ဒါလေးတွေဂရုစိုက်ပါ

ဒါလေးတွေဂရုစိုက်ပါ



1...ဒီကာလမှာတော့ ပြဿာနာကြီးကြီးမားမားမဟုတ်ပေမယ့် စကားများတာ ၊ရန်စကားပြောမိတာ ၊စိတ်ဆတ်နေတာလေးတွေကြောင့် အနီးအနားကလူတွေနဲ့ အနည်းငယ်အဆင်မပြေဖြစ်ရတတ်ပါတယ် ။တစ်ခုခုဆိုရင်လည်း စိတ်လောနေတာလေးတွေ ရှိနေတတ်ပါတယ် ။အဓိကက မင်းကိုယ်တိုင်နဲ့ မင်းရဲ့စိတ်ကို ထိန်းချုပ်ရမယ့်အချိန်လေးပါပဲ ။ထိလွယ်ရှလွယ်ဖြစ်နေတတ်ပါတယ် ။နောက် ကျန်းမာရေးလေးဂရုစိုက်ရပါမယ် ။ထိခိုက်ရှနာလေးတွေဖြစ်ရတတ်တဲ့အပြင် အားနည်းတာ ၊မောလွယ်တာ ၊ပင်ပန်းလွယ်တာလေးတွေ ဖြစ်တတ်တာမို့ အချိန်မှန်အိပ် ၊အချိန်မှန်စားပါ ။အထူးသဖြင့် အတွေးတွေအရမ်းမများဘဲ ပုံမှန်လေးပဲသွားဖို့ အကြံပေးချင်ပါတယ် ။ပြီးတော့ ဘာပဲလုပ်လုပ် အသိစိတ်လေးကပ်ထားပါ ။အလွဲလေးတွေများတတ်တာမို့ပါ ။တခြားသူတွေထက် မင်းကိုယ်တိုင်အတွက်အကောင်းဆုံးကို ရွေးချယ်ပါ


2...တစ်ခုခုလုပ်ဖို့စဉ်းစားထားရင် အတွေးထဲမှာပဲစိတ်ကူးနေတာမျိုးထက် လက်တွေ့လုပ်ဆောင်ခြင်းက မင်းအတွက်အကျိုးကျေးဇူးများစွာဖြစ်ထွန်းစေမှာပါ ။စိတ်ကူးအကြံဉာဏ်ကောင်းတွေကို အကောင်အထည်ဖော်ဖို့အကောင်းဆုံးအချိန်လေးပါပဲ ။နောက် ဒီpileကိုရွေးထားတဲ့လူတွေ အဝေးကလူကိုမျှော်မနေဘဲ အနားမှာရှိတဲ့လူကို မြင်အောင်ကြည့်စေချင်ပါတယ် ။မင်းအတွက်ရှိနေပေးတဲ့လူတွေကိုပေါ့ ။စိတ်ဓာတ်ကျနေတာထက် ဘာလုပ်နိုင်မလဲလို့စဉ်းစားပါ ။အနားမှာရှိနေတဲ့အခွင့်အရေးတွေကို မမြင်နိုင်ဖြစ်နေတတ်ပြီး လက်လွှတ်ဆုံးရှုံးရတတ်ပါတယ် ။ပြန်လည်စဉ်းစားစေချင်တယ် ။‌ဘယ်အရာပဲဖြစ်ဖြစ် ရွေးချယ်မှုမှန်ကန်ဖို့က အရေးအကြီးဆုံးပါပဲ


3...ဒီကာလမှာတော့ ပြဿာနာကြီးကြီးမားမားမဟုတ်ပေမယ့် စကားများတာ ၊ရန်စကားပြောမိတာ ၊စိတ်ဆတ်နေတာလေးတွေကြောင့် အနီးအနားကလူတွေနဲ့ အနည်းငယ်အဆင်မပြေဖြစ်ရတတ်ပါတယ် ။တစ်ခုခုဆိုရင်လည်း စိတ်လောနေတာလေးတွေ ရှိနေတတ်ပါတယ် ။အဓိကက မင်းကိုယ်တိုင်နဲ့ မင်းရဲ့စိတ်ကို ထိန်းချုပ်ရမယ့်အချိန်လေးပါပဲ ။ထိလွယ်ရှလွယ်ဖြစ်နေတတ်ပါတယ် ။နောက် ကျန်းမာရေးလေးဂရုစိုက်ရပါမယ် ။ထိခိုက်ရှနာလေးတွေဖြစ်ရတတ်တဲ့အပြင် အားနည်းတာ ၊မောလွယ်တာ ၊ပင်ပန်းလွယ်တာလေးတွေ ဖြစ်တတ်တာမို့ အချိန်မှန်အိပ် ၊အချိန်မှန်စားပါ ။အထူးသဖြင့် အတွေးတွေအရမ်းမများဘဲ ပုံမှန်လေးပဲသွားဖို့ အကြံပေးချင်ပါတယ် ။ပြီးတော့ ဘာပဲလုပ်လုပ် အသိစိတ်လေးကပ်ထားပါ ။အလွဲလေးတွေများတတ်တာမို့ပါ ။တခြားသူတွေထက် မင်းကိုယ်တိုင်အတွက်အကောင်းဆုံးကို ရွေးချယ်ပါ