ဒီ ၁ပတ်အတွင်း ဘာတွေကြုံရမလဲ? ☘

ဒီ ၁ပတ်အတွင်း ဘာတွေကြုံရမလဲ? ☘



1..လုပ်စရာ အလုပ်တွေ များပြီး ကိုယ့်ကိုကိုယ် အချိန်မပေးနိုင်ပဲ
ဖြစ်တတ်တယ်။ ဒီ ၁ပတ်ထဲ စိတ်အတက်ကျ ဖြစ်လွယ်ပြီး
အတွေးများနေမယ်။ စိတ်ပျော်အောင် နေပါနော်။
အရေးမကြီးတဲ့ အရာအတွက် အချိန်အကုန် မခံပါနဲ့နော်။
ကျန်းမာရေး၊ အချစ်ရေး ဒီ ၂ခုမှာတော့ အဆင်ပြေနေပါတယ်။
အလုပ်နှင့် လူမှုရေးတွေ တာဝန်၊ ဖိအား များနေတတ်ပါတယ်။


2..စိတ်ရောကိုယ်ပါ အသစ်စတင်ခြင်းတွေ၊ အပြောင်းလဲ အသစ်
ဖြစ်လာမယ့် နိမိတ်၊ ကံအတက်ကျ ဖြစ်လွယ်မယ်။
ဒီ ၁ပတ်အတွင်း ကျန်းမာရေး ညံ့တတ်တယ်။ ထိုအရာတွေက
ဖြစ်ပြီးမှ အသစ်သစ်သော အနေထား ရမယ်။ ကောင်းမှုတွေ
များ" လုပ်ပေးပါနော်။ အဆက်သွယ်၊ သတင်းစကား အချို့လဲ
ကြားရနိုင်တယ်။ နေရောင်ခြည် ခံ ၊ သဘာဝနှင့် ထိတွေ့နော်။


3..ဒီ ၁ပတ်ထဲ ပျော်စရာတွေ ကြုံနိုင်တယ်။ မိသားစု၊ ငွေကြေးကံ
အဖက်ဖက်မှာ ဇာတာတက်သလို ခံစားနေရမယ်။
ပြီးတော့ ပျော်ပွဲရွှင်ပွဲ ကျင်းပရတတ်တယ်။ အချစ်ခံရနိုင်တယ်။
စိတ် ခံစားချက်တွေ လွတ်လပ်ပြီး ပေါ့ပါးနေပါတယ်နော်။
အစစအရာရာ အဆင်ပြေနေတယ့် ခံစားမှုတွေ ပြည့်ဝနေမယ်။
ကြည်နူးဖွယ်၊ ပျော်ရွှင်ဖွယ် ကံကောင်းနေတဲ့ ရက်တွေပါတဲ့နော်။