ကိုယ်အရမ်းချစ်ခဲ့တဲ့သူအတွက် ကိုယ်က နံပါတ်ဘယ်လောက်လဲ

ကိုယ်အရမ်းချစ်ခဲ့တဲ့သူအတွက် ကိုယ်က နံပါတ်ဘယ်လောက်လဲ


Pile 1
ကိုယ်အရမ်းချစ်ခဲ့ရတဲ့သူအတွက် ကိုယ်က no 1 တော့မဖြစ်ခဲ့ဖူးဒါပေမယ့် သူ့ရဲ့စိတ်ထဲမှာကိုယ့်ကိုထင်ကျန်နေခဲ့တယ် ကိုယ့်ရဲ့နာမည်လေးကြားလိုက်တာနဲ့အော်သူကငါနဲ့ပက်သက်ခဲ့ဖူးတဲ့သူပါလားဆိုတဲ့စိတ်ခံစားချက်မျိုးကျန်နေခဲ့တာကိုတွေ့ရပါတယ်ကိုယ့်နာမည်ကြားလိုက်တာနဲ့အနဲငယ်ခဏလောက်လွမ်းသွားတဲ့ခံစားချက်မျိုးဖြစ်သွားတဲ့အထိကိုယ်ကသူ့ရဲ့ရင်ဘတ်ထဲမှာနေရာရှိတယ် ကိုယ့်ကိုတစ်နေရာမှာတွေ့လိုက်ရင်လည်း သူကငါပက်သက်ခဲ့ဖူးတဲ့တစ်စုံတစ်​ယောက်ပါလားဆိုတဲ့စိတ်နဲ့ ကိုယ့်ကိုအရင်တုန်းကပက်သက်ခဲ့ဖူးတဲ့လူတစ်ယောက်အနေနဲ့သူ့ရဲ့စိတ်ထဲမှာကျန်နေပါတယ်


Pile2
ကိုယ်ကသာအရမ်းချစ်ခဲ့ရပေမယ့်သူက ကိုယ့်ရဲ့အချစ်ကိုတန်ဖိုးမထားခဲ့ဖူးကိုယ့်ကိုနေရာပေးလို့ပေးရကောင်းမှန်းတောင်မသိခဲ့ဖူးပေါ့နော် ကိုယ်ကသူ့အတွက် no 1 လည်းမဖြစ်ခဲ့သလို ဘယ်နံပါတ်တစ်ခုမှမရခဲ့ဖူး ကိုယ်ပေးလိုက်တဲ့အချစ်တွေက အရမ်းချစ်ပေးတဲ့အခါမှာအပေါစားဆန်သွားပီးတော့ လူတစ်ယောက်ကအသိအမှတ်အပြုမခံရပဲနဲ့စော်ကားခံလိုက်ရတဲ့ချစ်ခြင်းမေတ္တာတွေပါပဲ


Pile 3
ကိုယ်ကသူ့အတွက်တော့ no 4 နေရာမှာရှိနေတယ်လို့ပြောလို့ရတယ် သူက တစ်ခါတစ်လေမှာဆိုလို့ရှိရင်
ကိုယ့်ကိုသတိရတယ် ဒါပေမယ့်ကိုယ့်ရဲ့ရှေ့မာသုံးနေရာလောက်ကသူ့အတွက်နေရာရှိနေသေးတယ်ပေါ့နော် ပြောရမယ်ဆိုလို့ရှိရင်ခပ်ပွေပွေခပ်ရှုပ်ရှုပ် လူထဲမှာပါတယ်လို့လည်းပြောလို့ရတယ် ဒါပေမယ့်ကိုယ့်ကိုဒီနေရာမှာထားပေးတယ်ဆိုတာတောင်မှကျေးဇူးတင်ရမလိုပေါ့နော် ဒီလိုပုံစံမျိုးလေးဖြစ်နေတယ် သူ့ရဲ့စိတ်ထဲမှာကိုယ့်ကိုစိတ်ရှင်းရှင်းနဲ့လူကောင်းတစ်ယောက်အနေနဲ့ဒီလိုနံပါတ်နေရာလေးမှာထားနေတယ်ဆိုတာနဲ့တင်ကိုယ့်အတွက်ကဝမ်းသာစရာပါပဲ

Pile4
ကိုယ်ကသူ့အတွက် no 1 ပါ သူ့အတွက်အချစ်ခဲ့ရဆုံးသူဖြစ်တယ် သူ့အနားမှာဘယ်သူပဲရှိနေရှိနေ သူ့အခုလက်ရှိအချိန်မှာလည်းသူ့ရဲ့အနားမှာဘယ်သူပဲရှိနေရှိနေ ကိုယ်ကသူ့အတွက်တော့ no 1 ပါပဲ ကိုယ်နဲ့ အကြောင်းရင်းမတိုက်ဆိုင်လို့ဘယ်လိုအခြေအနေမှမဖြစ်ခဲ့တော့ပဲနဲ့ကိုယ်ချစ်ခဲ့ရတဲ့သူတစ်ယောက်အနေနဲ့ရှိခဲ့ရပေမယ့်သူ့ရဲ့စိတ်ထဲမှာကိုယ်က no 1 အခုချိန်ထိလည်း no 1 တစ်ချိန်ချိန်မှာ အသက်ဘယ်လောက်ထိရောက်လာတဲ့အချိန်ဖြစ်ဖြစ်ပေါ့ အသက်ကြီးလာတဲ့အချိန်မျိုးမှာပဲဖြစ်ဖြစ် ကိုယ်ဟာသူ့အတွက်ကို no 1 နေရာမျိုးမှာရှိနေတဲ့အချစ်ရဆုံးသူပါပဲ