ဘယ်လို ဇာတာနဲ့ မွေးဖွားလာလဲ?

ဘယ်လို ဇာတာနဲ့ မွေးဖွားလာလဲ?




𝑃𝑖𝑐 1.....

ကိုယ့် ဇာတာမှာ ကြွယ်ဝမှု၊ အခွင့်အာဏာ၊ ပိုင်ဆိုင်မှုစည်းကမ်း

စတာတွေ ဖော်ပြထားတယ်နော်။

မိသားစု၊ ဒါမှမဟုတ် ဘယ်ရပ်ဝန်းမဆို ဦးဆောင်ခွင့် ရပါမယ်။

အရွယ်နဲ့ မလိုက်ဖက်အောင် ရင့်ကျက်မှု၊ စိတ်ဖိအားတွေ များခဲ့

လို့ သိုဝှက်ပြီး နေရတာကို အသက်ကြီးလေ နှစ်ချိုက်လေနော်။

မိတ်ဆွေရင်း ရှားလို့၊ လွယ်လွယ်နဲ့ ယုံကြည်မှု မပေးတတ်ဘူး။

ကိုယ့်ရာထူး နေရာကောင်း ရဖို့ အမြဲတမ်း အပင်ပန်းခံရပါမယ်


𝑃𝑖𝑐 2.....

လူချစ်လူခင် ပေါများပြီး လုပ်ယူစရာ မလိုတဲ့ အကြည်ဓာတ်မျိုး

ပိုင်ဆိုင်ထားတယ်ရယ်။ ကိုယ့်ကို မြင်တာနဲ့ ပျော်ရွှင်မှုရတာ

ခွန်းအားရှိတာ ထင်ပေါ်ပြီး ဂုဏ်ကျက်သရေ မြှင့်မားတဲ့သူနော်။

ထိုဇာတာအပြင် စေတနာကောင်း၍ ကံကောင်းခြင်းများလည်း

မကြာခန ခံစားရလေ့ ရှိတယ်နော်။

ကိုယ့်ဆီမှာ အညံ့တွေက အမြဲတမ်း မသက်ရောက်နိုင်ဘူးတဲ့။

ခရီးနဲ့ ပက်သက်ပြီး အကျိုးပေးတယ်။ အပူပင်ကင်း နည်းတယ်။


𝑃𝑖𝑐 3.....

နတ်မိမယ် တစ်ဦး၊ ကောင်းမှုများ ပြည့်ဝနေသူ တစ်ဦးဝင်စား

သူလို့ ဖော်ပြထားတယ်နော်။

သူများအတွက်ဆို ကိုယ့်ကိုကိုယ် မငဲ့ဘဲ စာနာ ဖြည့်ဆည်းပေး

သလို၊ ပျော်ရွှင်စေလိုတဲ့ စိတ်ကူး စိတ်သန်းတွေ ပြည့်နေတဲ့သူ။

ထို ကံဇာတာသည် ကောင်းပေမယ့် တစ်ခါတစ်လေ ကိုယ်ဆီ့

ပင်ပန်းမှု၊ တစ်ကိုယ်ထဲ ဝမ်းနည်မှုတွေ လူအများ မမြင်နိုင်ဘူး။

ပေးဆပ်ဖို့၊ ကုသိုလ်ပြုဖို့၊ အလင်းပြဖို့ မွေးဖွားလာခဲ့သူလေးနော်။