မျှော်လင့်နေတဲ့အဆက်အသွယ်ပြန်ရမလား

မျှော်လင့်နေတဲ့အဆက်အသွယ်ပြန်ရမလား




No1: မင်းလိုချင်နေတဲ့အဆက်အသွယ်ပြန်ရနိုင်ပါတယ် ။သို့ပေမယ့် တစ်ဖက်ကဆက်သွယ်လာမှာကို စောင့်နေတာမျိုးထက် မင်းဖက်ကလည်း ကြိုးစားကြည့်သင့်ပါတယ် ။တစ်ဖက်လူကလည်း မင်းအကြောင်းတွေးနေတာ ၊သတိရနေတာတွေရှိပါတယ် ။သို့သော် သူ့ရဲ့မာနကြောင့် သူ့ဖက်ကစပြီးဆက်သွယ်ဖို့တွန့်ဆုတ်နေတာတွေ့ရတယ် ။နောက်ထပ် ၁လကနေ ၃လဝန်းကျင်မှာ ပြန်လည်အဆက်အသွယ်ရနိုင်ပါတယ်


No2:အဆက်အသွယ်ပြန်ရလိမ့်မယ် ။အချစ်ရေးအနေနဲ့ရွေးထားရင်တော့ တစ်ဖက်လူကမင်းနဲ့ပြန်ပြီးအသစ်ကနေစတင်ချင်နေတယ် ။သို့ပေမယ့် သူ့မှာမင်းကိုပြောပြလို့မရတဲ့အကြောင်းတွေ ရှိနေတတ်တယ် ။နောက် သူ့ဖက်ကပြန်ဆက်သွယ်လာဖို့ရှိပါတယ် ။သူလည်းမင်းကိုသဘောကျနေသေးတာတွေ့ရတယ် ။မင်းတို့နှစ်ယောက်ကြားထဲမှာ အနှောင့်အယှက်လေးတွေ ရှိနေတယ် ။၃ပွင့်ဆိုင်အချစ်ရေးမျိုး ကြုံရတတ်ပါတယ် ။အချိန်အနေနဲ့ ၈ပတ် သို့မဟုတ် ၈လအတွင်း ပြန်လည်ဆုံဆည်းရပါလိမ့်မယ် ။