Your 2024 Story

Your 2024 Story



1... နိုင်ငံခြားကံတွေအရမ်းကောင်းနေပါတယ် သွားကိုသွားဖြစ်နိုင်တာကိုမြင်ရတယ် ပညာရေးနဲ့ပဲဖြစ်ဖြစ် အလုပ်အကိုင်နဲ့ပဲဖြစ်ဖြစ် အဆင်ပြေပြေ ကောင်းကောင်းမွန်မွန်နဲ့ ရောက်ရှိသွားပါမယ် အများကြီးသင်ခန်းစာတွေရပြီး ပိုမိုရင့်ကျက်သန်စွမ်းလာတယ် စတင်လုပ်ကိုင်ချင်တယ့်စီးပွားရေးတွေကို တကယ်အကောင်အထည်ဖော်လုပ်ကိုင်နေပါပြီ ကိုယ်တကယ်လိုချင်ပိုင်ဆိုင်ချင်တဲ့ ပစ္စည်းဥစ္စာတစ်ခုကိုဒီနှစ်မှာ ပထမဦးဆုံးအနေနဲ့ ရယူပိုင်ဆိုင်နိုင်ခွင့်ရှိလာတယ် စီးပွားရေးရင်းနှီးမြှုပ်နှံတွေ အရမ်းအကျိုးပေးတယ် တိုးချဲ့ရင်းတိုးချဲ့ရင်း တဖြည်းဖြည်းတဖြည်းဖြည်းနဲ့ ခိုင်မာကြီးမားတဲ့ စီးပွားရေးလမ်းကြောင်းတစ်ခုပေါ်ကို ရောက်ရှိသွားလိမ့်မယ် မစစ်မှန်တဲ့ချစ်သူနဲ့ လမ်းခွဲပြီး အချစ်စစ်နဲ့ ချစ်တဲ့စစ်မှန်တဲ့သူနဲ့ တွေ့ရတတ်တယ် နှစ်လယ်ပိုင်းမှာအလွန်ကံမြင့်နေတတ်ပြီး နှစ်ကုန်လောက်မှာ အကျိုးပေးတာလေးတွေ လျော့ကျသွားတတ်တယ်


2..အသစ်သောအသစ်သော ပုံစံတွေနဲ့ပြောင်းလဲသွားတာကို မြင်ရပါတယ် ဝတ်ပုံစားပုံ အနေအထိုင် အကျင့်တွေကအစ ပြောင်းလဲနေလိမ့်မယ် ပိုပိန်လာတယ် ကြည့်လို့ကောင်းလာတယ် အရမ်းတော်ပြီး ထက်မြက်လာတယ် အခွင့်အရေးတွေမြင်တတ်တယ် ပိုလည်ဝယ်ပါးနပ်လာတယ် ပညာရေးမှာ Scholarship ကံလေးတွေအရမ်းကောင်းတယ် အမှတ်ကောင်းတွေ အဆင့်ကောင်းတွေ ရတတ်တယ် ဒီနှစ်ထဲအတွင်းမှာ သင်ယူလေ့လာပြီး အဖိုးမဖြတ်နိုင်တဲ့ ဗဟုသုတတွေ အကြောင်းအရာတွေ သိတတ်လာလိမ့်မယ် အချစ်ရေးမှာဆို ကိုယ်ကချည်း အသာဖြစ်လာလိမ့်မယ် ကိုယ်ကပဲ Playတာမျိုးတွေလဲတွေ့ရတယ် ချစ်သူနဲ့ ရန်ဖြစ်ပြန်ချစ်ကိစ္စလေးတွေ ခဏခဏဖြစ်နေတတ်တယ် နှစ်စနဲ့နှစ်လယ်လေးမှာ ကံတွေမြင့်နေတတ်တယ် အောင်မြင်နေတတ်တယ် နှစ်ဆုံးလေးမှာ ကံလေးတွေပြန်ကျသွားတတ်တယ်


3..Energy တွေအပြည့်နဲ့ ပျော်ရွှင်ရွှင်လန်းပြီး လုပ်သမျှကြံသမျှ အောင်မြင်နေတယ် ငွေဝင်လမ်းတွေအရမ်းတွေရှိတယ် ထီပေါက်ကိန်းတွေရှိတယ် ဖြစ်ချင်တဲ့အိမ်မက်တွေတကယ် အကောင်အထည်ပေါ်လာတာကိုမြင်ရတယ် ပိုချောလာတာပိုလှလာတာကို သိသိသာသာတွေ့မြင်ရတယ် ကိုယ့်ကိုချစ်ခင်သဘောကြနှစ်သက်တဲ့သူတွေပေါများနေမယ် ကိုယ့်ရဲ့ရင်းနှီးကျွမ်းဝင်တဲ့သူက သစ္စာဖောက်တတ်တာမျိုးလေးလဲတွေ့ရတယ် မနာလိုပြီးလိုက်ပြိုင်နေတာလေးတွေလဲရှိတယ် Right Person နဲ့တွေ့ရလိမ့်မယ် ချစ်သူရှိတယ်ဆိုချစ်ရတဲ့သူနဲ့ အရမ်းပျော်ရွှင်ကြည်နူးနေရလိမ့်မယ် နှစ်စလေးမှာကံတွေအရမ်းတက်နေတာကိုတွေ့ရတယ် နှစ်လယ်လေးတွေမှာတော့ ကံလေးတွေကတံ့နေတတ်တယ် နှေးကွေးသလိုလိုလေး ကြာမြင့်နေတတ်သလိုလေးတွေ ရှိနေတတ်တယ်