ကိုယ်ကကော လူမှန်နဲ့တွေ့ပီး အချစ်ခံရမှာလား

ကိုယ်ကကော လူမှန်နဲ့တွေ့ပီး အချစ်ခံရမှာလား



1.. -တနေ့ဝတ်ဖြူစင်ကြယ်နဲ့အဖိုးကြီးတစ်ယောက်က သင့်ကိုကျောက်တိုင်သုံးတိုင်ရှိတဲ့အလယ်ကိုခေါ်သွားခဲ့တယ် အ့ကျောက်တိုင်တေရဲ့ကြားမှာသင့်ကိုရပ်ခိုင်းလိုက်တယ် ပီးတော့စောင်းတစ်လက်ကို လက်ဆောင်ပေးတယ် ပီးတော်မြေးလေးတဲ့ မြေးလေးရဲ့စိတ်တေကအခုကျောက်တိုင်သုံးတိုင်လိုဘဲ စိတ်တေများပီးအတွေးတေများနေတယ်တဲ့ မြေးအတွက်ဒီသုံးတိုင်ထဲကတစ်တိုင်က မြေးအတွက်ရွေးချယ်ရမယ့်တကယ့်အစစ်အမှန်တစ်ခုတဲ့ ဒါနဲ့သင်ကကျောက်တိုင်တေကတူနေတာလေ ဘယ်ဟာကိုရွေးရမှာလဲထပ်မေးလိုက်တယ်ဒါပေါ့ကျောက်တိုင်တေကတူတယ်လေ 

မတူတာကအချိန်ကြာလေဘယ်ကျောက်တိုင်ကငါ့မြေးတွက်ပိုပီးခိုင်မာလဲဆိုတာပေါ့တဲ့ မြေးလေးအခုပေးလိုက်တဲ့စောင်းလေးကိုတီးကြည့်တဲ့ မြေးလေးစိတ်တေသန့်စင်လာတဲ့အခါ အစစ်အမှန်ကိုရှာတွေ့လာလိမ့်မယ်တဲ့ နောက်အစစ်အမှန်ကမြေးလေးတွက် ဘဝတသက်တာ နားခိုလိူ့ရမယ့် ကျောက်တိုင်ပမာလူတဦးဖစ်လိမ့်မယ်တဲ့ ငါ့မြေးလေးကအချစ်ခံရမယ့်ကံပါတာပေါ့ ဒါမဲ့လျှောကိတဲ့လမ်းရွေးတဲ့လမ်းကမှားနေခဲ့တာလေတဲ့ အရာအားလူံးကငါ့မြေးအပေါ်မှာဘဲမူတည်တယ် မြေးလေးရဲ့အရိပ်မဲတေကိုဖယ်ပီး စိတ်ထားလေးကိုသန့်စင်ပီးမြေးလေးရဲ့အစစ်အမှန်လူကိုရှာဖွေလိုက်လို့ပြောပီး အဖိုးအိုလဲ တောထဲတနေရာကိုထွက်သွားလေသတဲ့


2..-တနေ့ အနောက်တိုင်းဆန်ဆန်အိမ်အကြီးကြီးထဲကို ငှက်လေးတစ်ကောင်ကသင့်ကိုခေါ်ဆောင်သွားသတဲ့ အ့အိမ်ရဲ့အခန်းတစ်ခုထဲမှာ ဖယောင်းတိုင်မှိန်မှိန်လေးထွန်းပီး ဒေါသကြီးစွာနဲ့ ဓားတိုလေးတချောင်းကိုကိူင်ကာ စာအိတ်စာရွတ်တေကိုထိုးဖြဲဖို့လုပ်နေတဲ့လူတဦးကိုသင်မြင်ခဲ့ရတယ် ဒါနဲ့ သင်လဲအနားကိုကပ်သွားပီး ဘာလို့စာရွက်တေကိုကြည့်ပီးဒေါသထွက်နေတာလဲတဲ့ ဒီချိန်မှာ ထိုသူကသင့်ကိုဘာမှမပြောဘဲ စာရွက်တေကိုဘဲ ဝမ်းနည်းစွာစိုက်ကြည့်နေသတဲ့ ဒါနဲ့သင်လဲဘာမှမဖြေပုထင်ပီး ပြန်အလှည့်မှာ ထိုသူက မတည်နိုင်တဲ့ကတိတေရယ် ဖစ်မလာတဲ့မျှော်မှန်းချက်တေရယ် မဖစ်နိုင်မှန်းသိရဲ့နဲ့ဖက်တွယ်မိတဲ့အရာတေကို ဖျက်စီးပစ်ချင်မိတယ်တဲ့ နောက်ဒါတေကိုပေးခဲ့တဲ့လူကိုလဲ ကလဲ့စားချေပီးပျက်စီးတဲ့ထိချေမွပစ်ချင်တယ်တဲ့ ဒါမဲ့ငါ့ရဲ့အတွေးတေဘဲတဲ့ ငါရဲ့အတွေးတေဘဲရှိနေခဲ့ပီး

