နွေရာသီမှာဖြစ်ပေါ်လာမယ့် ခံစားချက်

နွေရာသီမှာဖြစ်ပေါ်လာမယ့် ခံစားချက်



1..စိတ်အေးချမ်းနေမှာမျိုးထက် စိတ်ကူးတွေ ၊ရည်မှန်းချက်တွေနဲ့တက်ကြွနေမှာပါ ။လုပ်ချင်တာတွေ ဖြစ်ချင်တာတွေများနေပြီး အမှန်တကယ်လည်းတစ်ခုပြီးတစ်ခု အချိန်မအားအောင်လုပ်ဖြစ်နေမှာပါ ။အရာအားလုံးက အစီအစဉ်ကျနေမှာမျိုးတော့မဟုတ်ပေမယ့် မင်းလုပ်ချင်တဲ့အရာတွေနဲ့ပဲ မင်းရဲ့အချိန်တွေကို မင်းစိတ်ကြိုက်ချယ်လှယ်ပြီးနေဖြစ်ပါလိမ့်မယ် ။မင်းရဲ့စိတ်ကလည်း အမြဲအတည်တကျရှိနေမှာမျိုးမဟုတ်ဘဲ ဟိုစပ်စပ်ဒီစပ်စပ်နဲ့ အတွေးတွေများ ၊အလုပ်တွေများနဲ့ပျော်ရွှင်နေမယ် ။

နောက် နွေဦးမှာ မင်းအတွက်'ကံဟာ အလုပ်'ဖြစ်တယ် ။မင်းကြိုးစားသမျှ မင်းလုပ်ဆောင်သမျှက အရာထင်ပြီးအဆင်ပြေနေမှာပါပဲ ။နွေဦးနဲ့အတူ အပြောင်းအလဲလေးတွေလည်း ရှိလာမှာဖြစ်တာမို့ ရင်ခုန်စွာနဲ့စောင့်နေလိုက်ပါ ။ဒီpileကို ရွေးထားသူတချို့နိုင်ငံရပ်ခြားထွက်ဖြစ်တာမျိုးလည်း ရှိပါမယ် ။တချို့ကတော့ နေရာဒေသအသစ်တစ်ခုကို သွားဖြစ်လိမ့်မယ် ။ဘာပဲဖြစ်ဖြစ် နွေဦးမှာတော့ မင်းရဲ့စိတ်ကလေးကောင်းကောင်းမွန်မွန်ရှိနေမှာ အသေအချာပါပဲ ။


2..ရာသီအသစ်တစ်ခုစတင်သလို မင်းရဲ့စိတ်ရောလူပါ အသစ်တစ်ခုလိုပေါက်ဖွားလာပါလိမ့်မယ် ။အရာရာကိုအသစ်ကပြန်စတင်ရသလို မင်းနဲ့ပတ်သက်တဲ့အရာရာတိုင်းက အပြောင်းအလဲလေးတွေ တဖြည်းဖြည်းချင်းရှိလာမှာပါ ။မင်းအတွက်အဆင်မပြေစေတဲ့အရာတွေ ၊မင်းအတွက်မကောင်းတဲ့အရာတွေအားလုံး ကျန်နေခဲ့မှာပါ ။မင်းကိုယ်တိုင်ကလည်း အဲ့ဒီအရာတွေကိုချန်ထားခဲ့မှာပါ ။နွေဦးဟာ မင်းအတွက် ကောင်းမွန်တဲ့လူတွေနဲ့ဆုံဆည်းစေနိုင်ပြီး ဆက်ဆံရေးအသစ်တွေဖြစ်တည်စေပါလိမ့်မယ် ။

မင်းကိုယ်တိုင်ကလည်း ပြီးခဲ့တဲ့အရာတွေထက် ခံစားချက်အသစ်တွေနဲ့ ရှေ့ဆက်ချင်နေမှာပါပဲ ။နောက် မင်းရည်ရွယ်ထားတာတွေကို နွေဦးမှာ အကောင်အထည်ဖော်ဖြစ်လိမ့်မယ် ။တချို့ ကောင်းမွန်တဲ့လမ်းကြောင်းတွေပေါ်ရောက်လာမှာဖြစ်သလို တချို့ လမ်းမှန်ရှာဖွေတွေ့ရှိနိုင်မယ့်နွေဦးပါပဲ ။စိတ်သစ်လူသစ်နဲ့ အေးအေးချမ်းချမ်းကလေးဖြတ်သန်းရမယ့် နွေဦးကို မကြာခင်ရောက်ရှိလာပါတော့မယ်