တစ်ဖက်လူနဲ့ကိုယ့်ကြားက ရေစက်.

တစ်ဖက်လူနဲ့ကိုယ့်ကြားက ရေစက်.



1...တစ်ဖက်လူနဲ့ကိုယ်ဟာအရင်ဘဝက သခင်နဲ့လက်အောက်ငယ်သားဆက်ဆံရေးမျိုး သခင်ကလဲနွေးထွေးပျူငှာသလို လက်အောက်ငယ်သားကလဲ သခင့်အပေါ်သစ်စာရှိတယ် တယောက်ပေါ်တယောက် အပြန်အလှန်ကျေးဇူးကြွေးတေရှိခဲ့ဖူးကြတယ် အ့တာကြောင့်လဲတဖန်ပြန်ပီးအခုချိန်မှာဆုံကြတယ် သူနဲ့ကိုယ်နဲ့ကြားကရေစက်ဟာတော်ရုံပျောက်မှာမဟုတ်ပါပု ကိုယ်ကသူ့အပေါ်ကောင်းပေးနေသ၍ သူ့အတွက်ကိုယ်က အကောင်းဆုံးအရာတေလုပ်ပေးနေသ၍သူနဲ့ရေစက်က 

ကျန်ရှိနေပါအုမ်းမယ် တစ်ဖက်လူနဲ့ကိုယ်ဟာအခုချိန်မှာ Twin flames connnectionမျိုးနဲ့ ပက်သက်ဆက်နွယ်နေကြပါတယ် တစ်ဖက်လူက ကိုယ့်ရဲ့Twin flamesပါ တစ်ယောက်နဲ့တစ်ယောက်ပိုပီးအတွင်းကျကျသိနားလည်လာလေလေ သံယောဇဥ်နှောင်ကြိုးတေကပိုပီးလေးနက်ရစ်တွယ်လာလေလေဖစ်မယ် ပီးတော့ တစ်ယောက်ပေါ်တစ်ယောက်စိတ်ရှည်ပီးပွင့်ပွင့်လင်းလင်းရှိမယ်ဆိုရင် နှစ်ယောက်ရဲ့ဆက်ဆံရေးကပိုပီးပျော်ရွှင်စရာကောင်းလာမယ်....


2....တစ်ဖက်လူနဲ့ကိုယ်နဲ့ကြားမှာကိုယ်ဟာတစ်ဖက်လူအပေါ် မပီးပြတ်သေးတဲ့ပေးဆပ်ရမယ့်အရာတွေရှိခဲ့ဖူးတယ် သူကိုပြန်ပီးပေးဆပ်ဖို့ဆန်ဒရှိခဲ့ပေမဲ့မလုပ်နိုင်ခဲ့ဘူး သူနဲ့ကိုယ်ဟာဒီလိုအကြောင်းတေကြောင့်အခုချိန်မှာတဖန်တွေ့ဆုံကြရတယ် အခုချိန်မှာတစ်ယောက်ပေါ်တစ်ယောက်စွဲလမ်းကြတယ်အရမ်းခုံမင်တာမျိုးဖစ်ကြတယ် ဒါမဲ့ဆက်ဆံရေးကအနည်းအကျဥ်းတော့ပူလောင်နေရမယ် တစ်ဖက်လူကပိုင်ရှင်ရှိနေတာမျိုး အခြားသူကြောင့်စိတ်ညစ်ရတာတေ ဒါမှမဟုတ်တဖက်လူကအိမ်ထောင်သည်ဖစ်နေတာမျိုးတေ တယောက်နဲ့တယောက်ကခံစားချက်တေလေးနက်ကြပေမဲ့ 

တခုခုကထပ်ပီးတားဆီးလိမ့်မယ် ကိုယ်ဟာသူ့ကြောင့်စိတ်ကျေနပ်မှုတေရှိနိုင်သလိုပူလောင်မှုတေလဲတွဲပီးခံစားရတတ်တယ် ကိုယ်ဟာအရင်ဘဝကကုသိုလ်ကံကောင်းတာကြောင့်ပီးပြည့်စုံတယ်လှတယ်ကိုယ့်ဘဝကအေးချမ်းပေမဲ့အချစ်ရေးသူနဲ့ပက်သက်ရင်တော့ ပူလောင်ရတတ်ပါတယ် ဝဋ္်ကြွေးတခုလိုဖစ်နေတတ်တယ် ကိုယ့်ရဲ့နှလုံးသားကလဲဘာလုပ်သင့်လဲဘယ်လိုနေသင့်လဲဆိုတာအဖြေကိုသိနှင့်ပီးသားဘဲလို့ messageပေးနေပါတယ် မေတ်တာပေးရင်မေတ်တာပြန်ရမယ်လို့ခံယူချက်ရှိတာကောင်းပါတယ် သို့ပေမဲ့လဲ မပေးသင့်တဲ့သူကိုပေးမိရင်တော့စိတ်ပင်ပန်းတာဘဲဖစ်ပါမယ်ဆိုတာ သတိကပ်ပါ သူနဲ့ကိုယ်နဲ့ရေစက်က ကိုယ့်အပေါ်ဘဲမူတည်ပါတယ်ကိုယ်ကရုန်းထွက်မယ်ဆိုရေစက်ပြတ်နိုင်ပေမဲ့မရုန်းထွက်ဘဲဆက်ပီးသာယာမယ်ဆို ဒီတိုင်းဘဲဆက်ရှိပါလိမ့်မယ်.