blessing

blessing



Pile 1​လေးတွေက တည်ငြိမ်ခြင်း ရုပ်ပိုင်းဆိုင်ရာခွန်အား​တွေနဲ့ လက်တွေ့ကျကျအောင်မြင်တိုးတက်လာမယ့်အရာတွေကိုလက်ခံရရှိမယ် ။ ပစ္စုပ္ပန်မှာနေထိုင်ပါ အတိတ်နဲ့အနာဂါတ်အတွက်စိုးရိမ်ပူပန်ကြောက်ရွံမှုတေကိုlet goလုပ်ပါ။ အေးချမ်းတဲ့vibesလေးတွေရှိကြတယ်။ သဘာဝနဲ့တောတောင်ရေမြေတေကိုနှစ်သက်ခုံမင်တတ်ကြမယ်။စိတ်ဓာတ်ကျလာတာဖစ်ဖစ် စိတ်အဆင်မပြေစရာတေကြုံလာတာဖစ်ဖစ် Affirmationလေးတွေရွတ်ပါ။ Pile 1တွေရဲ့အတွင်းစိတ်ကိုယုံပါလက်ခံပါ။ကောင်းမွန်တဲ့အရာတွေကိုအပြုသဘောဆောင်သောနည်းဖြင့်တွေးပါဆွဲဆောင်ပါ။ ဒါဆိုBlessingအနေနဲ့ကောင်းမွန်တဲ့အရာတွေကိုယ့်ဆီဝင်ရောက်လာပါလိမ့်မယ်။


Pile 2လေး​တေက တိုးတက်အောင်မြင်မှု၊ဂုဏ်၊ရာထူး၊အဆင့်အတန်း၊ငွေကြေး၊အထင်ကြီးလေးစားခံရမှု၊ အိမ်၊ခြံ၊မြေအခွင့်အလမ်းတွေကို blessingအနေနဲ့လက်ခံရရှိပါလိမ့်မယ်။ ဘာဘဲလုပ်လုပ်မှန်ကန်စွာရိုးသားစွာလုပ်ဆောင်ပါ။သတိနဲ့အရာရာကိုဆင်ခြင်လုပ်ကိုင်မှသာ Pile2လေးတွေအတွက်အစစအရာရာတည်တံ့အဆင်ပြေအောင်မြင်လိမ့်မည်။


Pile 3လေးတွေက ​ပျော်ရွှင်စရာပွဲများ၊ မိတ်ကောင်းဆွေကောင်း​များ၊ Spiritguides တွေရဲ့လမ်းညွှန်မှုကောင်းများနဲ့ ကောင်းမွန်တဲ့အတွေးအကြံအယူဆများကိုblessingအနေနဲ့လက်ခံရရှိမည်။ အဆုံးမရှိသောပျော်စရာအခိုက်အတန့်အချိန်တွေကိုပိုင်ဆိုင်လာရမည်။ အဆိပ်မှန်းသိတဲ့အရာတချို့ကိုmove onပါ။ သင့်ရဲ့စိတ်နှလုံးအိမ်ထဲမှာကောင်းမွန်ဖြူစင်တဲ့အတွေးလေးတေကိုထုတ်ဖော်လုပ်ဆောင်ပါ။ကိုယ့်ကိုယ်ကိုယုံကြည်လက်ခံပါ။