 ဒီအိမ်ထဲကနေဘယ်မှမသွားနိုင်ပုတဲ့ ဒါကြောင့်မင်းလဲ မေ့သင့်တဲ့သူကိုမေ့ မျှော်လင့်ချက်ကြီးကြီးမားမားတေမထားနဲ့ အရာအားလုံးကိုကိုယ့်စိတ်အလိုကျဘယ်တော့မှဖစ်လာမှမဟုတ်ပု ဖစ်လာမယ်လို့ယုံထားရင်လဲဒါကစိတ်ကူးသပ်သပ်ဘဲ မင်းမှာမဖစ်နိုင်တဲ့အရာတေကိုတပ်မက်နေသ၍ မင်းအတွက်ပျော်ရွှင်စရာတေတဖြေးဖြေးပျောက်ကွယ်နေလိမ့်မယ် ဥပမာ-ငါ့လိုပေါ့ ထားပါတော့ ရော့ မင်းအတွက်စာလေးတစောင် ဒီအိမ်ကနေထွက်သွားပါတော့ ဒါနဲ့မင်းလဲ စာအိတ်လေးယူပီး အိမ်ကြီးထဲကနေထွက်လာခဲ့တယ် မင်းမျက်လုံးဖွင့်ကြည့်တဲ့အခါ ဒါကအိမ်မက်တခုဖစ်နေခဲ့တယ် ဒါမဲ့မင်းခေါင်းအုမ်းလေးဘေးမှာစာအိတ်လေးတခုရှိနေခဲ့တယ် စာထဲမှာရေးထားတာက "ကလေးရေ အဖိုးလိုပျော်ရွှင်ရမယ့်အရာတေကို မဖစ်နိုင်တဲ့အရာတေကိုမျှော်လင့်နေရင်းအပျက်စီးမခံပါနဲ့တဲ့ မင်းကအချစ်ခံထိုက်တဲ့ကလေးလေးပါတဲ့ မကျေနပ်ခြင်းတေကိုခဝါချပီး မေ့ပစ်ပီး မင်းအတွက်ပိုကောင်းတဲ့လမ်းကိုရွေးချယ်ပါတော့"တဲ့...


3..-တစ်စုံတစ်ယောက်ရဲ့စောင့်ကြည့်နေတယ်လို့ သင်ကဆက်တိုက်ခံစားနေရပီး တနေရာကိုစိတ်ပြေလက်ပျောက်ခရီးထွက်လာခဲ့တယ် မြန်မြန်ဆန်ဆန်ဘဲ အိမ်ခြံဝန်းကြီးထဲမှာပျော်ပါးနေတဲ့မိသားစုတခုကိုတွေ့ခဲ့ရတယ် ထူးဆန်းတာက အ့မိသားစုမှာရှိနေတဲ့ကလေးလေးကသင်ငယ်ငယ်ကပုံနဲ့တူနေတယ် သူ့ကို သူ့အဖိုးရယ် အဖေရယ်အမေရယ်ကထိုင်ပီးအကြင်နာမျက်လုံးတေနဲ့ကြည့်နေကြတယ် အ့ချိန်မှာသင်လဲထူးဆန်းတယ်ဆိုပီးအတွေးလွန်ပီးရပ်ကြည့်နေတုန်း အ့မိသားစုထဲကမိန်းမကသင့်ကိုလှမ်းကြည့်ပီးခေါ်လိုက်တယ် လာလေတဲ့ဘာလုပ်နေလဲတဲ့ အိမ်ထဲဝင်လာတဲ့ အရမ်းနွေးထွေးပီးကြင်နာတဲ့အသံကြောင့် သင့်ရဲ့စိတ်ထဲကခြောက်ခြားမှုတေနဲ့မျောလွှင့်နေတဲ့အတွေးတေကချက်ချင်းဆိုသလိုပျောက်ကွယ်သွားခဲ့တယ် ဒါနဲ့သင်လဲအိမ်ထဲဝင်သွားပီးသူတို့ရဲ့နွေးထွေးစွာဆက်ဆံတဲ့အကြင်နာတေအောက်မှာပျော်ရွှင်စွာနေထိုင်နေပီး 

သင့်ရဲ့ခြောက်ခြားကြောက်လန့်နေတဲ့စိတ်ကိုတောင်သတိရဖို့မေ့လျော့သွားခဲ့တယ် အရင်ကသင်ထင်နေတာကသင်တယောက်ထဲ သင့်ဘေးမှာဘယ်သူမှမရှိပုလို့ထင်နေခဲ့မယ်လို့မြင်မိတယ် ဒါကသင့်အတွေးသပ်သပ်သာဖစ်ပီး သင့်ဘေးမှာသင့်ကိုချစ်တဲ့မိသားစုအပေါင်းသင်း သူငယ်ချင်းတေကအများကြီးရှိနေခဲ့တာဘဲ အချစ်ခံနေရတာကငယ်ငယ်ထဲကဘဲလေ ဒါကိုကိုယ်ကအေးဆေးနေချငိတယ်တ​ယောက်ထဲလဲဖစ်တယ် ဆိုတဲ့စိတ်နဲ့အရာအားလုံးကိုမျက်ကွယ်ပြုခဲ့တယ် အဆုံးစွန်ပြောရမယ်ဆို သင့်ရဲ့အစောင့်ရှောက်နေကအစ အကုန်လုံးကသင့်ကိုချစ်ကြတယ် အချစ်ခံလေးပေါ့နော် အချစ်ရေးမှာလဲ လေလွှင့်နေတာရပ်ပီး အချစ်ခံလေးဆိုတာကိုမှတ်မိလိုက်ပါ အချစ်မခံရတာမဟုတ်ပါပူ အချစ်ခံယူဖို့ကိုကိုယ်တိုင်ကမယူတာပါ အချစ်လဲခံရမှာပါ တကယ်စစ်မှန်တဲ့သူနဲ့လဲဆုံရမှာပါ ဒါမဲ့နွားကြီးလေလွှင့်နေသလိုစိတ်မျိုး​ေတ့ာမဖစ်စေနဲ့ပေါ့...