိုပြီး မလိုတာတွေထားနိုင်ရင်တော့ မြဲမှာဖြစ်ပြီး မဟုတ်ရင်တော့.......ကြာချိန်ကိုမရှိပါဘူး ထောင်ထားတဲ့ဗုံးကို ဝါယာကြိုးဖြတ်နေရသလိုပါဘဲ တစ်ချက်မှားတာနဲ့ အုန်းဒိုင်းဂွမ်းပါ။


3........
မြဲမလား - မမြဲနိုင်ပါ
ဘာလို့လဲ - Bodily love ဖြစ်နေလို့ပါ။ ကုန်ကုန်ပြော Physical love, sexual love ဖြစ်နေလို့ပါ။
မချစ်ဘူး မပြောဘူးနော်။ ချစ်လိမ့်မယ်။ ရုပ်ကြောင့်၊ ဘော်ဒီကြောင့်၊ မျက်နှာကြောင့် ချစ်တဲ့ အချစ်မျိုးက
ဝေးသွားရင် ကြာနေရင်  မတွေ့ရရင် ဒီအချစ်နေရာကို လွယ်လွယ်နဲ့ တခြားသူကရသွားမှာပါ။
တစ်သက်တာမဝေးနိုင်ဘူးထင်နေရင်တော့ ဆက်ကြည့်လိုက်ပါ။ ပြီးမှ မငိုကြနဲ့ပေါ့လေ
ဝေးပြီးကာလ ၆လနေတာနဲ့ ပြတ်တာတွေစနိုင်ပါတယ်။