စီးပွားရေးကံ/ ငွေရေးကြေးရေးကံ.

စီးပွားရေးကံ/ ငွေရေးကြေးရေးကံ.



1... စီးပွားရေးလုပ်ငန်းနှစ်ခုလုပ်ကိုင်နေရတာ(သို့)ရွေးချယ်စရာနှစ်ခုပေါ်နေတာမျိုးဖစ်နေတတ်တယ် ရွေးချယ်စရာပေါ်နေရင်တော့ကိုယ်စိတ်အားထက်သန်ရာကိုရွေးချယ်လိုက်ပါ ပြတ်ပြတ်သားသား ရိုးသားကြိုးစားမယ်ဆိုအဆင်ပြေအောင်မြင်လာဖို့ရှိပါမယ်။စီးပွားရေးကံကတော့တက်လိုက်ကျလိုက်ဖစ်နေတတ်မယ် လတ်တလောမှာ။တခုခုလုပ်ရင်ပြတ်ပြတ်သားသားနဲ့တစိုက်မတ်မတ်လုပ်တတ်သူမို့ အခြေနေတခုထိအောင်မြင်နိုင်ပါတယ်။ဘာလုပ်ငန်းတေအကျိုးပေးသလဲဆိုစကားများများပြောဆိုရတဲ့လုပ်ငန်းမျိုးတေအကျိုးပေးပါမယ် ရှေ့နေ၊ဗေဒင်ဆရာ၊ပွဲစားအစရှိသဖြင့်ပေါ့။
ဖြေရှင်းစရာရှိတာတေဖြေရှင်းနိုင်မယ် စီးပွားရေး၊ငွေရေးကြေးရေးမှာပေါ့..

ငွေရေးကြေးရေးမှာအရှုပ်အရှင်းလေးတေပေါ်တတ်တယ်ဖြေရှင်းစရာကိစ်စတချို့ပေါ်တတ်ပါတယ် ငွေကတော့ဝင်လိုက်ထွက်လိုက်နဲ့လက်ထဲရကုန်ဖစ်နေပါမယ်နော် ​ ငွေကြေးကံကောင်းတဲ့ထဲလဲမပါသလိုအဆိုးထဲလဲပါမနေပါပု ရိုးသားကြိုးစားလုပ်ကိုင်ရင်ငွေဝင်နေပါမယ်။

Universe message..
အနာဂါတ်ဟာကိုယ်မျှော်လင့်သလိုဖစ်မယ်တောက်ပမယ် ကိုယ်လုပ်ကိုင်နေတာတေက ဖစ်ထွန်းလိမ့်မယ်


2...စီးပွားရေးကံဟာ ကောင်းပါတယ် အခွင့်အလမ်းတေလဲပေါ်မယ် မနာလိုသူတေလဲရှိနေတတ်ပါတယ် ကိုယ်ရလာမယ့်အခွင့်အလမ်းကိုအကျိုးရှိရှိအသုံးချတတ်ရင်ကိုယ့်အတွက်ပိုပီးအသုံးဝင်လာပါမယ်နော် ကိုယ်စောင့်ဆိုင်းနေတဲ့လုပ်ငန်းတချို့စပီးလုပ်ကိုင်လာရတတ်မယ် ကိုယ်မျှော်နေတဲ့လုပ်ငန်းတေမှာအခွင့်အလမ်းတေရမယ် ၃ပါတ်၃လအတွင်းပေါ့ ရွေးချယ်စရာတေများနေရင်ကိုယ်ယုံကြည်ရာကိုရွေးပါ ကိုယ်ပိုင်စီးပွားရေးက ကိုယ့်အတွက်ပိုအကျိုးဖစ်ထွန်းစေမယ် အကျိုးပေးလုပ်ငန်းတေကတော့ အိမ်ဆောက်လုပ်ငန်း၊လက်မှုပစ်စည်းလုပ်ငန်း၊စက်ချုပ်၊ကိုယ်တိုင်ဦးဆောင်ပီးတနိုင်တပိုင်စလုပ်တဲ့လုပ်ငန်းမျိုးတေလဲလုပ်လို့ရပါတယ်။

ငွေကြေးကံလဲကောင်းပါမယ် ငွေဝင်မယ် ချမ်းသာနိုင်တယ် လတ်တလောလဲမိန်းမကြီးတယောက်ဆီကမုန့်ဖိုးဖစ်ဖစ်ရတတ်တယ် အကူအညီလိုလဲရတတ်တယ်။

အပူအပင်အနည်းငယ်တော့ရှိနေပေမဲ့ ကူညီမယွသူတေရှိတာမိ​​ု့အဆင်ပြေမယ် ။

Universe message...
Affirmationလေးတေရွတ်ပေး ငါကံကောင်းလာမယ် အဆင်ပြေလာမယ် ငါကကောင်းသောအရာတေနဲ့ထိုက်တန်တယ်ဆိုတာမျိုးလေးတေပေါ့ ကိုယ့်အတွက်ကိုယ်ရွတ်ဆိုပေးပါ...