မင်းနဲ့တွေ့ရတာ ရေစက်လား ၀ဋ်ကြွေးလား

မင်းနဲ့တွေ့ရတာ ရေစက်လား ၀ဋ်ကြွေးလား




Pile 1
တွေ့ဆုံခဲ့ရတာဟာဝဋ်ကြွေးတစ်ခုဆိုပိုပီးတော့
မှန်ပါလိမ့်မယ် ဘဝကြီးကမင်းနဲ့ပက်သက်ပီးတော့ရည်ရွယ်ချက်ရည်မှန်းချက်တွေမရှိတော့လောက်အောင်ထိကိုလမ်းပျောက်ခဲ့တယ် ဘာမှအရေးမပါဖူး
အသုံးမဝင်ဖူး တန်ဖိုးမရှိဖူးဆိုတဲ့စိတ်ခံစားချက်တွေဖြစ်လောက်တဲ့အထိကို အများကြီးနာကျည်းခဲ့ရတယ်
ခံစားချက်တွေနဲ့ပက်သက်ပီးတော့အများကြီးပေးဆပ်ခဲ့ရတဲ့အပေါ်မှာအများကြီးနာကျည်းခဲ့ရတဲ့အပေါ် အများကြီးကျော်ဖြတ်ခဲ့ရတဲ့အပေါ်မှာသုံးသပ်ကြည့်လိုက်တော့ မင်းနဲ့တွေ့ဆုံခဲ့ရတာဟာ ဖြစ်ပီးရင်ပျက်တဲ့
သဘောတရားကိုနားလည်လာသလိုဝဋ်ကြွေးဆိုတာကိုပိုပီးယုံကြည်လာတဲ့စကားနဲ့ညီမျှတယ် မင်းနဲ့တွေ့ရတာဟာ ဝဋ်ကြွေးတစ်ခုဆိုပိုပီးမှန်ကန်ပါလိမ့်မယ်


Pile 2
မင်းနဲ့တွေ့ဆုံခဲ့ရတဲ့အတွက်သင်ခန်းစာတွေအများကြီးရရှိခဲ့တယ် အားလုံးကြီးတော့လည်းမဟုတ်ပါဖူး ကောင်းတဲ့အရာတွေလည်းရှိသလို ဆိုးတဲ့အရာတွေလည်းရှိပါတယ် ပြန်ပြင်လို့မရတော့လို့ ဝေးကွာခဲ့တယ်ပီးဆုံးသွားခဲ့တယ်လို့ပဲပြောရမှာပေါ့ ဘယ်အရာတွေကမှအစတစ်ခုပြန်စလို့မရတော့ဖူး ဘယ်အရာကိုမှလုပ်ယူလို့လည်းမသင့်တော်တော့ဖူး သင်ခန်းစာတွေလည်းရရှိခဲ့တယ် ဖြစ်ပျက်တတ်တဲ့သဘောတရားကိုလည်းနားလည်လာတယ် တွေ့ဆုံခဲ့တဲ့အရာတစ်ခုကတော့ ဝဋ်ကြွေးကြောင့်လို့မထင်ပဲနဲ့မင်းနဲ့တွေ့ဆုံခဲ့ရတာက ကံကြမ္မာကဖန်တီးပေးတဲ့ရေစက်လေးတစ်ခုအဖြစ်ပဲမှတ်ယူထားလို့ရပါတယ်