ရှေ့ဆက်ရမယ့် ခရီးမှာ ဘာတွေသတိထားသင့်လဲ။

ရှေ့ဆက်ရမယ့် ခရီးမှာ ဘာတွေသတိထားသင့်လဲ။



1.
ကိုယ့်ရဲ့ဘဝခရီးလမ်းမှာ လူတွေအများကြီးနဲ့ တွေရဦးမှာပါ။ ကိုယ့် အတ္တ ငါထင်တာသာ အမှန်ဆိုတဲ့ အတွေးကြောင့် လူတွေနဲ့ ကီးမကိုက်တဲ့ အခြေအနေလေးတွေရှိလာနိုင်ပါတယ်။ ကမ္ဘာကြီးက အသစ်အဆန်းတွေ ပြောင်းလဲမှု တွေ ဖြစ်လာဦးမှာမို့ အဲ့တာတွေနဲ့ အသားကျအောင်လုပ်ဖို့လည်းလိုလာမှာပါ။ နောက်ဆုံးအချက်ကတော့ အချစ်ကို ဘဝကြီးလို့ မထင်မိလိုက်ဖို့ပါ လက်ထပ်တော့မယ်ဆိုရင်သေချာ ‌စဉ်းစားသင့်ပါတယ်။အဲ့လိုပြောလို့ ချစ်တာက နှလုံးသားနဲ့ ဦးနှောက်နဲ့ မှမဟုတ်တာ လို့ ပြောရင်ပြောမှာပါပဲ ဒါပေ့မယ့် လက်ထပ်တယ်ဆိုတာချစ်နေရင်ရုံနဲ့ မပြီးတာမို့လို့ ယူပြီးမှ ပေါက်တက်ကရတွေ မဖြစ်ချင်ရင် သေချာ စဉ်းစား ပြီး ယူကြဖို့ အကြံပေးပါတယ်။


2.
ကိုယ်က တစ်ချိန်ရင် ‌ငွေပမဏ တစ်ခုလောက်ပိုင်ဆိုင်ထားပြီးတော့ နယ်ပယ်တစ်ခုခုမှာ အောင်မြင်တဲ့ လူတစ်ယောက်ဖြစ်လာဖို့ရှိပါတယ်။ အဲ့အခါကြရင် ကိုယ့်ရဲ့ အမှတ်မဲ့ နေလိုက်မိတာ ပေါ့ပေါ့ဆဆ နေလိုက်မိတာ လေးတွေကြောင့် ပြဿနာတွေဖြစ်နိုင်လာပါတယ်။ နောက်ထပ်တစ်ခုကတော့ ကိုယ့် ရဲ့ ပျော်ချင်တဲ့ စိတ်ကြောင့်လည်း ပြဿနာတွေဖြစ်လာနိုင်ပါတယ်။ လူငယ်ဘဝက ၂ခါမရဘူး ‌ပျော်စရာရှိတာပျော်ရမှာပဲဆိုပြီး သတိမထားပဲ လုပ်လိုက်ရင်တော့ ပေါက်တက်ကရတွေဖြစ်လာနိုင်တာမို့ ပျော်စရာရှိတာလည်းပျော် သတိလည်းထားလို့ပြောချင်ပါတယ်ဗျ။


3
ဒီ Pile ကို ရွေးထားတဲ့သူတွေ အနေနဲ့ သတိထားရမယ့် အရာ ကိုယ်စိတ်ကိုယ် ပါပဲ။ စိတ်ပျော်နေရင် အရာအားလုံးအဆင်ပြေသလို စိတ်မပျော်ရင် ပြဿနာတွေ တစ်သီကြီးဝင်လာမျိုးပါ။ ကိုယ့်ရဲ့ ကျန်းမာရေး၊ အချစ်ရေး၊ လှုမှုရေးတွေက လည်းစိတ်နဲ့ဆိုင်တာမို့လို့ ကိုယ်စိတ်ကို ကိုယ်ထိန်းချုပ်နိုင်ဖို့ အကြံပေးချင်ပါတယ်။ ကိုယ့်ကို တစ် လွမ်းမိုးတာ မခံဖို့လည်းသတိထားစေချင်ပါတယ်။ နောက်ထပ်တစ်ခုကတော့ ဘေးက တစ်ယောက်ယောက် တစ်ခုခုလာပြောတာ ဒါမှမဟုတ် ကိုယ့်ကို ဘာလုပ်လိုက်ပါ့လား ညာလုပ်လိုက်ပါ့လား လာပြောရင်တောင် ကိုယ်‌တိုင်က စဉ်းစားပြီးမှ လုပ်ပါ။