မင်းအတွက် february

မင်းအတွက် february




1..နေ့ရက်သစ်မှာလူရောစိတ်ရော ပိုပြီးကောင်းမွန်တဲ့အရာတခုကိုဦးတည်နေပါတယ် ပြသာနာတွေtoxicဖြစ်စေ ပူလောင်စေတဲ့အရာတွေကိုစွန့်ခွါပြီး မင်းရဲ့ပိုမိုကောင်းမွန်သောပြောင်းလဲခြင်းတွေကိုဦးတည်နေပါပြီ ဇွဲမလျှော့ပါနဲ့ ရဲရဲဆက်လျှောက်ပါ တချို့အရာတွေကနာရပေမယ့်ရဲရဲသာထားခဲ့ပါ နောက်လှည့်မကြည့်ပါနဲ့တော့


2..အေးအေးဆေးဆေးပါပဲ မင်းစိတ်သက်တောင့်သက်သာrelaxဖြစ်နေတယ် စိတ်ပျော်နေတယ်ဆိုပါတော့ ငွေကံသိသိသာသာတက်နေတယ် မင်းဟာမင်းနေရင်းတောင် မုန့်ဖိုးရ bonusရတာမျိုးရှိတတ်တယ် chilling timeလေးတွေလည်းတွေ့တယ် စိတ်ညစ်စရာ စိတ်ဆင်းရဲစရာမရှိတဲ့လလေးပါပဲ


3..ဒီလမှာတော့ မင်းအံ့ဩစရာ နာကျင်စရာ ပျက်ရယ်ပြုစရာတခုကိုတွေ့တယ် လူတွေနဲ့ပတ်သက်ပြီးပေါ့ သစ္စာဖောက်ခံရတာ နောက်ကျောဓားထိုးခံရတာမျိုး တခုခုကိုမင်းနောက်မှသိလိုက်ရတာမျိုးပေါ့ မင်းနာကျင်သလို ရယ်သွမ်းသွေးမိလိမ့်မယ် လူ့တို့ရဲ့အကြောင်းပါလားဆိုပြီး မင်းသိရှိရမှာတခုကြုံတွေ့ရလိမ့်မယ် ဘယ်အရာဖြစ်ဖြစ် ဆုံးရှုံးမှုနာကျင်မှုဖြစ်ပစေ သင်ခန်းစာလို့မှတ်ယူလိုက်ပါ