Me&Crush

Me&Crush



Pile1
Me-ကိုယ်ကလည်းသူ့ကိုစိတ်၀င်စားတယ် ..သူနဲ့ပျော်ပျော်ပါးပါးရှေ့ဆက်ချင်တာတွေ့ရတယ်..တချို့ကျတော့လည်း friendship ဖြစ်ဖို့အခွင့်အရေးလိုချင်နေတာတွေ့ရတယ်..

Crush-သူ့ဖက်က ကိုယ့်အပေါ် စပြီးစိတ်၀င်စားလာပြီလို့တွေ့ရတယ်..ကိုယ့်ကိုသတိထားမိလာတာမျိုးတွေရှိလာတယ်..တချို့လေးတွေက ဖလပ်တဲ့အဆင့်လေးတွေရောက်လာနေပြီလို့တွေ့တယ်နော်..

ဘာလုပ်သင့်လဲ-ဒီတိုင်းပဲ အဆက်အပြတ်စကားတွေဆက်ပြောပေးပါ..ကိုယ့်ဖက်က သူ့ကို ကြောက်သလိုလို မပြောချင်တာလိုလိုမဟုတ်ပဲ ပုံမှန်အတိုင်းလေးဆက်ပြီးစကားပြောကြည့်ပေးပါ..

ရှေ့ဆက်သင့်လား-ရှေ့ဆက်မယ်ဆိုရင် slow and steady လေးသွားပေးပါ..crush ဖက်က ဖြေးဖြေးချင်းသွားတတ်တဲ့ပုံဖြစ်ပြီး ကိုယ့်ဖက် emotional များနေတတ်တဲ့သူဖြစ်တာကြောင့် ကိုယ့်ရဲ့emotion ကလည်း ၂ယောက်ကြားက ဆက်ဆံရေးကို ထိခိုက်စေပါတယ်..

Outcome-နောက်တဆင့်တက်မယ်..crush ဖက်ကစဖွင့်ပြောနိုင်တယ်..နည်းနည်းတော့စိတ်လေးရှည်ပေးပါ..crush က တဆင့်ချင်း သွားတတ်တဲ့သူဖြစ်တာကြောင့် သီးခံပေးရမယ်လို့မြင်တယါ..


Pile2
Me-တချို့လေးတွေက ကိုယ်နဲ့သူ့ကြားတိုးတက်မှုလည်းမရှိတာကြောင့် မcrush တော့ဘူးလို့ဆုံးဖြတ်လိုက်တာ စိတ်ပိုင်းဖြတ်လိုက်တာမျိုးတွေ့ရတယ်..တချို့ကျတော့လည်း friendship အခြေအနေက ပြတ်တောက်သွားတာမျိုး ၂ယောက်ကြားထဲမှာ changes တခုခုဖြစ်နေတာတွေ့ရတယါ..

Crush-သူ့ဖက်ကတော့ ကိုယ်နဲ့ပတ်သက်ပြီး စကားပဲပြောဖြစ်နေတာ သူ့ဆီမှာကလည်း တခြားရွေးချယ်စရာ တခြားလုပ်စရာတွေရှိနေတာကြောင့် ဒီဖက်မှာတော့ အာရုံမရှိဘူးဖြစ်နေတယ်.

ဘာလုပ်သင့်လဲ-ဒီမှာက ကိုယ့်အတွေးနဲ့ကိုယ်စိတ်ရှုပ်နေရတာ ဘာမှမလုပ်ချင်မကိုင်ချင်စိတ်ဖြစ်နေတာတွေ့ရတယ်..တချို့လေးတွေကလည်း ငါနဲ့သူမဖြစ်နိုင်ဘူးဆိုအသဲကွဲနေတာတွေ့ရတယါ..ဒီအခြေအနေအတိုင်းတချက်စောင့်ကြည့်ပေးပါ..အရမ်းemotional ဖြစ်နေတာလျော့ပေးပါ..

ရှေ့ဆက်သင့်လား-ရှေ့ဆက်ဖို့အတွက်ကို မသေချာမရေရာတဲ့အခြေအနေလေးဖြစ်လို့ လက်ရှိအတိုင်းလေးဆက်သွားသင့်ပါတယါ..

Outcome-​crush ဖက်က ပြောင်းလဲလာပါလိမ့်မယ်..သူ့ဖက်ကနေစပြီး သဘောကျလာတတ်တာ ၂ယောက်ကြား အရင်ကထက် chemistry တော့မိလာနိုင်တယ်..ချစ်သူဖြစ်တဲ့အဆင့်တော့မရောက်သေးပါဘူးနော်..


Pile3
Me-ကိုယ့်ဖက်က အချိန်တခုထိစောင့်နေပေမယ့် ထူးခြားလာတာမရှိဘူးဖြစ်နေလိမ့်မယ်..ပြီးတော့တချို့လေးတွေက crush ဆီမှာနောက်တယောက်ရှိနေတာမျိုးသိလိုက်တဲ့အတွက် စိတ်ရှုပ်နေတ စိတ်ညစ်နေတာမျိူးတွေ့ရတယါ..crush နဲ့အဆင်ပြေချင်ပေမယ့် စိတ်က ​ေ၀းသွားမှာလည်းကြောက်နေတယ်..

Crush-တဖက်ကလေ သူ့အတိတ်ကသူဟာသူအဆင်ပြေနေတာတွေ့ရတယ်..တချို့crush က ကိုယ့်ဖက်ကို ပြတ်ပြတ်သားသားငြင်းထားတာတွေ့ရတယ်..

ဘာလုပ်သင့်လဲ-ကိုယ်က ပြတ်သားသင့်ပါပြီ..ကိုယ်နဲ့သူနဲ့ကြားရှေ့ဆက်ဖို့မတွေ့ရဘူးဆိုရင် ဆက်ကြိုးစားနေရင်တောင် အဆင်မပြေပါဘူးနော်..healing လေးလုပ်ပေးသင့်ပါတယါ..

ရှေ့ဆက်သင့်လား-ကိုယ်က ဒီမှာပဲကပ်တွယ်နေမယ့်အစားရှေ့ဆက်ပါ..တချို့ကျတောါလည်း ဖြတ်တောက်ခဲ့ပြီးပြီမလို့ ကိုယ့်အတွက်ပဲပျော်ပျော်ရွှင်ရွှင်ရှေ့ဆက်သွားနေတာတွေ့ရတယါ..

outcome-ပြီးခဲ့တာတွေတွေးပြီးစိတ်မညစ်ပါနဲ့..ကံမပါဘူးလို့မှတ်လိုက်ပါ..ကိုယ်က ကိုယ့်future /happy life ကိုပဲသွားဖြစ်တော့မယ်လို့တွေ့ရပါတယ်..move on လုပ်နိုင်သွားပါမယ်..