ကိုယ့်ရဲ့လက်ရှိ ကိုယ်စိတ်နှလုံး သုံးပါးမှာ ဘာ တွေဖြစ် နေလဲ

ကိုယ့်ရဲ့လက်ရှိ ကိုယ်စိတ်နှလုံး သုံးပါးမှာ ဘာ တွေဖြစ် နေလဲ


1.
ဒီကတ် လေး ရွေးချယ်ထားတဲ့သူ တွေကတော့ physicalအ ခြေအနေမှာတော့ အစစအရာရာအဆင် ပြေနေတဲ့အနေအထားမှာရှိနေပါတယ်။အများအမြင်မှာ‌ေတာ့ ကိုယ်ချစ်ခင်ရတဲ့သူတွေကြောင့် စိတ်ချမ်းသာပျော်ရွှင် နေရပါလိမ့်မယ်။ဒါပေမဲ့ ကိုယ့်စိတ်ကိုအလိုမလိုက်မိဖို့လိုအပ်နတဲ့အနေအထားမှာရှိနေပါတယ်။ ပျော်လွန်းရင် ပျက်တတ်တယ်ဆိုသလို အပျော်တွေ နောက်ကို လိုက် နေမိတာမျိုး ဉပမာ စိတ်ကိုအလိုလိုက်မိပြီး ဂိမ်း တွေအလွန်အကျွံဆော့မိနေတာမျိုးတွေ ဖြစ်နေရတတ်ပါတယ်။ကိုယ့်ရဲ့မသိစိတ်ထဲမှာ တစ်ခုခုကိုအလွန်အကျွံစိုးရိမ်မိ နေတာမျိုး နေရင်းထိုင်ရင်းကမ္ဘာပျက် နေသလိုမျိုး တွေဖြစ် နေတတ်ပါတယ်။ညဘက်အိပ်မက်ဆိုးတွေမက်တာမျိုး မျှော်လင့်ချက်မဲ့ နေတာမျိုး တွေခံစားနေရတတ်လို့ စိတ်အေးချမ်း စေမယ့် အတွေးတွေများများတွေးတောနေတာမျိုး သဘာဝနဲ့ထိ တွေ့နေတာမျိုးတွေပြုလုပ်သင့်ပါတယ်။

2
ဒီpile လေး ရွေးချယ်ထားသူ တွေကတော့ အများအမြင်မှာကိုယ်က မကောင်းတဲ့အရာတွေကိုသိသိကြီးနဲ့လုပ်နတာမျိုးအထင်ခံ နေရတတ်ပါတယ်။အဆစ်အမြစ်တွေရောင်တာ ကြွက်သားတွေရောင်တာမျိုးဖြစ်တတ်ပါတယ်။စိတ်အခြေအနေကတော့ ပုတီးတစ်ဖက်ဓါးတစ်ဖက်ပါ ကိုယ်ဘာလုပ် နေလည်းကိုယ့်ဟာကိုသိသလို ကိုယ့်ဟာကိုလည်းထိန်းနိုင်တဲ့သူမျိုးတွေပါ။အရာရာတိုင်းကို စိတ်ရှင်းရှင်းနဲ့ပဲ အကောင်းဆုံးလုပ်
ဆောင်ဖို့ဆုံးဖြတ်ထားသူ တွေဖြစ်ပါလိမ့်မယ်။ကိုယ့်ရဲ့မသိစိတ်ထဲမှာလည်း ကိုယ့်အိပ်မက် တွေအကောင်အထည် ပေါ်လာမှာ‌ေသချာတယ်လို့ ယုံကြည်ပြီး တက်ကြွနေမိတတ်ပါတယ်။

3
ဒီpile လေးကိုရွေးချယ်ထားတဲ့သူ တွေကတော့ အထီးကျန်မှု တွေ မပျော်ရွှင်ရတဲ့ ကိစ္စရပ်တွေကြုံ တွေ့နေရတတ်ပါတယ်။စိတ်ဓါတ်ကျနေတတ်ပါတယ်။စိတ်ထဲမှာ အနာဂတ်အတွက် ပလန်ချထားတာ
တွေ ပန်းတိုင်ထားထားတဲ့အရာတွေလည်းရှိ နေတတ်ပြီး ဘယ်အရာကို ဘယ်အချိန်မှာလုပ်သင့်သလဲဆိုတာတွေ ဝေနေရတတ်ပါတယ်။မသိစိတ်ထဲမှာမရိုးသားမှုတွေ မတရားမှု တွေကိုခံစားနေရတတ်ပြီး တစ်ခုခုမှားနေသလိုခံစားမိ နေတတ်ပါတယ်။