ကိုယ့်ဘဝငြိမ်းချမ်းတိုးတက်ရာကိုရှာတွေ့ဖို့ဘာတွေလုပ်သင့်လည်း

ကိုယ့်ဘဝငြိမ်းချမ်းတိုးတက်ရာကိုရှာတွေ့ဖို့ဘာတွေလုပ်သင့်လည်း



1.. သင်ကအတွင်းစိတ် တက်ကြွတာကိုမြင်ရတယ်။ကိုယ်လုပ်ချင်တဲ့အလုပ်တွေက တခုထက်မနည်း အများကြီးဖြစ်နေလိမ့်မယ်။ သို့ပေမယ့် လူကမလိုက်မိပဲ စိတ်ကပဲရှေ့ဆက်တိုးနေမိပါလိမ့်မယ်။
အတွေးတွေသိပ်ကောင်းပေမယ့် အဲ့ဒီအတွေးတွေကို အကောင်အထည်ဖော်ဖို့က အချိန်လိုအပ်နေတယ်။သင့်မှာ ကိုယ်ပိုင်ရပ်တည်နိုင်စွမ်းအပြည့်အဝရှိတယ်။ငွေကံလည်းစပ်တယ်။အတွေးမလွန်နဲ့၊ကိုယ်လုပ်ရမယ့်အလုပ်တွေ ကိုယ်လုပ်ချင်တဲ့အလုပ်တွေကို တခုချင်းအကောင်အထည်ဖော်ပါ။လက်တွေ့လှုပ်ရှားပါလို့အကြံပေးပါရစေ။

2..သင်ဟာအလုပ်ကြိုးစားတတ်ပါတယ်။လက်မှုလုပ်ငန်းတွေ၊ငွေကြေးလုပ်ငန်းတွေမှာ တိုးတက်မှုရရှိပါလိမ့်မယ်။တခါတလေ သင်ကစိတ်ကြောင့်ပဲလူက ပင်ပန်းတတ်တယ်။သင့်အတွက်အဓိကကတော့ စိတ်ပေါ့လေ၊စိတ်ကျရင် ကိုယ်ပါကျသွားရော။အတွေးမလွန်ပါနဲ့၊မမှိုင်ပါနဲ့၊မထွေပါနဲ့၊လုပ်စရာရှိတာတွေကို တည့်တည့်မတ်မတ်ဆက်ကြိုးစားပါ။လက်မလျော့ပါနဲ့လိုအကြံပေးပါရစေ။


3..အလုပ်တခုလုပ်ပြီဆိုရေရှည်ကိုတွေးတတ်တယ်။သို့ပေမယ့် သင်တွေးမိတဲ့အတွေးတွေက ရေရှည်ကိုတွေးရာကနေ အတွေးလွန် အစိုးရိမ်လွန်တဲ့ဖက်ကိုရောက်သွားတတ်ပါတယ်။ငွေကြေးကိစ္စတွေနဲ့ပတ်သတ်ပြီး စိတ်ညစ်စရာတွေရှိရင်လည်း စိတ်ကိုအေးအေးထားပြီးဖြေရှင်းပါ၊အချိန်တန်ပြေလည်သွားမယ့်အရာတွေမို့ပါ။အဆိုးတွေကိုသိပ်မတွေးပါနဲ့၊စိတ်ကူးယဥ်တာတွေနဲ့ပဲအချိန်မကုန်ပါစေနဲ့လို့အကြံပေးပါရစေ။